နောက်ဆုံးသတင်းများ Tun Zarni Kyaw from စက်တင်ဘာ, 2012
အိန္ဒိယ: အာသံ အဓိကရုဏ်း – အခြေနေအမှန် နှင့် ပုံကြီးချဲ့မှု
ဇူလိုင်လက အိန္ဒိယနိုင်ငံ အာသံပြည်နယ်အတွင်း ဒေသခံဘိုဒိုမျိုးနွယ်စုများနဲ့ လာရောက်အခြေချနေထိုင်သူ မွတ်ဆလင်တို့ရဲ့ ပဋိပက္ခဟာ အဓိကရုဏ်းတွေ၊ သတ်ဖြတ်တာတွေနဲ့ လူအများအပြားအိမ်ခြေရွှေ့ပြောင်းခြင်းတို့ဆီကို ဦးတည်သွားပါတယ်။ ရဲအဖွဲ့က ရာနဲ့ချီတဲ့ ဖမ်းဆီးထိန်းသိမ်းမှုတွေ ပြုလုပ်ခဲ့ပြီး ရာနဲ့ချီတဲ့ တိုင်တန်းမှုတွေကိုလည်း လက်ခံခဲ့တယ်လို့ဆိုပေမဲ့ တစ်လနီးပါးခန့် ကြာပြီးနောက်မှာ အခြေအနေများတွေဟာ မတည်ငြိမ်နိုင်သေးလို့ ဆိုပါတယ်။