ကမ္ဘာ့အသံ၏ ခံယူချက်

ကျွန်ုပ်တို့သည် လွတ်လပ်သော ပြောဆိုမှုကို ယုံကြည်သည် – ပြောဆိုပိုင်ခွင့် နှင့် နားထောင်ပိုင်ခွင့် နှစ်ခုစလုံးအား တန်းတူ ကာကွယ်ရာတွင် ယုံကြည်သည်။ ပြောဆိုနိုင်ရန် ကိရိယာများကို လူသားတိုင်း သုံးခွင့်ရနိုင်ရေးကိုလည်း ကျွန်ုပ်တို့ ယုံကြည်ပါသည်။ ထိုယုံကြည်ချက်တို့ဖြင့် ပြောဆိုလိုသူတိုင်းအတွက် ပြောဆိုနိုင်မည့်နည်းလမ်းရရှိနိုင်ရန် ကျွန်ုပ်တို့ ကျိုးပမ်းသည်၊ ထို့အပြင် ထိုပြောဆိုမှုများကို ကြားသိလိုသူတိုင်းအတွက် ကြားသိနိုင်မည့်နည်းလမ်းကိုလည်း ရရှိနိုင်ရန် ကျိုးပမ်းသည်။ အသစ်ပေါ်ထွက်လာသော ကိရိယာများ၏ ကျေးဇူးကြောင့် ယနေ့ခေတ်တွင် ပြောဆိုခြင်းကို ပုံနှိပ်ခြင်း နှင့် ဖြန့်ချိခြင်း နည်းလမ်းတို့ကို ပိုင်ဆိုင်သောသူများက ဖြစ်စေ၊ အတွေးအခေါ်များနှင့် ဆက်သွယ်မှုများကို ကန့်သတ်မည့်အစိုးရများကဖြစ်စေ ထိန်းချုပ်နိုင်ခြင်းမရှိတော့ပေ။ ယခုအခါတွင် သတင်းအာဘော်၏ စွမ်းအားကို လူတိုင်းက ကိုင်ဆောင်နိုင်လာသည်။ လူတိုင်းက … Continue reading ကမ္ဘာ့အသံ၏ ခံယူချက်