အပေါ်မှ ဘာသာစကားများကို သင်တွေ့ပါသလား။ ကျွန်ုပ်တို့သည် ကမ္ဘာ့အသံမှ သတင်းဆောင်းပါးများကို ဘာသာပြန်ခြင်းဖြင့် ကမ္ဘာ့ ပြည်သူသတင်း မီဒီယာကို လူတိုင်း လက်လှမ်းမှီနိုင်အောင် ပြုလုပ်ပါသည်။

ဆက်လက် လေ့လာရန် လင်ဂွါ ဘာသာပြန် စီမံကိန်း  »

နောက်ဆုံး သ​တင်း​အကြောင်းအရာ​များ

ဆော်ဒီအမျိုးသမီးအာကစားသမားများ – အိုလံပစ်မှအပြန် တွစ်တာမုန်တိုင်းထန်

အိုလံပစ်မှ ထွက်ခွာခဲ့ရပြီးနောက်မှာ ဆော်ဒီအားကစားသမိုင်းမှာ ပထမဆုံးနဲ့ နှစ်ယောက်တည်းဖြစ်တဲ့ ဆော်ဒီအမျိုးသမီး ပြေးခုန်ပစ်ကစားသမားတွေဖြစ်တဲ့ ဆာရာအတ္တာနဲ ဝိုဒန် ရှဟာခါနီတို့က တွစ်တာရပ်ဝန်းမှာ ပြင်းထန်တဲ့ တုံ့ပြန်မှုတွေကို ရရှိခဲ့ပါတယ်။ ဟိုင်ဖာ အယ်(လ်) ရာရှိ(ဒ်)က စိတ်ဓာတ်ခွန်အားကနေ အရှက်နဲ့ သိက္ခာမဲ့တယ်ဆိုတဲ့ အကြောင်းအရာတွေအထိ ကွဲပြားနေတဲ့ တုံ့ပြန်မှုတွေကို နမူနာပြထားတာ ဖြစ်ပါတယ်။

အဆဲန့်(ချ်) နိုင်ငံ​ရေး​ခိုလှုံ​မှု​အတွက် အီ​ကွေ​ဒေါ​၏ တုံ့​ပြန်​မှု

"နိုင်ငံ​ထဲ​မှာ​ကျ မ​ရှိ​တဲ့ လွတ်လပ်​စွာဖော်​ပြ​ခွင့်​အကြောင်း​ကို သူ​တို့​အရမ်း​ပြော​နေ​ကြ​တယ်။" အီ​ကွေ​ဒေါ​လူ​မျိုး နက်​တီ​ဇင်​တစ်​ယောက်​က ဝီ​ကီ​လိ(ခ်)တည်ထောင်​သူ​ကို အစိုးရ​က နိုင်ငံ​ရေး​ခိုလှုံ​ခွင့်​ပေးလိုက်​တာ​နဲ့ ပတ်သက်​ပြီး ဝေဖန်​ထား​ပါ​တယ်။ တချို့​တွေ​ကတော့ ဒီ​ထူးခြား​တဲ့​လှုပ်ရှား​မှု​အတွက် ပျော်ပွဲ​ဆင်​နွှဲ​နေ​ကြပါတယ်။

ကမ္ဘောဒီးယား၊ ခမာ​ဘာသာ​စကား စာအုပ်​များ အွန်​လိုင်းပေါ်ရောက်

ကမ္ဘောဒီးယားမှ ခမာစာအုပ်များ[en]နှင့် သင်ကြာရေးပစ္စည်းများ ၅ဝထက်မနည်းကို နိုင်ငံတကာသုတေသနအတွက် ဒစ်ဂျစ်တယ်စာကြည့်တိုက်[en]က လွှင့်တင်ပေးခဲ့သည်။

မလေးရှား၊ ဆန္ဒ​ပြ​ပြီး​နောက်​တွင် ဝက်(ဘ်)ဆင်​ဆာ​ဥပဒေ​ကို သုံးသပ်​ရန် မလေးရှား​အစိုးရ ကတိ​ပြု

နက်​တီ​ဇင်​တွေ​စုစည်း​ခဲ့​တဲ့ အွန်​လိုင်း​ဆန္ဒ​ပြ​မှု​ကို တုံ့​ပြန်​တဲ့​အနေ​နဲ့၊ ဝေဖန်​သူ​တွေ​က နိုင်ငံ​ထဲ​က အင်​တာ​နက်​လွတ်လပ်​ခွင့်​ကို ကန့်သတ်​တယ်​လို့​ပြော​ကြ​တဲ့ အငြင်း​ပွား​ဖွယ် ဥပဒေ​ပြင်ဆင်​ချက်​ကို မလေးရှား​အစိုးရ​က ပြန်လည်​သုံးသပ်​မယ်​လို့ ဆို​ပါ​တယ်။

ထိုင်​ဝမ်​နိုင်ငံ​ရဲ့ အလံ​ဘယ်​မှာ​လဲ

ဟောင်ကောင်၊ ထိုင်ဝမ်နှင့် မကာအိုက တက်ကြွလှု့ပ်ရှားသူတွေက ဩဂုတ်၁၅ရက်နေ့က သောက်ရွီးကျွန်းကို ရောက်ရှိလာပါတယ်။ တရုတ်ပြည်မကြီးက မီဒီယာတွေက အငြင်းပွားဖွယ်ကျွန်းကို တရုတ်ရဲ့မြေပိုင်နက်အဖြစ် သတ်မှတ်တာကို ရေးသားတင်ပြနေကြပြီး ထိုင်ဝမ်နိုင်ငံရဲ့အလံက သတင်းဌာနတော်တော်များ⁠များမှာ ပျောက်ကွယ်နေပါတယ်။ တရုတ်မီဒီယာစီမံကိန်းက အဲဒီသတင်းကို မီးမောင်းထိုး[en]ပြခဲ့ပါတယ်။  

မော်​ရို​ကို၊ ကျောင်းသား​များ ပညာ​ရေး​ပြုပြင်​ပြောင်းလဲ​ရန်​အတွက် တောင်း​ဆို

ဂျူ​လိုင်​တွင် မော်​ရို​ကို​ကျောင်းသား​တစ်​စု​က "ပညာ​ရေး​စနစ်​ကို ပြောင်းလဲ​မည့် မော်​ရို​ကို​ကျောင်းသား​သမဂ္ဂ"လို့ ခေါ်​တဲ့ ဖေ့(စ်)ဘွတ်(ခ်)စာ​မျက်နှာ​ကို စတင်​ခဲ့​ကြ​ပါ​တယ်။ တစ်​လ​မ​ပြည့်​ခင်​မှာ​ပဲ လူ​မှု​ကွန်​ယက်​ကို သုံး​တဲ့ မမျှော်​လင့်​ဖူး​တဲ့ ထောက်ခံ​မှု​ကို ရ​ရှိ​ခဲ့​ပါ​တယ်။

မက္က​စီ​ကို: ငြိမ်း​ချမ်း​ရေး​အတွက် ပန်းထိုး​ခြင်း

ဂွာဒလာဂျာရာ၊ မွန်​တယ်​ရီ​နဲ့ မက္က​စီ​ကို​စီး​တီး​အစ​ရှိ​တဲ့ မြို့​တွေ​မှာ အသက်အရွယ်​မ​ရွေး ယောက်ျား၊ မိန်းမ​တွေ​က အဖြူ​ရောင်​လက်ကိုင်​ပဝါ​တွေ​မှာ မက္က​စီ​ကို မူး​ယစ်​စစ်​ပွဲ​ရဲ့ သားကောင်​တွေ​နာမည်​ကို ပန်း​ချည်​ထိုး​ဖို့ စုရုံး​ခဲ့ကြပါတယ်။

မြန်မာ၊ ရို​ဟင်​ဂျာ​ဘက်​သို့ မီ​ဒီ​ယာ​များ​ဘက်​လိုက်​မှု​ကို ပြောဆို​ခြင်း

နိုင်ငံ​ရဲ့ အနောက်​ပိုင်း​မှာ နေထိုင်​ကြ​တဲ့ ရို​ဟင်​ဂျာ​တွေ​နဲ့ ပတ်သက်​ပြီး မြန်မာ​ပြည်​မှာ အမြင်​အမျိုး​မျိုး​ကွဲပြား​နေ​ပါ​တယ်။ လူ​အခွင့်အရေး​အုပ်စု​တွေ​က ရို​ဟင်​ဂျာ​တွေ​နှင့် ရခိုင်​လူ​မျိုး​တွေ​ကို အကြမ်း​ဖက်​မှု​တွေ​ကို အပြစ်တင်​ခဲ့​ပါ​တယ်။ ဒါပေမဲ့ မြန်မာ​နက်​တီ​ဇင်​အချို့​က နိုင်ငံ​တကာ​သ​တင်း​ကွန်​ယက်​တွေ​က နိုင်ငံ​ရဲ့​အခြေအနေ​ကို မှား​ယွင်းဖော်​ပြ​နေ​တယ်​လို့ ယုံကြည်​ကြ​ပါ​တယ်။

အင်​တာ​နက် လွတ်လပ်​ခွင့် ကြေညာ​စာ​တမ်း

လတ်​တ​လော​တွင် အင်​တာ​နက်​လွတ်လပ်​ခွင့် ကြေညာ​စာ​တမ်း​ကို ဖန်တီး​ရန် အဖွဲ့​အစည်း​များ​က ပူ​ပေါင်း​ဆောင်ရွက်​ခဲ့​ကြ​ပါ​သည်။ ယနေ့​အထိ ကြေညာ​စာ​တမ်း​ကို အဖွဲ့​အစည်း​ပေါင်း ၁​၃​၀​၀ကျော်​က လက်မှတ်​ရေး​ထိုး​ထား​ပြီး လက်မှတ်​ရေး​ထိုး​ပါဝင်​သူ​များ ဆက်လက်​တိုးပွား​လျက်​ရှိ​ပါ​သည်။

တောင်​အာ​ရှ၊ ရေ​ကိစ္စ​နှင့် ပတ်သက်​၍ ဘ​လော့ဂ်​ရေး​သူ​များ ဆွေးနွေး​ချက်

တောင်​အာ​ရှ​ဘ​လော့ဂ်​ရေး​သူ​များ​စွာ​သည် “ရေ”ကို အသား​ပေး​သော ၂​၀​၁​၀ ဘ​လော့ဂ်​လှုပ်ရှား​မှု​နေ​တွင် ပါဝင်​ခဲ့​ကြ​သည်။ ၎င်း​တို့ မည်သို့​ဆွေးနွေး​ခဲ့​သည်​ကို လေ့​လာ​ကြည့်​ကြ​ပါ​စို့။

ကျွန်ုပ်တို့နှင့် ပူးပေါင်းပါ

ပါ၀င်လိုပါက ဤနေရာကို နှိပ်ပါ။ သင်၏ မိခင်ဘာသာစကားသည် မြန်မာစကားဖြစ်ပါက ကျွန်ုပ်တို့နှင့် ပါ၀င်နိုင်ပါသည်။