အပေါ်မှ ဘာသာစကားများကို သင်တွေ့ပါသလား။ ကျွန်ုပ်တို့သည် ကမ္ဘာ့အသံမှ သတင်းဆောင်းပါးများကို ဘာသာပြန်ခြင်းဖြင့် ကမ္ဘာ့ ပြည်သူသတင်း မီဒီယာကို လူတိုင်း လက်လှမ်းမှီနိုင်အောင် ပြုလုပ်ပါသည်။

ဆက်လက် လေ့လာရန် လင်ဂွါ ဘာသာပြန် စီမံကိန်း  »

Chan Myae Khine

A tiny gal with huge dreams which are comprised by writing, reading, translating, dreaming and organizing

အီး​မေး(လ်) Chan Myae Khine

နောက်ဆုံးသတင်းများ Chan Myae Khine

“စ​ပိန်​ကို ဆုံးဖြတ်​ခွင့် ပေးလိုက်​ပါ”

  19 ဇွန် 2014

အစ္စဘယ်အွန်က သူ့ဘလော့(ဂ်)ဖြစ်သော ဆွန်ရိဆာ အီ အက်စပါ့(စ်) [အပြုံးများနှင့် ဓားများပေါ်]တွင် စပိန်ဘုရင် ဝမ် ကားလို့(စ်) နန်းစွန့်မှုကို ရေးသား [es] ခဲ့သည်မှာ ahora que se abre un debate de “Monarquía vs República”, “Felipe sí, Felipe no”, “Referéndum sí o no”, todos pongamos de nuestra parte y apliquemos una de las máximas que tuvieron Juan Carlos y Adolfo Suárez:...

ပညာ​ရေး​တွင် သင်္ချာ​၏ အရေး​ပါ​မှု

Chlewey ဘ​လော့(ဂ်)မှ ကား​လို့(စ်) သော(ပ်)ဆန်​က နိုင်ငံတကာ ပညာ​ရေး အရည်အသွေး စစ်ဆေး​မှု [es] တွင် အဆင့်​နိမ့်​ခဲ့​သည်​နှင့် ဆက်​စပ်​၍ ကို​လမ်​ဘီ​ယာ​တွင် သင်္ချာ​ပညာသင်​ကြား​ရန် အရေး​ပါ​ပုံ​ကို ရေးသား​ခဲ့ [es]သည်မှာ  Las matemáticas dan mucho más que la capacidad de contar las vueltas en una tienda; o las destrezas específicas para entrar a una facultad de ingeniería. Las matemáticas generan una estructura mental que...

သမိုင်း​ဦး​မ​တင်​မီ​ခေတ်​က ရုပ်​ကြွင်း​များ ချီ​လီ​တွ​င်တွေ့ရှိ

အစ်(ခ်)သီအိုဆော (ရေနေတွားသွားသတ္တဝါကြီးတစ်မျိုး) ၄၆ကောင်၏ ရုပ်ကြွင်းများသည် ၂၁ရာစုမတိုင်မီအထိ  နှစ်သန်းပေါင်းများစွာ တိပ်မြုပ်နေခဲ့သည်မှာ ရုပ်ကြွင်းလေ့လာသူတစ်စုက ချီလီတောင်ပိုင်းရှိ တောရက်(စ်) ဒေး(လ်) ပိုင်နယ် အမျိုးသားဥယျာဉ်တွင် ၄င်းတို့အား ရှာဖွေတွေ့ရှိခြင်းမပြုမီအထိ ဖြစ်သည်။ #Adictos_a_lo_Jordan Descubren en Chile cementerio de ictiosaurios: El proyecto comenzó con la … http://t.co/KDvFkJPADB [ #Luispokel ] — POoiint BeeSa BuenO (@MOreniitO_POiNT) Mayo 31, 2014 ချီလီတွင် အစ်(ခ်)သီအိုဆော သင်္ချိုင်းတစ်ခုအား တွေ့ရှိခဲ့သည်။ ထိုစီမံကိန်း စတင်ခဲ့ပုံမှာ Hallan en Chile...

မိုက်​ခ​ရို​ဆော့(ဖ်) အသိ​အမှတ်ပြု​လက်မှတ်​ရ ပထမ​ဆုံး ကျောင်းသား ဇမ်​ဘီး​ယား​လူ​ငယ်

A fifteen year old boy of Zambian origin has wowed the world of information and communication technology (ICT) by becoming one of the youngest Microsoft Technology Associates (MTA) in Europe.

တရုတ်၊ ဝီ​ကီ​လိ(ခ်) ကြိုး​များ​မှ​တစ်​ဆင့် ထုတ်ဖော်​လိုက်​သော ထျဲန်း​အန်း​မန် အကြမ်း​ဖက်​ဖြေ​ရှင်း​မှု မှတ်တမ်း​စဉ်

  13 ဇွန် 2014

အရှေ့မြောက် နဂိုတက္ကသိုလ်ရှိ အချက်အလက်သတင်းအတန်းမှ ကျောင်းသားများသည် ထျဲန်းအန်းမန် ရင်ပြင်တွင် ၁၉၈၉က ဆန္ဒထုတ်ဖော်မှုများကို ရည်ညွှန်းရန် ဝီကီလိ(ခ်)ကို ရှာဖွေခဲ့ကြပြီး သံတမန်ကြိုးများကို ၁၉၈၉ ဧပြီ ၁၉မှစ၍ ၁၉၉၀ မတ် ၂၆အထိ ဆန္ဒပြမှုများကို မှတ်တမ်းစင်တစ်ခုအဖြစ် စုစည်းခဲ့ကြသည်။

မော်(လ်)ဒိုက်(ဗ်)မှ လိင်​တူ​ချစ်​သူ နိုင်ငံ​ရေး​ခိုလှုံ​ခွင့် လျှောက်ထား​ခဲ့​သူ​သည် ပြန်​အလာ​တွင် ဖမ်းဆီး​ချုပ်​နှောင်​ခံ​ခဲ့​ရ​ခြင်း

  12 ဇွန် 2014

ရှရီးယားဥပဒေအရ လိင်တူချင်း ချစ်ကြိုက်ခြင်း၊ ပေါင်းသင်းနေထိုင်ခြင်း သို့မဟုတ် လက်မထပ်ဘဲ အတူနေခြင်းအားလုံးသည် မော်(လ်)ဒိုက်(ဗ်)တွင် တရားမဝင်ပေ။ လိင်တူချစ်သူများအား ဖမ်းဆီးဖိနှိပ်သည့် အမှုများလည်း များစွာရှိခဲ့သည်။ သမ္မတရုံးမှ ပြောရေးဆိုခွင့်ရှိသူ အီဘရာဟင် မူအက်(ဇ်)က ဘာသာရေးအရဖြစ်စေ၊ လိင်ပိုင်းဆိုင်ရာ အရဖြစ်စေ နိုင်ငံရပ်ခြားတွင် နိုင်ငံရေးခိုလှုံခွင့် လျှောက်ထားသူ မော်(လ်)ဒိုက်(ဗ်)လူမျိုးများသည် ပြန်လာခဲ့လျှင် ဖမ်းဆီးဖိနှပ်ခြင်း ခံရမည်မှာ သေချာကြောင်းကို လတ်တလော ပြောဆိုထားသည်။ ထိုမှတ်ချက်သည် နယူးဇီလန်နိုင်ငံရှိ နိုင်ငံရေးခိုလှုံခွင့်ရသူ လိင်တူချစ်သူ မော်(လ်)ဒိုက်(ဗ်)လူမျိုးတစ်ဦးဖြစ်သည့် အီဘရာဟင် နိမ်းက ဆုရမိန်းမလျာဖြစ်လာပြီးနောက်တွင် ပေါ်ထွက်လာခြင်းဖြစ်သည်။ မော်(လ်)ဒိုက်(ဗ်)ရှိ တကာဥပါ ဘလော့(ဂ်)ရေးသူတစ်ဦးဖြစ်သည့် ဟီလတ်(သ်)သည် ၄င်း၏ လိင်တိမ်းညွတ်မှုအား ပွင့်လင်းစွာပြောဆိုခြင်းကြောင့် တိုက်ခိုက်ခံခဲ့ရပြီးနောက် သီရိလင်္ကာတွင် တိမ်းရှောင် နေထိုင်လျက်ရှိသည်။...

ဗင်​နီ​ဇွဲ​လား ဝိသေသ​ရှိ​သည့် ဖော်​ပြ​ချက်​များ​အား အင်္ဂလိပ်​လို ပုံဖော်​ဘာသာ​ပြန်​ခြင်း

  11 ဇွန် 2014

ဒေစီပက်တွန်က ရိုးရာ​စကားပုံ​တွေ​ကို ဗင်​နီ​ဇွဲ​လား​ဟာ​သ​နဲ့ အရောင်​တွေ ထုံ​မွှမ်း​ပြီး ပြန်ဆို​ပုံဖော်​ခဲ့​ပါ​တယ်။ ပေါ့​ပေါ့ပါး​ပါး​စကား​အသုံး​အနှုန်း​များ​ကို ယဉ်ကျေး​မှု​တစ်​ခု​မှ တစ်​ခု​နားလည်​နိုင်​စေ​ရန် ရည်​ရွယ်​ချက်​ဖြင့် ပြန်ဆို​ခဲ့​ခြင်း​ဖြစ်​သည်။

ဆူ​ရီ​နိမ်း၊ စိတ်​အင်အား​၏ မျက်နှာများ

  10 ဇွန် 2014

ပြ​ပွဲ​တွေ​မှာ ကိုယ့်​ကိုယ်​ကိုယ် အမြဲ​မေး​လေ့​ရှိ​တယ်။ နေရာ ဒါ​မှ​မဟုတ် ပတ်ဝန်းကျင်​က ကိုယ့်​ရဲ့ သိမှတ်​သညာ​ကို ဘယ်​အတိုင်း​အတာ​အထိ လွှမ်းမိုး​နိုင်​လဲဆို​ပြီး​တော့​ပေါ့။ ဆရာနန်အနုပညာ ဘ​လော့(ဂ်)သည် အနု​ပညာ​ပြ​ပွဲ​တစ်​ခု​ဖြစ်​သည့် “ကိုးကွယ်​ယုံကြည်​မှု၊ အလေ့​အထ​များ​နှင့် သေ​ခြင်း​တရား​နှင့် ပတ်သက်​သော”ကို တက်​ရောက်​ခဲ့​သည်။

တာ​ဂျစ်​ကစ္စ​တန်​ရှိ လိင်​တူ​ချစ်​သူ​များ​အတွက် “အသေးစား အောင်မြင်​မှု” ဖြစ်သော မင်္ဂလာဆောင်

တာ​ဂျစ်​ကစ္စ​တန်​မှာ ပထမ​ဆုံး ကိန်း​ကြီး​ခန်း​ကြီး​မ​နိုင်​တဲ့ လိင်​တူ​ချစ်​သူ​လက်ထပ်​ပွဲ​တစ်​ခု​ကို ကျင်းပ​ခဲ့​ပါ​တယ်။ တာ​ဂျစ်​လူ​မျိုး တော်တော်​များ⁠များ​ကတော့ အဲ​ဒီ​လက်ထပ်​ပွဲ​က "အနောက်​နိုင်ငံ​တွေ​ရဲ့ ဝါဒ​ဖြန့်​ခြင်း"လို့ ယူဆ​ပြီး မ​ကျေနပ်​ကြ​ပါ​ဘူး။

ဂျ​မေ​ကာ၊ သိပ္ပံ မိန်း​က​လေးများ

  9 ဇွန် 2014

သခွားသီးဖျော်ရည် (ဟုခေါ်သည့် ဘလော့(ဂ်))မှ ဘလော့(ဂ်)ရေးသူ မိန်းကလေး)က သူ့အထက်တန်းကျောင်းဟောင်းမှ သိပ္ပံဓာတ်ခွဲခန်းအား အဆင့်မြှင့်တင်ရန်အတွက် ငွေကြေးရှာဖွေရန် အဘယ်ကြောင့် အရေးကြီးကြောင်းကို ရှင်းပြခဲ့သည်။ အဘယ်ကြောင့်ဆိုသော် ထိုနေရာသည် သူ့ကိုယ်သူယုံကြည်မှုရှိစေရန် လေ့လာခဲ့သော နေရာကြောင့်ပင်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် အမှန်စင်စစ် လေ့လာသင်ယူခြင်းသည် ချိတ်ဆက်နေသောကြောင့် ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် “မိန်းကလေးများသည်လည်း သိပ္ပံပညာရှင်များဖြစ်နိုင်ကြောင်းကို နားလည်ရန်” လိုအပ်သောကြောင့်ဖြစ်သည်။