- Global Voices မြန်မာ - https://my.globalvoices.org -

ယူဂန်ဒါ အမျိုးသမီး၏ ပုံရိပ် ၁၂ ခု

အမျိုးအစားများ: အာဖရိက ကန္တာရဒေသခွဲ, ယူဂန်ဒါ, ပြည်သူသတင်း, အမျိုးသမီး​နှင့် ကျားမကွဲပြားမှု
[1]

သဘာဝနှင့် သင့်တင့်လျှောက်ပတ်ကာ အေးချမ်းပြီး လှပလိုသော ယူဂန်ဒါအမျိုးသမီး။ Spencer Montero ၏ ခွင့်ပြုချက်ဖြင့် ဓါတ်ပုံကို အသုံးပြုသည်။

၂၀၁၇ ခုနှစ်မတ်လ ၈ ရက် အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့တုန်းက This is Uganda [2] (ဒါက ယူဂန်ဒါ) အင်တာနက်စာမျက်နှာဟာ ယူဂန်ဒါအမျိုးသမီးတွေရဲ့ ပုံရိပ်မျိုးစုံကိုဖော်ပြတဲ့ လှုပ်ရှားမှုတစ်ခု ပြုလုပ်ခဲ့ပါတယ်။ #SheRunsUg [3] ဆိုတဲ့ hashtag ကို အသုံးပြုပြီး ယူဂန်ဒါအမျိုးသမီးတွေ နေ့စဉ်ဘဝမှာ ဘယ်လိုနေထိုင်ကြတယ်ဆိုတာကို ထင်ဟပ်စေတဲ့ ဓါတ်ပုံ ၈၇ ပုံကို ကမ္ဘာသိအောင်ဖော်ပြခဲ့ပါတယ်။

This is Uganda [4] (ဒါက ယူဂန်ဒါ) အင်တာနက်စာမျက်နှာဟာ ယူဂန်ဒါမှ ပါရမီရှင်စာရေးသူများက ယူဂန်ဒါနှင့် ယူဂန်ဒါလူမျိုးတွေအကြောင်းကို ပြောပြပြီး  နိုင်ငံရဲ့ပုံရိပ်ကို မှေးမှိန်စေတဲ့ ကမ္ဘာကအထင်အမြင်မှားတွေကို တိုက်ဖျက်ဖို့ ရည်ရွယ်ထားတဲ့ စာမျက်နှာတစ်ခုပါ။

ယူဂန်ဒါ စာရင်းအင်းဌာန (Uganda Bureau of Statistics) က ၂၀၁၄ ခုနှစ်မှာ ပြုလုပ်တဲ့ သန်းခေါင်စာရင်း [5]အရ နိုင်ငံလူဦးရေ၏ ၅၁ ရာခိုင်နှုန်းဟာ အမျိုးသမီးတွေဖြစ်ပြီး အမျိုးသားဦးရေဟာ အလုပ်လုပ်နေတဲ့လူဦးရေအရေအတွက်ထက်ကို တဝက်လောက်နည်းနေပါသေးတယ်။

ဒီပုံတွေကတော့ တွစ်တာ (twitter)မှာ ဖြန့်ဝေပြီး ပွဲထုတ်ခဲ့တဲ့ ယူဂန်ဒါအမျိုးသမီးတွေရဲ့ ပုံရိပ်အချို့ပဲ ဖြစ်ပါတယ်။  ။

နေ့စဉ်ရုန်းကန်ရတဲ့ဘဝနဲ့ အမျိုးသမီး။  ။

ဒါဟာ ယူဂန်ဒါအမျိုးသမီးပါ။ အမှတ် (၂၂)

ပုံသေစွဲတဲ့ အမြင်မှားတွေကို အံတုပြတဲ့ အမျိုးသမီး။  ။

ဒါဟာ ယူဂန်ဒါအမျိုးသမီးပါ။ အမှတ် (၂၃)

ကျန်းမာရေးကဏ္ဍထဲမှ အမျိုးသမီး။  ။

ဒါဟာ ယူဂန်ဒါအမျိုးသမီးပါ။ အမှတ် (၁၈)

လက်ရှိ ယူဂန်ဒါ ပြည်သူ့လွှတ်တော်ဥက္ကဌ ရေဘက္ကာ ကာဒါဂါ (Rebecca Kadaga)။ ၂၀၁၁ ခုနှစ်မေလမှာ သူဟာ ယူဂန်ဒါရဲ့ ပထမဆုံး လွှတ်တော်ရဲ့ အမျိုးသမီး ပြည်သူ့လွှတ်တော်ဥက္ကဌ ဖြစ်လာတဲ့အခါ အမျိုးသမီးတွေနဲ့ လူမျိုးခြားတွေကို နိုင်ငံရဲ့ အမြင့်ဆုံးနေရာတွေရောက်အောင် တားဆီးထားတဲ့ အတားအဆီးတွေကို ဖြိုခွင်းနိုင်ခဲ့တဲ့ အမျိုးသမီးပင် ဖြစ်ပါတယ်။  ။

ဒါဟာ ယူဂန်ဒါအမျိုးသမီးပါ။ အမှတ် (၄)

ယူဂန်ဒါရဲ့ အကြီးဆုံး ဆင်ခြေဖုံးရပ်ကွက်မှာမွေးခဲ့သူ ဖီယိုနာ မူတေဆီ [16] (Phionah Mutesi [16]) ကတော့ ယူဂန်ဒါရဲ့ နံပါတ် ၁ စစ်တုရင် ချန်ပီယံတယောက်ဖြစ်လာသူပါ။ The Queen of Katwe [17] ဆိုတဲ့ ဟောလိဝုတ်ရုပ်ရှင်က သူမရဲ့ဘဝအကြောင်းကို ရိုက်ကူးထားတာပါ။

ဒါဟာ ယူဂန်ဒါအမျိုးသမီးပါ။ အမှတ် (၇)

ကျောင်းဆရာမ။  ။

ဒါဟာ ယူဂန်ဒါအမျိုးသမီးပါ။ အမှတ် (၂၉)

မိခင်။  ။

ဒါဟာ ယူဂန်ဒါအမျိုးသမီးပါ။ အမှတ် (၃၉)

ဒါဟာ ယူဂန်ဒါအမျိုးသမီးပါ။ အမှတ် (၄၄)

ရဲဝန်ထမ်းများ။  ။

ဒါဟာ ယူဂန်ဒါအမျိုးသမီးပါ။ အမှတ် (၅၀)

ကိုယ်ပိုင်ဟန်မူရာရှိသူလေး။  ။

ဒါဟာ ယူဂန်ဒါအမျိုးသမီးပါ။ အမှတ် (၄၂)

ပင်ကိုယ်အလှ။  ။

ဒါဟာ ယူဂန်ဒါအမျိုးသမီးပါ။ အမှတ် (၃၇)

နောက်ဆုံးအနေနဲ့ ယူဂန်ဒါအလံကို ဂုဏ်ယူဝင်ကြွားစွာ အမြင့်မှာကိုင်မြှောက်ထားတဲ့ အမျိုးသမီး။  ။

ဒါဟာ ယူဂန်ဒါအမျိုးသမီးပါ။ အမှတ် (၁)