နောက်ဆုံးသတင်းများ KyawMyoKhaing
တရုတ်၏ အာဖရိကမူဝါဒ ကျဆုံးပြီလော
တရုတ်သတ္တုတွင်းသူဌေးက လုပ်သားတွေရဲ့သတ်ဖြတ်ခြင်းခံခဲ့ရတယ်ဆိုတဲ့ သတင်းက တရုတ်နက်တီဇင်တွေရဲ့ စိတ်ဝင်စားမှုကို ဖမ်းစားခဲ့တဲ့အပြင် နှစ်နိုင်ငံလုံးမှာရှိတဲ့ လုပ်ငန်းအခြေအနေတွေကို နှိုင်းယှဉ်ပြီး အာဖရိကအပေါ်ထားတဲ့ တရုတ်ရဲ့ "ဖွံ့ဖြိုးရေးအကူအညီ သံခင်းတမန်ခင်း" မူဝါဒကို မေးခွန်းထုတ်ဖို့ သတိပေးခဲ့ပါတယ်။
တရုတ်နှင့် ရေပိုင်နက် အငြင်းပွားမှုက ဖိလစ်ပိုင်အား ကာကွယ်ရေးဖြည့်တင်းရန် ဖိအားပေး
တောင်တရုတ်ပင်လယ်ပြင်နဲ့ ပတ်သက်တဲ့ တင်းမာမှုက ဖိလစ်ပိုင်ကို သူရဲ့ကာကွယ်ရေးစွမ်းရည်ကို ပြန်သုံးသပ်ဖို့ ဖိအားပေးလိုက်ပါတယ်။ တစ်နည်းပြောရရင်တော့ တရုတ်နဲ့ ရေပိုင်နက်ဆိုင်ရာ အငြင်းပွားမှုက နိုင်ငံရဲ့ စစ်အင်အားကို အဆင့်မြင့်တင်ဖို့ တောင်းဆိုတာတွေကို အားဖြည့်ပေးလိုက်တာပါပဲ။ ဒီလိုစစ်အင်အားမြှင့်တင်တာက ဒေသတွင်း တည်ငြိမ်ရေးအတွက် ကောင်ကျိုးကို ဦးတည်မှာလား၊ ဆိုးကျိုးကို ဦးတည်နိုင်မလား။
အဆဲန့်(ချ်) နိုင်ငံရေးခိုလှုံမှုအတွက် အီကွေဒေါ၏ တုံ့ပြန်မှု
"နိုင်ငံထဲမှာကျ မရှိတဲ့ လွတ်လပ်စွာဖော်ပြခွင့်အကြောင်းကို သူတို့အရမ်းပြောနေကြတယ်။" အီကွေဒေါလူမျိုး နက်တီဇင်တစ်ယောက်က ဝီကီလိ(ခ်)တည်ထောင်သူကို အစိုးရက နိုင်ငံရေးခိုလှုံခွင့်ပေးလိုက်တာနဲ့ ပတ်သက်ပြီး ဝေဖန်ထားပါတယ်။ တချို့တွေကတော့ ဒီထူးခြားတဲ့လှုပ်ရှားမှုအတွက် ပျော်ပွဲဆင်နွှဲနေကြပါတယ်။