အပေါ်မှ ဘာသာစကားများကို သင်တွေ့ပါသလား။ ကျွန်ုပ်တို့သည် ကမ္ဘာ့အသံမှ သတင်းဆောင်းပါးများကို ဘာသာပြန်ခြင်းဖြင့် ကမ္ဘာ့ ပြည်သူသတင်း မီဒီယာကို လူတိုင်း လက်လှမ်းမှီနိုင်အောင် ပြုလုပ်ပါသည်။

ဆက်လက် လေ့လာရန် လင်ဂွါ ဘာသာပြန် စီမံကိန်း  »

နောက်ဆုံး သ​တင်း​အကြောင်းအရာ​များ

ဘို​လီး​ဗီး​ယား၊ လာ​ပတ်(ဇ်)တွင် ရေ​ဒီ​ယို​သတ္တိ​ကြွ ယူ​ရေ​နီ​ယမ်​များ ဖမ်းဆီး​ရမိ

'@renanjustiniano၊ မနေ့​က​တွေ့​ခဲ့​တဲ့ ဓာတ်​သတ္တု​တွေ​သာ #uranio (ယူ​ရေ​နီ​ယမ်) ဖြစ်​နိုင်​တယ်​ဆို​ရင် ပထမ​ဆုံး​လုပ်​ရ​မှာ​က ရေ​ဒီ​ယို​သတ္တြွိ​က၊ မ​ကြွ​ကို စမ်းသပ်​ရ​မှာ၊ သ​တင်း​ထောက်​တွေ​ဆီ သ​တင်း​ထုတ်ပြ​ရ​မှာ မဟုတ်​ဘူး။' ၂​ဝ​၁​၂ ခု​နှစ် သြ​ဂုတ်​လ (၂​၈) ရက်​နေ့​မှာ ဘို​လီး​ဗီး​ယန်း​တာဝန်ရှိ​သူ​များ​က ယူ​ရေ​နီ​ယမ် ဒါ​မှ​မဟုတ် ရေ​ဒီ​ယို​သတ္တိ​ကြွ​ဓာတ်​သတ္တု​တွေ​လို့ ယူဆ​ရ​တဲ့ သတ္တု( ၂)...

အီ​ဂျစ်၊ တွစ်​တာ​စာ​တို​ပို့​နေ​သော သမ္မတ

အီဂျစ်လူမျိုး သမ္မတ မိုဟာမက် မော်စီ ဒီနေ့ညမှာ သူ့ရဲ့ဖွင့်ထားပြီးသား အကောင့်ကနေ တရားဝင်[en] တွစ်တာစာတိုပို့ခြင်းကို စတင်လိုက်ပါတယ်။ လိုက်ကြည့်သူပေါင်း ၁၆၂၀၀၀ရထားပြီးဖြစ်တဲ့ အဲဒီအကောင့်ကို တွစ်တာကလည်း ဒီနေ့ပဲ အကောင့်အစစ်အနေနဲ့ သတ်မှတ်ပေးလိုက်ပါတယ်။ သူရဲ့ပထမဆုံး တွစ်တာစာတို[en]ကတော့၊ ပထမဆုံးတွစ်တာစာတိုကို #jan25 (ဇန်၂၅) တော်လှန်ရေးနဲ့ ရဲရင့်တဲ့ #syrians...

ဖိ​လစ်​ပိုင်၊ နိုင်ငံ​တကာ​ပျောက်​ဆုံး​သူ​များ​နေ့​အတွက် ဖေ့(စ်)ဘွတ်(ခ်)မှ​ဓာတ်​ပုံ​များ ဖြုတ်​ချ

"စစ်​အာဏာ​သိမ်း​ချိန်​မှ ယနေ့​အချိန်​ထိ တရား​မျှတ​မှု​ကို တ​စိုက်​မတ်⁠မတ်​ရှာဖွေ​နေ​ကြ​သော ပျောက်​ဆုံး​သူ​များ​၏ မိတ်ဆွေ​များ၊ မိသား​စု​များ​နှင့် တ​ညီ​တ​ညွတ်​တည်း​ဖြစ်​ကြောင်း ဖော်​ထုတ်ပြ​သ​နိုင်​ဖို့ လာ​မည့် သြ​ဂုတ် ၃​၀​ရက်​နေ့​တွင် မိမိ​တို့​ဖေ့(စ်)ဘွတ်(ခ်)မှ ဓာတ်​ပုံ​ကို ဖြုတ်​ပေး​ကြ​ပါ​ရန် မေတ္တာရပ်ခံ​အပ်​ပါ​သည်။"

ထိုင်း၊ မယ်ဝန်ဆည်ကို ရပ်တန့်ရေး တောင်းဆိုလှုပ်ရှားမှု

ဒီရူးနှမ်းတဲ့ ဆည်စီမံကိန်းကို ရပ်ပေးပြီး မယ်ဝန်အမျိုးသားဥယျာဉ်က တန်ဖိုးရှိတဲ့ ကျားမျိုးနွယ်တွေကို ထိန်းသိမ်းပေးပါ။ ဒီအဆိုတင်သွင်းချက်ကတော့ မျိုးတုံးတော့မယ့် ကျားမျိုးနွယ်တွေကို ကာကွယ်ဖို့အတွက် မယ်ဝန်ဆည်စီမံကိန်းကို ရပ်ဖို့အတွက် ထိုင်းအစိုးရကို တောင်းဆိုတဲ့ လှုပ်ရှားမှုကပဲ ဖြစ်ပါတယ်။

အာဖရိကအတွင်း တရုတ်လက်နက်များ အလွန်အမင်းများပြားနေ

အာဖရိကမှာရှိတဲ့ တရုတ်က ဒီဘိုရာ ဘရောတီဂမ်က အာဖရိကနိုင်ငံတွေကို တင်သွင်းတဲ့ တရုတ်လက်နက်တွေအကြောင်း နောက်ခံအချက်အလက်တွေကို ဖော်ပြသွားပြီးတော့ လက်နက်ရောင်းဝယ်ဖောက်ကားမှုရဲ့ အဓိကအပိုင်းက ပုဂ္ဂလိကနယ်ပယ်ကဖြစ်တယ်လို့ ရှင်းပြသွားပါတယ်။ လူတိုင်းသိတဲ့ လစ်ဗျားကိစ္စမှာ ကျွန်တော်တို့ တွေ့ခဲ့ရသလိုပဲ သူတို့ကိုယ်ပိုင် စာရင်းဇယားတွေနဲ့ တရုတ်ကုမ္ပဏီတွေက “ကမ္ဘာ့အနှံခြေဆန့်”နေပြီးတော့ လက်နက်တင်ပို့ရေး ဆုံးဖြတ်ချက်တွေနဲ့ ရောင်းချရေးတွေကို လုပ်နေပုံပါပဲ။

ပါ​ကစ္စ​တန်၊ ခရစ်​ယာန်​ဘာသာ​ဝင် (၁​၁)နှစ်​သမီး​အား ဘုရားသခင်​ကို စော်ကား​မှု​အတွက် ဖမ်းဆီး​ထိန်းသိမ်း

ကျွန်တော်​တို့ ဘုရား​သ​ခင်စော်​ကား​မှု ဥပဒေ​ကို မ​ပြင်​နိုင်​ပါ​ဘူး။ က၊ လူ​အုပ်​ကြီး​က လုံး​ဝ​ဂရု​မ​စိုက်​ဘဲ အကြမ်း​ဖက်​မှု​တွေ ပျံ့​အောင်​လုပ်​လိမ့်​မယ်၊ ခ၊ ရှီး​ရား​လူသတ်​မှု​စ​လာ​မှာ​ကို​လည်း ရဲ​တွေ​က မ​တား​နိုင်​ဘူး​မဟုတ်​လား။ ဘယ်​လို​သွား​လုပ်​ကြ​မှာ​လဲ

ဘရာဇီး၊ (၁၃)နှစ်သမီးက ဖေ့(စ်)ဘွတ်(ခ်)ပေါ်တွင် ကျောင်းမှ ပြဿနာများကို ထုတ်ဖော်

ဘရာဇီးနိုင်ငံ ဆန်တာ ကာတာရီနာမြို့က (၁၃)နှစ်သမီး အီဆာဒိုရာ ဖေဘာဖန်တီးထားတဲ့ ဒီယာရီအို ဒယ် ကလယ်စီ [pt]လို့ခေါ်တဲ့ ဖေ့(စ်)ဘွတ်(ခ်)စာမျက်နှာက ကြိုက်သူပေါင်း (၁၇၆၀၀၀) ရရှိသွားပါပြီ။ အစိုးရကျောင်းတွေရဲ့ အမှန်တရားကို ထုတ်ပြဖို့ ရည်ရွယ်ပြီး အီဆာဒိုရာက သူ့ကျောင်းမှာ ပြင်ဖို့လိုတဲ့ နေရာတွေနဲ့ တခြားအထွေထွေပြဿနာတွေအကြောင်း သတင်းပို့ခဲ့ပါတယ်။

မော်ရိုကို၊ ရမန်ဒန်တွင် အစားစားသူအား ထောင်ဒဏ်ချမှတ်

ရာဘတ်မြို့မှာရှိတဲ့ တရားရုံးက မူဆလင်တွေရဲ့ ရာမဒန်ဥပုသ်လအတွင်းမှာ လူအများရှေ့ အစာရှောင်ဖို့ ပျက်ကွက်ခဲ့တဲ့အတွက် လူငယ်တစ်ယောက်ကို ထောင်သုံးလချလိုက်ပါတယ်။ “[တစ်ဦးချင်းစီရဲ့ လွတ်လပ်ခွင့်]၊ မဝေးတော့တဲ့ အနာဂတ်မှာ အကာအကွယ်ရဖို့ မျှော်လင့်လို့ မရတဲ့ အခွင့်အရေး” လို့ သတင်းပို့သူ ယာဘီလာဒီ[fr]က ဝမ်းနည်းစွာဆိုပါတယ်။

ဖိလစ်ပိုင်၊ ပလပ်စတစ်မသုံးရ နေရာပြ မြေပုံ

ဂူဂဲ(လ်)မြေပုံစာမျက်နှာတစ်ခုက စီးပွားရေးလုပ်ငန်းတွေမှာ ပလပ်စတစ်အသုံးပြုတာကို တားမြစ်ထားတဲ့ ဖိလစ်ပိုင်နိုင်ငံထဲက မြို့တွေနဲ့ မြို့နယ်တွေကို ပြထားပါတယ်။

တရုတ်​နှင့် ရေ​ပိုင်​နက် အငြင်း​ပွား​မှု​က ဖိ​လစ်​ပိုင်​အား ကာ​ကွယ်​ရေး​ဖြည့်တင်း​ရန် ဖိ​အားပေး

တောင်​တရုတ်​ပင်လယ်​ပြင်​နဲ့ ပတ်သက်​တဲ့ တင်းမာ​မှု​က ဖိ​လစ်​ပိုင်​ကို သူ​ရဲ့​ကာ​ကွယ်​ရေး​စွမ်း​ရည်​ကို ပြန်​သုံးသပ်​ဖို့ ဖိ​အားပေး​လိုက်​ပါ​တယ်။ တစ်​နည်း​ပြော​ရ​ရင်​တော့ တရုတ်​နဲ့ ရေ​ပိုင်​နက်​ဆိုင်​ရာ အငြင်း​ပွား​မှု​က နိုင်ငံ​ရဲ့ စစ်​အင်အား​ကို အဆင့်​မြင့်​တင်​ဖို့ တောင်း​ဆို​တာ​တွေ​ကို အားဖြည့်​ပေးလိုက်​တာ​ပါ​ပဲ။ ဒီ​လို​စစ်​အင်အား​မြှင့်​တင်​တာ​က ဒေသ​တွင်း တည်​ငြိမ်​ရေး​အတွက် ကောင်​ကျိုး​ကို ဦးတည်​မှာ​လား၊ ဆိုး​ကျိုး​ကို ဦးတည်​နိုင်​မ​လား။

ကျွန်ုပ်တို့နှင့် ပူးပေါင်းပါ

ပါ၀င်လိုပါက ဤနေရာကို နှိပ်ပါ။ သင်၏ မိခင်ဘာသာစကားသည် မြန်မာစကားဖြစ်ပါက ကျွန်ုပ်တို့နှင့် ပါ၀င်နိုင်ပါသည်။