အပေါ်မှ ဘာသာစကားများကို သင်တွေ့ပါသလား။ ကျွန်ုပ်တို့သည် ကမ္ဘာ့အသံမှ သတင်းဆောင်းပါးများကို ဘာသာပြန်ခြင်းဖြင့် ကမ္ဘာ့ ပြည်သူသတင်း မီဒီယာကို လူတိုင်း လက်လှမ်းမှီနိုင်အောင် ပြုလုပ်ပါသည်။

ဆက်လက် လေ့လာရန် လင်ဂွါ ဘာသာပြန် စီမံကိန်း  »

Khine Mon Kyaw · နိုဝင်ဘာ, 2012

နောက်ဆုံးသတင်းများ Khine Mon Kyaw from နိုဝင်ဘာ, 2012

ဆန္ဒ​ပြ​နေ​သော မိ​ခင်​များ​အား တူရကီ​ရဲ​အရာရှိများကမျက်ရည်ယို​ဗုံး​များ​ဖြင့် အသုံးပြု​တိုက်ခိုက်

ကာ​ဒစ်(ရှ်) နိုင်ငံ​ရေး​အကျဉ်းသား​တွေ​ရဲ့ အစာ​ငတ်​ခံ သပိတ်မှောက်​မှု​က ၅⁠၅​ရက်​တိုင် ကြာ​မြင့်​ခဲ့​ပါ​ပြီ။ တူရကီ​နိုင်ငံ​မှာ ရာ​နဲ့​ချီ​တဲ့ နိုင်ငံ​ရေး​အကျဉ်းသား​တွေ​က အစာ​ငတ်​ခံ သပိတ်မှောက်​ခဲ့​ကြ​ပြီး အဲ​ဒီ​လို ဆန္ဒ​ပြ​မှု​က ဥရောပတိုက်​တစ်​ဝန်း​နဲ့ အထူး​သ​ဖြင့် တူရကီ​နိုင်ငံ​မှာ စုပေါင်း​ဆန္ဒ​ထုတ်ဖော်​မှု​တွေ​ဆီ ဦးတည်​ခဲ့​ပါ​တယ်။ မနေ့​က [နိုဝင်ဘာ​၄၊၂​၀​၁​၂] မနက်​ပိုင်း​မှာ အကျဉ်းသား​အချို့​ရဲ့ အမေ​တွေ လာ​ရောက်​စုဝေး​ပြီး ဆန္ဒ​ထုတ်ဖော်​နေ​ခဲ့​တာ မျက်ရည်ယို​ဗုံး​တွေ​နဲ့ ပစ်ခတ်​နှိမ်​နင်း​တာ​ခံ​ခဲ့​ရသ​လို​ရေ​သံ​ဗူး​များ​နဲ့ သူ​တို့​အပေါ် တိုက်ရိုက်​ပက်​ဖျန်း​ခြင်း​လည်း ခံ​ခဲ့​ရ​ပါ​တယ်။ တစ်​ကမ္ဘာ​လုံး​မှာ​ရှိ​တဲ့ ကာ့(ဒ်)လူ​မျိုး​တွေ​က သူ​တို့​ရဲ့ လှုပ်ရှား​မှု​အရေး​ကို လူ​တွေ​တိတ်ဆိတ်​နေ​ကြ​တာ​နဲ့ ဆန့်ကျင်​ပြီး ထုတ်ဖော်​ြ​ပော​ဆို​ခဲ့​ကြ​ပါ​တယ်။