အပေါ်မှ ဘာသာစကားများကို သင်တွေ့ပါသလား။ ကျွန်ုပ်တို့သည် ကမ္ဘာ့အသံမှ သတင်းဆောင်းပါးများကို ဘာသာပြန်ခြင်းဖြင့် ကမ္ဘာ့ ပြည်သူသတင်း မီဒီယာကို လူတိုင်း လက်လှမ်းမှီနိုင်အောင် ပြုလုပ်ပါသည်။

ဆက်လက် လေ့လာရန် လင်ဂွါ ဘာသာပြန် စီမံကိန်း  »

နောက်ဆုံး သ​တင်း​အကြောင်းအရာ​များ

အီ​ရန်​အမျိုးသမီး​များ၊ ၁​၉​၇​၉​က​စ​သော ဟီ​ဂျပ်​ခေါင်း​ဆောင်း မ​ဆောင်း​မ​နေ​ရ​ဥပဒေ​ကို ဆန့်ကျင်​ခြင်း

အီ​ရန်​မှာ ခေါင်း​ဆောင်း​တွေ မ​ဝတ်​မ​နေ​ရ​ဝတ်​ရ​တာ​ကို အဆုံးသတ်​ဖို့ တောင်း​ဆို​တဲ့ အီ​ရန်​ကျောင်းသား​တွေ​ရဲ့ ဖေ့(စ်)ဘွတ်(ခ်)လှုပ်ရှား​မှု့​ကို လူ​ပေါင်း (၂​၆​၀⁠၀​၀)ကျော်​က ဆက်​သွယ်​ပါဝင်​ကြ​ပါ​တယ်။ အီ​ရန်​အမျိုးသမီး​တွေ ဆန္ဒ​ပြ​လာ​တာ ဆယ်​စု​နှစ်​သုံး​ခု​ရှိ​ပါ​ပြီ၊ ဒါပေမဲ့ လူ​မြင်​ကွင်း​မှာ လုံခြုံ​ရေး​အင်အား​တွေ​က အရှက်ရ​အောင် ထိန်းသိမ်း​တာ ခံ​နေ​ရ​တုန်း​ပါ​ပဲ။

ဘ​ရာ​ဇီး၊ ဆင်ခြေဖုံး​ဒေသ​များ​တွင် လူထု​အခြေ​ပြု သ​တင်း​အချက်အလက်​များ အား​ကောင်း

ခုတလောမှာ ဆော်ပိုလို ဆင်ခြေဖုံးဒေသတွေမှာ မွှေနှောက်ဖျက်ဆီးတဲ့ မီးလောင်မှုတွေဖြစ်ပွားပြီး[Pt] မြေရာဈေးနှုန်းတွေက မိုးထိမြင့်တက်နေတဲ့အချိန်မှာ လူထောင်ပေါင်းများစွာ အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ပါတယ်။ နောက်ဆုံးမီးလောင်မှု[en]ပြီးတဲ့နောက်မှာတော့ လူ၁⁠၁၀၀ကျော်က အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ပါတယ်။ ဆော်ပိုလိုဒေသခံတချို့က အချက်အလက်တွေကို လူထုအခြေပြုစုဆောင်းဖို့ နဲ့ လွန်ခဲ့တဲ့ရှစ်နှစ်က အဖြစ်အပျက်အခြေအနေတွေကို ခွဲခြမ်းစိတ်ဖြာလေ့လာဖို့ အများပိုင် စာရင်းဇယားတစ်ခုကို အသုံးပြုနေကြပါတယ်။

အရှေ့​တီ​မော၊ ခြင်​မ​လာ​ရန်​စီမံ​ထား​သော ဆေး​စိမ်​ခြင်ထောင်

မလေးရှား၊ အမျိုးသမီး​အလုပ်​သမား​များ​အား ခွဲ​ခြား​ဆက်ဆံ​မှု

မလေးရှားမှာ လူတိုင်းအတွက် ညီမျှပြီးတော့ လိင်အစရှိတာတွေပေါ်အခြေခံတဲ့ ခွဲခြားဆက်ဆံမှုတွေ မရှိဖို့ အာမခံမှုကို ကျွန်တော်တို့ လိုချင်ပါတယ်။ အစိုးရနဲ့ ပုဂ္ဂလိကလုပ်ငန်း နှစ်မျိုးလုံးမှာ အလုပ်သမားတိုင်းက ကျေနပ်ခံစားနိုင်မယ့် အာမခံမှုမျိုး ဖြစ်ရပါမယ်။ ဘလော့(ဂ်)ရေးသူ ချားလ်(စ်) ဟက်တာရဲ့အဆိုအရ မလေးရှားမှာ လိင်ခွဲခြားဆက်ဆံတာက[en] ရှိနေပါသေးတယ်။

အငြင်း​ပွား​ဖွယ် တိ​ဘက်​အပန်း​ဖြေ​ဥယျာဉ်​စီမံ​ကိန်း စတင်

တရုတ်အစိုးရက ကမ္ဘာလှည့်ခရီးသွားများကို ဆွဲဆောင်နိုင်ရန် ယွမ် ကုဋေပေါင်း (၃၀၀၀၀) (အမေရိကန်ဒေါ်လာသန်းပေါင်း (၄၇၀၀)) ကုန်ကျမည့် တိဘက်အပန်းဖြေဥယျာဉ် ကို စတင်တည်ဆောက်တော့မည်ဟု ယခင်လက ကြေညာခဲ့ သည်။ ဤဥယျာဉ်ကို ဝင်ချဲန်မင်းသမီးဟုခေါ်သည့် ရုပ်ရှင်ရိုက်ကူးရာတွင် ရိုက်ကွင်းအနေဖြင့် ပထမဆုံးအသုံးပြုမည် ဖြစ်သည်။

တောင်​ကိုး​ရီး​ယား၊ ဆမ်​ဆောင်း၊ အမျိုးသား​ချန်​ပီ​ယံ​လား၊ လုပ်​ငန်း​မိစ္ဆာ​လား

သေချာတယ်၊ ဆမ်ဆောင်းကို တချို့တွေက အမျိုးသားချန်ပီယံလို့ မြင်ကြလိမ့်မယ်၊ ဒါပေမဲ့ စံပြုလုပ်ငန်းမိစ္ဆာလို့ မြင်မယ့်သူတွေလည်း အများကြီးပဲ၊ နောက်ပြီး အကြောင်းပြချက်မရှိဘဲ အဲလိုမြင်နေတာတော့ မဟုတ်ဘူး[en] အယ်ပဲ(လ်)နဲ့ ဖြစ်နေတဲ့ မူပိုင်ခွင့်အတွက် တရားရင်ဆိုင်မှုစစ်ပွဲမှာ ဆမ်ဆောင်းကို ထောက်ခံအားပေးသူ တောင်ကိုးရီးယားလူမျိုးတွေရှိနေသေးတယ်ဆိုတာကို ပြတဲ့ စစ်တမ်းတစ်ခုအကြောင်း ရောဘတ် ကိုအယ်ဟလာက သူ့ဘလော့(ဂ်)မှာ...

၂​၀​၁​၂ ပါ​ရာ​လံ​ပစ်၊ အောင်မြင်​သော​နိဒါန်း၊ ချီး​ကျူး​ဖွယ် ဇာတ်​လမ်း

လန်ဒန်​ဗုံး​ဖောက်ခွဲ​မှု​က​နေ လွတ်မြောက်​ရှင်​သန်​လာ​တဲ့ မာ​တင်​ရိုက်၊ လွန်​ခဲ့​တဲ့ လ​အနည်းငယ်​တုန်း​က ရေ​မ​ကူး​နိုင်​ခဲ့​တဲ့ ပထမ​ဆုံး မြောက်​ကိုး​ရီး​ယား​က ယှဉ်​ပြိုင်​တဲ့ ရင်(မ်)ဂျူ​ဆောင်​နှင့် ငါးမန်း​ကိုက်​ခံ​ရ​မှု​က​နေ လွတ်မြောက်​လာ​တဲ့ ဟယ်​ဆီ​ရမ် အက်(ချ်)မတ်။ ပါ​ရာ​လံ​ပစ်​အား​ကစားသမား​ထဲ​က​နေ တ​ခုတ်​တ​ရ​ရှိ​နေ​မယ့် လူ​တချို့​ပါ။

မြန်မာ၊ သ​ဘာ​ဝ​ဘေး​အန္တရာယ်​များ​ကြောင့် အာမခံ​ဝယ်​ယူ​သူ​များပြား

တခြားနိုင်ငံတွေနဲ့ ယှဉ်ရင် အရမ်းနည်းနေသေးပေမဲ့လည်း မြန်မာပြည်မှာ သဘာဝဘေးအန္တရာယ်တွေကြောင့် အာမခံဝယ်ယူသူတွေများလာတဲ့အကြောင်းကို ကိုကိုအောင်က ဘလော့(ဂ်)ရေးသားထားပါတယ်။

တာ​ဂျစ်​ကစ္စတန်၊ ဖေ့(စ်)ဘွတ်(ခ်)ပေါ်​မှ နိုင်ငံ​ခြား​သား​ကြောက်ရွံ့​မှု

(ကျွန်တော်တို့) ခင်ဗျားတို့ရဲ့ လူမှုအသိုင်းအဝိုင်း၊ ပိုပြီးတိတိကျ⁠ကျပြောရရင် အင်တာနက်သုံးခွင့်ရှိပြီး လူမှုကွန်ယက်တွေကို တက်တက်ကြွကြွ အသုံးပြုနေတဲ့ ကျွန်တော်တို့ရဲ့ လူမှုအသိုင်းအဝိုင်းမှာ အခြေအနေမကောင်းတဲ့ မျိုးချစ် ယုံကြည်မှုတွေ ကျယ်ပြန့်ပြီး အားကောင်းလာနေတာကို မြင်⁠မြင်နေရတယ်ဗျာ။ ဘလော့(ဂ်)ရေးသူတစ်ဦးဖြစ်တဲ့ ဟာဆဗွာ တာဂျစ်ကစ္စတန်မှာ အထူးသဖြင့် နိုင်ငံ၏ ဖေ့(စ်)ဘွတ်(ခ်)အသုံးပြုသူများအကြားတွင် မြင့်တက်လာသော နိုင်ငံခြားသားကြောက်ရွံ့မှုကို ချင့်ချိန်ပြခဲ့[ru]သည်။

တာ​ဂျစ်​ကစ္စ​တန်၊ တက္ကသိုလ်​များ​မှ လာဘ်​စား​ခြင်း​နှင့် နက်(ခ်)တိုင်​များ

အခုတော့ ကျောင်းသားတွေက တက္ကသိုလ်ဝင်ခွင့်ရဖို့ လာဘ်တွေပေးပြီး ဒီပလိုမာ ရရုံလေးပဲ စာသင်တယ်၊ ဒါပေမဲ့ စာသင်ခန်းတွေထဲမှာတော့ နက်(ခ်)တိုင်တွေကို ပျော်ပျော်ကြီး ဝတ်နေကြပါတယ်။ တယ်မူအာ မင်ဂလိ(ဗ်)က ဒီနှစ်ပိုင်းတွေမှာ တာဂျစ်ကစ္စတန် ကောလိပ်နဲ့ တက္ကသိုလ်တွေမှာ နေရာဝင်ယူလာတဲ့ အပြောင်းအလဲတွေအကြောင်းကို အနှစ်ချုပ်ပြ[ru]ထားပါတယ်။

ကျွန်ုပ်တို့နှင့် ပူးပေါင်းပါ

ပါ၀င်လိုပါက ဤနေရာကို နှိပ်ပါ။ သင်၏ မိခင်ဘာသာစကားသည် မြန်မာစကားဖြစ်ပါက ကျွန်ုပ်တို့နှင့် ပါ၀င်နိုင်ပါသည်။