သတင်းဆောင်းပါးများ from 13 စက်တင်ဘာ 2012
အီရန်အမျိုးသမီးများ၊ ၁၉၇၉ကစသော ဟီဂျပ်ခေါင်းဆောင်း မဆောင်းမနေရဥပဒေကို ဆန့်ကျင်ခြင်း
အီရန်မှာ ခေါင်းဆောင်းတွေ မဝတ်မနေရဝတ်ရတာကို အဆုံးသတ်ဖို့ တောင်းဆိုတဲ့ အီရန်ကျောင်းသားတွေရဲ့ ဖေ့(စ်)ဘွတ်(ခ်)လှုပ်ရှားမှု့ကို လူပေါင်း (၂၆၀၀၀)ကျော်က ဆက်သွယ်ပါဝင်ကြပါတယ်။ အီရန်အမျိုးသမီးတွေ ဆန္ဒပြလာတာ ဆယ်စုနှစ်သုံးခုရှိပါပြီ၊ ဒါပေမဲ့ လူမြင်ကွင်းမှာ လုံခြုံရေးအင်အားတွေက အရှက်ရအောင် ထိန်းသိမ်းတာ ခံနေရတုန်းပါပဲ။
ဘရာဇီး၊ ဆင်ခြေဖုံးဒေသများတွင် လူထုအခြေပြု သတင်းအချက်အလက်များ အားကောင်း
ခုတလောမှာ ဆော်ပိုလို ဆင်ခြေဖုံးဒေသတွေမှာ မွှေနှောက်ဖျက်ဆီးတဲ့ မီးလောင်မှုတွေဖြစ်ပွားပြီး[Pt] မြေရာဈေးနှုန်းတွေက မိုးထိမြင့်တက်နေတဲ့အချိန်မှာ လူထောင်ပေါင်းများစွာ အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ပါတယ်။ နောက်ဆုံးမီးလောင်မှု[en]ပြီးတဲ့နောက်မှာတော့ လူ၁၁၀၀ကျော်က အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ပါတယ်။ ဆော်ပိုလိုဒေသခံတချို့က အချက်အလက်တွေကို လူထုအခြေပြုစုဆောင်းဖို့ နဲ့ လွန်ခဲ့တဲ့ရှစ်နှစ်က အဖြစ်အပျက်အခြေအနေတွေကို ခွဲခြမ်းစိတ်ဖြာလေ့လာဖို့ အများပိုင် စာရင်းဇယားတစ်ခုကို အသုံးပြုနေကြပါတယ်။