- Global Voices မြန်မာ - https://my.globalvoices.org -

အင်တာနက်စွယ်စုံကျမ်း Wikipedia ၏ ကျားမ၊မညီမျှမှုကို ပြုပြင်ပြောင်းလဲပစ်လိုသော Wikimujeres ခေါ်ဝီကီအမျိုးသမီးများ

အမျိုးအစားများ: စပိန်, နည်းပညာ, ပြည်သူသတင်း, အမျိုးသမီး​နှင့် ကျားမကွဲပြားမှု
[1]

A parody of the famous “We Can Do It!” poster. A derivative work by Tom Morris via Wikimedia Commons. Public domain.

အင်တာနက် စွယ်စုံကျမ်း Wikipedia တွင် ရေးသားထားသော ဆောင်းပါး “Gender bias on Wikipedia [2]” အဆိုအရ Wikipedia စွယ်စုံကျမ်းကို ရေးသားတည်းဖြတ်သူများ၏ ၈၅-၉၁.၅ ရာခိုင်နှုန်းမှာ ယောက်ျားများဖြစ်ကြသည်ဟု လေ့လာချက်အများအပြားက ထောက်ပြထားပါသည်။ ၎င်းအခြေအနေသည် Wikipediaတွင် စွယ်စုံကျမ်းရေးသားသူ အသိုင်းအဝိုင်းအတွက်ကော ထိုအင်တာနက် website ကြီးကို စီမံခန့်ခွဲ ထိန်းသိမ်းသော Wikimedia Foundation အဖွဲ့ကြီးအတွက်ပါ  စိုးရိမ်စရာတစ်ခုဖြစ်နေပါသည်။ ထိုအခြေအနေကြောင့် ကမ္ဘာ့အကြီးဆုံး စွယ်စုံကျမ်းပေါ်တွင် ရေးသားထားသော အကြောင်းအရာများသည် မျှတမှုမရှိပဲ ဖွဲ့စည်းပုံကြောင့် တစ်ဖက်သက်ဆန်မှု [3]များ ဖြစ်ပေါ်နေမည်ကို စိုးရိမ်ကြခြင်းဖြစ်သည်။

စပိန်စကားတွင် mujeres ဆိုသော စကားလုံးမှာ အမျိုးသမီးများဟု အဓိပ္ပာယ်ရသော Wikimujeres [4] ခေါ် “ဝီကီအမျိုးသမီးများ” စီမံကိန်းသည် စပိန် နှင့် ကတ္တလန် (Catalan)စကားပြောနိုင်ငံများတွင် ဤအချိုးအစားမညီမျှမှုကို ပြောင်းလဲပစ်ရန် ရည်ရွယ်ကာ ဆောင်ရွက်လျှက်ရှိသည်။ ၎င်းတို့၏ အင်တာနက်စာမျက်နှာ၏ အဆိုအရ။  ။

Somos un grupo de usuarias de Wikipedia preocupadas por la diversidad y la neutralidad de la Wikipedia y dispuestas a trabajar para disminuir (y en un futuro eliminar) la brecha de género y culturas que existe en la enciclopedia más consultada en internet.

ကျွန်ုပ်တို့သည် Wikipedia အသုံးပြုသူများဖြင့်ဖွဲ့စည်းထားသာ အုပ်စုဖြစ်ပြီး Wikipedia စွယ်စုံကျမ်းတွင် ထွေပြားစုံလင်မှု နှင့် မျှတမှု စသည်တို့နှင့် ပက်သက်ပြီး စိုးရိမ်ပူပန်မိသောကြောင့် အင်တာနက်ပေါ်ရှိ လူတိုင်းလိုလိုဖတ်ရှုသော စွယ်စုံကျမ်းကြီးတွင် ကျားမ၊မညီမျှမှုနှင့် ယဥ်ကျေးမှု ကွာဟမှုတို့ကို လျှော့ချ/တိုက်ဖျက်ရန်တွက် ကြီးပမ်းလိုသူများဖြစ်ကြပါသည်။

၎င်းတို့ရောက်ရှိလိုသော ပန်းတိုင်မှာ အမျိုးသမီးများအကြာင်းကိုရေးသားသော စာတမ်းများ (ဥပမာ အတ္ထုပတ္ထိ ကဲ့သို့သောအရာများ)ကို ရေးသားတည်းဖြတ်သူများတွင် အမျိုးသမီး အရေအတွက်များပြားလာစေရန်နှင့်၊ တိုးတက်ဆဲနိုင်ငံများမှ အမျိုးသမီးများကိုယ်တိုင် ရေးသားသော အကြောင်းအရာနှင့် ဆောင်းပါးအရေအတွက်တိုးပွားလာစေရန်တို့ ဖြစ်သည်။ ၎င်းတို့အဖွဲ့သည် မက်ဒရစ် နှင့် ဘာစီလိုးနား တစ်ပတ်တစ်ကြိမ် တွေ့ဆုံပွဲများပြုလုပ်ပြီး သင်တန်းများပေးခြင်း နှင့် “edit-a-thons [5]” ေခါ် အတူတကွဆင်နွဲတည်းဖြတ်ပွဲရှည် များကို ပြုလုပ်ခြင်းဖြင့် အမျိုးသမီးများကိုယ်တိုင် အတူတကွဆောင်ရွက်ကာ Wikipedia ရှိ စာတမ်းဆောင်းပါးများ အသစ်ဖန်းတီးခြင်းနှင့် ရှိပြီးသားဆောင်းပါးများကို တိုးတက်ကောင်းမွန်အောင် ကျိူးပမ်းနေကြပါသည်။

[6]

Photo by Montserrat Boix via Wikimedia Commons (CC BY-SA 4.0)

လတ်တလောတွင် ပြုလုပ်ခဲ့သော အတူတကွဆင်နွဲတည်းဖြတ်ပွဲရှည် (edit-a-thons) တွင် အမျိုးသမီး ဓာတ်ပုံပညာရှင်များ [7]နှင့် အမျိုးသမီး သိပ္ပံရှင်များ [8]အကြောင်း ဆောင်းပါးများ အဓိကထားရေးသားရန် ရည်ရွယ်ချက်ဖြင့် မက်ဒရစ်မြို့တွင် Wikimujeres မှ ကျင်းပခဲ့သည်။