နောက်ဆုံး သတင်းအကြောင်းအရာများ
တရုတ်၊ ဒေသဖြတ်ကျော် ဆင်ဆာ စည်းမျဉ်းအသစ်
တို့ဟူးဝန်ကြီးဌာန (ဝက်(ဘ်)ဆိုက်)က ကျင်းကောင်က ဖူကျန့်အစိုးရအရာရှိ လာဘ်စားတာကို ဖော်ပြတဲ့ သတင်းဆောင်းပါတစ်ခု ထုတ်ဝေခွင့်ကို ပိတ်ပင်ဖို့အတွက် ဖူကျန့်အစိုးရက သူ့ရဲ့မသန့်ရှင်းတဲ့လက်တွေကို ယူနန်အစိုးရဆီ လက်ဆင့်ကမ်းလိုက်ပုံကို ရှင်းပြ[en]ထားပါတယ်။
ကမ္ဘောဒီးယား၊ ကောက်ကျစ်သော ခမာအာဏာရှင်လက်အောက်မှ ဘဝ
ကျွန်တော်က ၁၉၇၇ခုနှစ်မှာ မွေးတာ။ အမေကပြောဖူးတယ်၊ ကျွန်တော့်အတွက် အစားအစာရှာရဖွေရတာ အရမ်းဒုက္ခရောက်တယ်ဆိုပြီးတော့။ သူတို့တွေက လူတွေကို လယ်ကွင်းတွေထဲမှာ အလုပ်လုပ်ဖို့ အတင်းခိုင်းပြီး ဆန်ပြုတ်တစ်ပန်းကန်ကလွဲပြီး တခြားဘာမှ စားခွင့်မပေးဘူးလေ။ ပို(လ်)ပေါ့ရဲ့ လက်ထက်ပေါ့။
ဂျပန်၊ ဂျပန်-ကိုးရီးယား အနာဂတ်ဆက်ဆံရေးကို အခမဲ့ပွေ့ဖက်ခြင်းများဖြင့် ပုံဖော်ကြည့်ခြင်း
ကိုရီးယားမှာ ဂျပန်လူငယ်တစ်ဦးက ရိုက်ခဲ့တဲ့ "အခမဲ့ပွေ့ဖက်ခြင်း" ဗီဒီယိုတစ်ခုက ဒီနွေရာသီမှာ စိတ်ဝင်စားစရာတစ်ခု ဖြစ်လာပြန်ပါတယ်။ ဖန်တီးတဲ့လူရဲ့ ရည်ရွယ်ရင်းကတော့ "ဂျပန်နဲ့ တောင်ကိုရီးယားအတွက် အနာဂတ်မျှော်လင့်ချက်ရှိတယ်ဆိုတာ သက်သေထူဖို့"ပဲ ဖြစ်ပါတယ်။ နေ့တိုင်း သတင်းဌာနတွေက တင်ပြနေတဲ့ နိုင်ငံနှစ်ခုကြားက ဆိုးရွားလာနေတဲ့ နိုင်ငံတကာ ဆက်ဆံရေးက နောက်ပိုင်းမှာ ငြင်းခုန်စရာဖြစ်လာနေပါတယ်။
ဂျော်ဒန်၊ လွှတ်တော်က အင်တာနက် ကန့်သတ်ချက်များကို အတည်ပြုလိုက်၍ ညည်းတွားမြည်တွန်သောနေ့
ဒီနေ့[၂၀၁၂၊ စက်တင်ဘာ (၁၂)ရက်နေ့]မှာ အင်တာနက်လွတ်လပ်ခွင့်သေဆုံးတာကို ဝမ်းနည်းကြောင်း ထုတ်ဖော်ဖို့ လွှတ်တော်အပြင်ဘက်မှာ ဈာပနာအခမ်းအနားအတုတစ်ခုကို ဂျော်ဒန်လူမျိုး ကွန်ယက်နိုင်ငံသားတွေက ကျင်းပခဲ့ပါတယ်။ လွှတ်တော်ထဲမှာတော့ ကိုယ်စားလှယ်တွေက လွတ်လပ်စွာထုတ်ဖော်ခွင့်ကို ရပ်တန့်ပစ်မယ့် ပုံနှိပ်ထုတ်ဝေရေးဥပဒေအသစ်ကို အတည်ပြုလိုက်ပါတယ်။
လစ်ဗျား၊ စိတ်မကောင်းပါဘူး ခရစ်(စ်)ရယ် ၊ ဘန်ဟာဇီက မင်းကို အကာအကွယ် မပေးနိုင်ခဲ့ဘူး
သံတမန် ခရစ္စတိုဖာ စတီဗင်(စ်)အပါအဝင် အမေရိကန်လူမျိုး လေးယောက်အသတ်ခံရတဲ့ အမေရိကန်ကောင်စစ်ဝန်ရုံးအတိုက်ခံရတဲ့အပေါ်မှာ ဆန္ဒပြဖို့ စက်တင်ဘာ (၁၂)ရက်နေ့က ဘန်ဟာဇီက အယ်(လ်)ရှာဂျာရာ ရင်ပြင်မှာ လစ်ဗျားလူမျိုး လူတစ်စု စုရုံးခဲ့ကြပါတယ်။
တရုတ်၏ အာဖရိကမူဝါဒ ကျဆုံးပြီလော
တရုတ်သတ္တုတွင်းသူဌေးက လုပ်သားတွေရဲ့သတ်ဖြတ်ခြင်းခံခဲ့ရတယ်ဆိုတဲ့ သတင်းက တရုတ်နက်တီဇင်တွေရဲ့ စိတ်ဝင်စားမှုကို ဖမ်းစားခဲ့တဲ့အပြင် နှစ်နိုင်ငံလုံးမှာရှိတဲ့ လုပ်ငန်းအခြေအနေတွေကို နှိုင်းယှဉ်ပြီး အာဖရိကအပေါ်ထားတဲ့ တရုတ်ရဲ့ "ဖွံ့ဖြိုးရေးအကူအညီ သံခင်းတမန်ခင်း" မူဝါဒကို မေးခွန်းထုတ်ဖို့ သတိပေးခဲ့ပါတယ်။
ဟောင်ကောင်မှ ကိုယ်တိုင်ဆင်ဆာဖြတ်မှု
ကျုံးနန်ဟိုင်က အာရှအမေရိကန် ဂျာနယ်လစ်အဖွဲ့အစည်းရဲ့ စကားဝိုင်းဆွေးနွေးပွဲက ဟောင်ကောင်မှာရှိတဲ့ ကိုယ်တိုင်ဆင်ဆာဖြတ်မှုနဲ့ပတ်သက်တဲ့အခြေအနေကို ဖော်ပြခဲ့ပါတယ်။ အဲဒါတွေထဲက တစ်ခုကတော့ ဟောင်ကောင်မီဒီယာဂေဟဗေဒက “ပြည်မအတွေးအခေါ်သွတ်သွင်းမှုပြုခြင်း”ပဲ ဖြစ်ပါတယ်။ ဂျာနယ်လစ်ဟောင်းတစ်ဦးဖြစ်ပြီး လာမယ့် ဥပဒေပြုရေးကောင်စီရွေးကောက်ပွဲအတွက် ရွေးကောက်ခံအမတ်လောင်းတစ်ဦးဖြစ်တဲ့ ကလောဒီယာမိုက တင်ပြရှင်းလင်းခဲ့တာပါ။
ဂျပန်၊ ဖူကူရှီးမားမှ အမျိုးသမီးများက အဏုမြူစွမ်းအင် ဆန့်ကျင်ရေးအတွက် စုရုံး
၂၀၁၂ခုနှစ်၊ ဩဂုတ်လ(၂၉)ရက်နေ့က ပြုလုပ်တဲ့ ဖူကူရှီးမားအမျိုးသမီး တွေ့ဆုံပွဲတစ်ခုမှာ အဏုမြူစွမ်းအင်နဲ့ပတ်သက်တဲ့ ဂျပန်ရဲ့ ပေါ်လစီကို ပြောင်းလဲဖို့အတွက် စုစည်းတဲ့အဖွဲ့ကို မဲပေးဖို့[ja]အတွက် ကုလသမဂ္ဂဝန်ထမ်းဟောင်း ခါအိုရီ အီဇုမိက တောင်းဆိုလိုက်ပါတယ်။
ပီရူး၊ အိုတူဇကိုအတွက် အကူညီပေးရန် လူငယ်များ စုစည်း
ကမ္ဘာ့အသံရဲ့ ပါဝင်ပံ့ပိုးသူတစ်ဦးဖြစ်တဲ့ ဂယ်ဘီရီလာ ဂါစီယာ ကယ်(လ်)ဒရွန်က သူတူတော်သူက ပီရူးနိုင်ငံမြောက်ပိုင်း အိုတူဇကိုဒေသမှာရှိတဲ့ လူအစုအဝေးသုံးခုကို အကူအညီတွေယူသွားပေးဖို့ စတင်တဲ့ လှုပ်ရှားမှုအကြောင်းကို ဘလော့(ဂ်)ရေးထား[es]ပါတယ်။ ဒီတခုတ်တရမှတ်သားသင်တဲ့ စတင်လှုပ်ရှားမှုမှာ စေတနာ့ဝန်ထမ်းအနေနဲ့ပါဝင်နေတဲ့ လူငယ်အုပ်စုလေးက ဘယ်ထောက်ပံ့မျိုးမှ မပါဘဲ သူတို့ဘာသာလှုပ်ရှားနေတဲ့အကြောင်းကိုလည်း ထောက်ပြခဲ့ပါတယ်။
ဟောင်ကောင်၊ အမျိုးသားပညာရေးက ဘာကြောင့် ကြောက်ဖို့ကောင်းရသလဲ
တရုတ်မီဒီယာစီမံကိန်းက ဟောင်ကောင်တရုတ်တက္ကသိုလ်ရဲ့ အစိုးရနဲ့ပြည်သူ့အုပ်ချုပ်ရေးဋ္ဌာနက ပါမောက္ခ ချိုပိုချွန်းရဲ့ မှတ်တမ်းတစ်ခုကို ဘာသာပြန်ထား[en]ပါတယ်။ တရုတ်အစိုးရကျောင်းတွေရဲ့ “အမျိုးသားပညာရေး”နဲ့ပတ်သက်တဲ့ သူရဲ့ (၁၆)နှစ်စာအတွေ့အကြုံကို ထင်ဟပ်ပြထားတာပါ။