သတင်းဆောင်းပါးများ from 9 စက်တင်ဘာ 2012
တာဂျစ်ကစ္စတန်၊ တက္ကသိုလ်များမှ လာဘ်စားခြင်းနှင့် နက်(ခ်)တိုင်များ
အခုတော့ ကျောင်းသားတွေက တက္ကသိုလ်ဝင်ခွင့်ရဖို့ လာဘ်တွေပေးပြီး ဒီပလိုမာ ရရုံလေးပဲ စာသင်တယ်၊ ဒါပေမဲ့ စာသင်ခန်းတွေထဲမှာတော့ နက်(ခ်)တိုင်တွေကို ပျော်ပျော်ကြီး ဝတ်နေကြပါတယ်။ တယ်မူအာ မင်ဂလိ(ဗ်)က ဒီနှစ်ပိုင်းတွေမှာ တာဂျစ်ကစ္စတန် ကောလိပ်နဲ့ တက္ကသိုလ်တွေမှာ နေရာဝင်ယူလာတဲ့ အပြောင်းအလဲတွေအကြောင်းကို အနှစ်ချုပ်ပြ[ru]ထားပါတယ်။
ဘိုလီးဗီးယား၊ လာပတ်(ဇ်)တွင် ရေဒီယိုသတ္တိကြွ ယူရေနီယမ်များ ဖမ်းဆီးရမိ
'@renanjustiniano၊ မနေ့ကတွေ့ခဲ့တဲ့ ဓာတ်သတ္တုတွေသာ #uranio (ယူရေနီယမ်) ဖြစ်နိုင်တယ်ဆိုရင် ပထမဆုံးလုပ်ရမှာက ရေဒီယိုသတ္တြွိက၊ မကြွကို စမ်းသပ်ရမှာ၊ သတင်းထောက်တွေဆီ သတင်းထုတ်ပြရမှာ မဟုတ်ဘူး။' ၂ဝ၁၂ ခုနှစ် သြဂုတ်လ (၂၈) ရက်နေ့မှာ ဘိုလီးဗီးယန်းတာဝန်ရှိသူများက ယူရေနီယမ် ဒါမှမဟုတ် ရေဒီယိုသတ္တိကြွဓာတ်သတ္တုတွေလို့ ယူဆရတဲ့ သတ္တု( ၂) တန်ကို ဖမ်းဆီးရရှိခဲ့ပါတယ်။ ရေဒီယိုသတ္တြွိကပစ္စည်းများဖြစ်နိုင်တယ်ဆိုတဲ့ သံသယကတော့ ရှင်းရှင်းလင်းလင်း မရှိခဲ့ပါဘူး။