အန္ဒိယမှ မြေးအဖွားနှစ်ယောက်၏ ချစ်စရာ မီဒီယာလုပ်ငန်းလေးအကြောင်း တစေ့တစောင်း
Rezwan Josephine NanmuWeblog
ဓါတ်ခွဲခန်းဝတ်စုံကုတ်အင်္ကျီ ၀တ်ဆင်ထားသော လူကြီးပိုင်းအမျိုးသမီးတစ်ဦး ကင်မရာကို လှမ်းကြည့်နေသည်။ သူမအမည်မှာ ဒေါက်တာ အင်ဒရီ ပစ်ကယ်လ် ဖြစ်ပြီး ကြည့်ရှုသူများကို အရှေ့တောင်အာရှနိုင်ငံများတွင် အလွန်ရေပန်းစားသော သရက်သီးသနပ် ပြုလုပ်နည်း လက်တွေ့ပြသမည်ဖြစ်ကြောင်း ရှင်းပြနေခြင်းဖြစ်သည်။ ရှင်းပြနေရင်း သူမ၏ သနပ်ဓါတ်ခွဲခန်း သင်ပုန်းပေါ်တွင် သနပ်ပြုလုပ်ရန် အခြေခံ ဖော်မြူလာကို ချရေးလိုက်သည် – နေရောင်ခြည် + သရက်သီး။
ဒေါက်တာ အင်ဒရီပစ်ကယ်လ်သည် အမှန်စင်စစ်တွင် အသက် ၈၄အရွယ်ရှိ အင်ဒရာဂျစ် ကာရ် အမည်ရသော အမျိုးသမီးဖြစ်ပြီး အင်ဒရီ ဆိုသည့် အနုပညာနာမည်ဖြင့် လှုပ်ရှားနေသူဖြစ်ကာ သရက်သီးသနပ် သိပ္ပံ ပညာရှင်လည်း မဟုတ်ရပါ။ မကြာသေးမီကမှ YouTube ပေါ်တွင် တင်လိုက်သော ဗီဒီယို တစ်ခုတွင် သူမ သရုပ်ဆောင်နေခြင်းသာဖြစ်သည်။ သူမ၏မြေးမလေး ဂျက်စမင်း ပသီးဂျာ ၏ အကူအညီများဖြင့် YouTube၊ ဘလော့ဂ်၊ တွစ်တာ ၊ ဖေ့ဘုတ်ခ် စသည်တို့ကဲ့သို့သော လူမှုကွန်ယက်များကို အသုံးချကာ အင်ဒရီတစ်ယောက် သရုပ်ဆောင်တစ်ဦးဖြစ်လိုသည့် သူမ၏ စိတ်ကူးယဉ်အိပ်မက်များကို အကောင်ထည်ဖော်နေခြင်းဖြစ်သည်။
လမ်းပေါ်တွင် အမျိုးသမီးများအား ကာအိန္ဒြေအနှောင့်အယှက်ပေးမှုကို ဆန့်ကျင်သော လူထု အနုပညာလက်ရာများစုစည်းရာ Blank Noise ကို တည်ထောင်သူတစ်ယောက်ဖြစ်သူ ဣတ္ထိယဝါဒီသမား အနုပညာရှင် ဂျက်စမင်းသည် ဓါတ်ပုံပညာနှင့် ဗီဒီယို ရိုက်ကူးခြင်းကို လေ့လာလိုသည်။ သရုပ်ဆောင်ဖြစ်လိုသော သူမ၏ အဖွားကလည်း သူမအတွက် လိုလိုလားလား အနုပညာရှင်ကော ပူးပေါင်းဆောင်ရွက်ပေးသူပါ ဖြစ်လာသည်။ နှစ်ဦးသားအတူတကွ အင်ဒရီ ရွေးချယ်သော ဇတ်ကောင်များကို အခြေခံ၍ သနပ်ဓါတ်ခွဲခန်း ဗီဒီယိုအပြင် ဓါတ်ပုံတင်ဆက်မှုစီးရီး ကို ထုတ်ဝေခဲ့ကြသည်။
အင်ဒရီတစ်ယောက် သူမဘဝဇတ်ကြောင်းကို သူမ၏ ဘလော့ဂ် တွင်လည်း မျှဝေထားပါသည်။ မြန်မာနိုင်ငံတွင် မွေးဖွားကြီးပြင်းခဲ့ပြီး သူမငယ်စဉ်ကလေးဘဝက ဒုတိယကမ္ဘာစစ်အတွင်း ဂျပန်တပ်များဝင်ရောက်တိုက်ခိုက်ခဲ့ပုံများကို ယခင်က သူမ ဖော်ပြလေ့ရှိသည်။ မိသားစုအလိုက် အိန္ဒိယနိုင်ငံ (လာဟိုး ပြည်နယ်) သို့ ခရီးရှည်ကြီးနှင်ကာ ပြေးလာခဲ့ရသည့် ၁၉၄၁ ခုနှစ်က အကြောင်းများကို သူမ ပြန်ပြောင်းပြောပြတတ်သည်။ ဒုတိယကမ္ဘာစစ်အပြီးတွင် မိုးကုတ်မြို့သို့ သူမပြန်ပြောင်းရွှေ့လာခဲ့သည်။ အသက် ၁၉ နှစ်အရွယ်တွင် အိမ်ထောင်ကျခဲ့သော အင်ဒရီသည် မြန်မာနိုင်ငံတွင် ၁၉၇၀ ခုနှစ်အထိ နေထိုင်ခဲ့သည်။
ကမ္ဘာ့အသံမှ သူတို့၏ လုပ်ငန်းအကြောင်း လေ့လာရန် အင်ဒရီ နှင့် ဂျက်စမင်တို့ကို တွေ့ဆုံပြောဆိုခဲ့သည်။
ကမ္ဘာ့အသံ (GV): အဖွားကို လူမှုကွန်ယက်တွေ သုံးတတ်ဖို့ သင်ပေးခဲ့တာလား။ အဖွားအတွက် ဘာအခက်အခဲတွေများ ရှိခဲ့မလဲ။
ဂျက်စမင်း ပသီဂျာ။ ။အဖွားကို သင်ပေးထားတာတော့မဟုတ်ဘူး ဒါပေမယ့် တစ်ခါတစ်လေဆိုသလို ၀က်ဆိုဒ်အသုံးပြုပုံ အမျိုးအစားတွေ၊ ပြုမူပုံတွေ၊ နောက်ခံအယူအဆတွေနဲ့ ပါတ်သက်ပြီးတော့ ရှင်းပြဖြစ်ပါတယ်။ အဖွားက မကြာခဏ YouTube ကိုသုံးပြီး ခရီးသွားလေ့ရှိတာကို ကျွန်မတော့ အရမ်းချစ်တယ် – YouTube ကနေတစ်ဆင့် ဂျပန် ဇန် ဥယျာဉ်ကို သူသွားလည်တယ် ဒါမှမဟုတ် ဘွန်ဆိုင်းလက်တွေ့သင်ခန်းစာတွေ သွားလေ့လာတယ်။ မနက်ပိုင်း ဓမ္မတေးတွေဆိုလည်း YouTube ကနေပဲ သူနားထောင်တယ်။ YouTube၊ ဖေ့ဘုတ်ခ် နဲ့ တွစ်တာ အစရှိတဲ့ အင်တာနက်စာမျက်နှာတွေကို နှစ်ကာလကြာအောင် မွှေနှောက်ရှာဖွေခဲ့ရာကနေ ဒီလို တတ်လာတာပါပဲ။ အဖွားမှာ အင်တာနက်စာမျက်နှာတွေအကြောင်း မေးစရာရှိလာရင်တော့ ကျွန်မကဖြေပေးတာပေါ့ – ဥပမာ “Instagram နဲ့ Twitter နဲ့ Facebook နဲ့ Tumblr နဲ့ ဘာကွာလဲ သမီး” လို့မေးလာရင် ပုံစံတွေမတူညီတဲ့အကြောင်း၊ တစ်မျိုးစီက အပြုအမူတစ်ခုစီအပေါ် အားပြုတဲ့အကြောင်း ရှင်းပြဖြစ်တယ်။ အင်ဒရီက အခုဆိုရင် Facebook၊ Google၊ YouTube၊ WhatsApp စတာတွေကို အလွယ်တကူ သုံးနိုင်တယ်။ အစပိုင်းတုန်းကတော့ ပန်းချီဆွဲ၊ Microsoft Word သုံး၊ ဖဲချပ် (solitaire)ကစားတာတို့နဲ့ အီး-နှုတ်ဆက်စာလေးတွေ ပို့တယ်။
အင်ဒရီက တစ်ဦးတည်းနေထိုင်ပြီး အမှီအခိုကင်းသူလည်းဖြစ်တယ်။ Flipkart/Bigbasket လိုမျိုး အင်တာနက်စာမျက်နှာတွေကနေတစ်ဆင့် မီးဖိုချောင်သုံးပစ္စည်းတွေနဲ့ တခြားပစ္စည်းပစ္စယတွေကို ၀ယ်ယူနိုင်တယ်ဆိုတာကို သူ သဘောကျပါတယ်။ အခုအချိန်ဆို ခရီးသွားလက်မှတ်တွေ မှာယူတတ်အောင် လေ့လာချင်နေသူ ဖြစ်နေတယ်။
အင်ဒရီကို ဘယ်အရာတွေက သူ့အတွက် စိန်ခေါ်မှုအများဆုံးဖြစ်မလဲလို့ ကျွန်မမေးကြည့်တော့ ဘာသာစကားနှင့် ဝေါဟာရတွေလို့ သူပြောပါတယ်။
အင်ဒရာဂျစ် ကာရ်: တစ်ကမ္ဘာလုံးက လေ့လာနေကြတာချည်းပဲ.. ဘာလို့ အဖွားလည်း လေ့လာမနေရမှာလဲ။ အဖွားအတွက်က ပိုလို့တောင် လေ့လာစရာတွေ များသေးတယ်။ ကမ္ဘာနဲ့တန်းတူ လိုက်လျှောက်နိုင်ဖို့ အရေးကြီးတယ်။
GV: ဒီလိုသရုပ်ဆောင်ဖို့ စိတ်ကူးကို ဘယ်ကရပြီးတော့ ဒီအလုပ်တွေ ဆက်လုပ်ဖြစ်သွားတာလဲ။
Jasmeen Patheja: I wanted to take photos. My grandmother wanted to act. My grandmother Indri and I have been collaborating for years.
I was also in art school and pursuing photography/community arts. Indri’s desire to act has been the start of this collaboration. This premise led to mutual exchange. It created a series of photo performances based on characters Indri desires to become. This collaboration emerges from play, curiosity, desire. Performances range from queen, politician, scientist.
We collaborate because we enjoy the process. We both think we “get lost in acting and photo making”, it nurtures both of us. It makes us happy.
Indri Pickle Lab came out of the larger series of photo performances, and here Indri plays a scientist making mango pickle in her laboratory. The idea was spontaneous, but also looking at pickle making, precision, science, labour and knowledge sharing.
ဂျက်စမင် ပသီဂျာ: ကျွန်မ ဓါတ်ပုံတွေ ရိုက်ချင်တယ်လေ။ အဖွားက သရုပ်ဆောင်ပေးချင်တယ်။ ကျွန်မတို့နှစ်ယောက် တွဲပြီး အတူတူ အလုပ်လုပ်လာတာ နှစ်ပေါင်းအတော်ကြာခဲ့ပြီ။
ကျွန်မ အနုပညာကျောင်းမှာ ဓါတ်ပုံပညာနဲ့ ရပ်ရွာလူထုအနုပညာ ဘာသာရပ်တွေကို လေ့လာခဲ့တယ်လေ။ အင်ဒရီရဲ့ သရုပ်ဆောင်လိုစိတ်တွေကတော့ ကျွန်မတို့နှစ်ယောက် ပူးပေါင်းမှုရဲ့ အစပေါ့။ အဲ့လိုနဲ့ပဲ အပြန်အလှန်ဖလှယ်ဖြစ်ခဲ့တယ်။ အင်ဒရီလုပ်ချင်တဲ့ ဇတ်ကောင်တွေအပေါ်အခြေခံပြီး ဓါတ်ပုံတင်ဆက်မှုစီးရီးလေးတစ်ခု ဖန်တီးဖြစ်ခဲ့ကြတယ်။ ဒီ စုစည်းမှု က ပြဇတ်၊ သိလိုစိတ်ပြင်းပြမှု နဲ့ လိုချင်စိတ်တွေကနေ ပေါ်ထွက်လာတာပါ။ တင်ဆက်မှုတွေကတော့ ဘုရင်မ၊ နိုင်ငံရေးပညာရှင် စတာတွေကနေ သိပ္ပံပညာရှင်အထိ ပါတယ်။
အတူတူတွဲပြီး အလုပ်လုပ်ရတာ အရမ်းပျော်စရာကောင်းတာနဲ့ပဲ ကျွန်မတို့ ဆက်ပူးပေါင်းဖြစ်ကြတယ်ပေါ့။ ကျွန်မတို့ နှစ်ယောက်လုံး ဓါတ်ပုံရိုက်နေရရင်၊ သရုပ်ဆောင်နေရရင် အရာအားလုံးကို မေ့သွားတတ်တယ်ထင်တယ်..အဲ့လိုလုပ်နေရတာက ကျွန်မတို့အတွက် အားပဲ။ ကျွန်မတို့ကို ပျော်စေတယ်။
အင်ဒရီပစ်ကယ်လ် ဓါတ်ခွဲခန်း ကို ဓါတ်ပုံတင်ဆက်မှုစီးရီးထဲမှ ထုတ်နှုတ်ထားတာဖြစ်ပြီးတော့ ဒီနေရာမှာ အင်ဒရီက ကိုယ်ပိုင်ဓါတ်ခွဲခန်းမှာ သရက်သီးသနပ် ပြုလုပ်နေတဲ့ သိပ္ပံပညာရှင်တစ်ယောက်အဖြစ် သရုပ်ဆောင်ထားတာပါ။ စိတ်ကူးစိတ်သန်းများတွေက ရုတ်ချည်းထွက်ပေါ်လာခဲ့တာဖြစ်ပေမယ့် သနပ်ပြုလုပ်နည်း၊ တိကျမှု၊ သိပ္ပံ၊ လုပ်အား၊ အသိပညာမျှဝေမှုကို ရှေးရှူထားတဲ့ စိတ်ကူးမျိုးဖြစ်ပါတယ်။
GV: စာဖတ်သူတွေကနေ ဘယ်လိုတုံ့ပြန်မှုမျိုးတွေ ရပါလဲ။
ဂျက်စမင် ပသီဂျာ:သဘောကျ၊ အားကျကြတဲ့ အားပေးကြတဲ့ တုံ့ပြန်မှုတွေရပါတယ်။ ဒီပူးပေါင်းမှုကနေတစ်ဆင့် အင်ဒရီနဲ့ ကျွန်မတို့နှစ်ယောက် မိတ်ဆွေသစ်တွေလည်း အများကြီးရတယ်။ အင်ဒရီ့အရွယ် အမျိုးသမီး မိတ်ဆွေတွေ၊ ဆွေမျိုးတွေက အံ့သြတကြီးနဲ့ အားပေးကြတယ်… သူတို့လည်း သူတို့မြေးမလေးတွေနဲ့ အဲ့လိုလုပ်ချင်တယ်လို့ ပြောကြတယ်။
ကျွန်မတို့ရဲ့ အလုပ်ကို အစပိုင်းကတည်းက ပံ့ပိုးပေးခဲ့တဲ့ Akademie Schloss Solitude ဆိုတဲ့ ဂျာမန် အနုပညာအစီအစဉ်တစ်ခုမှာ ၂၀၁၀ လောက်က ကျွန်မတို့နှစ်ယောက် အတူသွားနေပြီး ပါ၀င်ခဲ့သေးတယ်။
စာဖတ်သူတွေက ချစ်ခြင်းမေတ္တာ၊ အားပေးမှုတွေနဲ့ တုံ့ပြန်ကြသလို ကျွန်မတို့အနေနဲ့လည်း ကျွန်မတို့ရဲ့ ဖန်တီးမှုလေးကနေတစ်ဆင့် ချစ်ခြင်းမေတ္တာတွေ ခံစားရရှိတာကို အရမ်းကျေနပ်ပါတယ်။
GV: ဒီခေတ်ရဲ့ မျိုးဆက်သစ်တွေဟာဆိုရင် သူတို့ရဲ့ အသက်ကြီးပိုင်း အမျိုးအဆွေတွေနဲ့ အဆက်အသွယ်ပြတ်ကုန်သလောက် ဖြစ်နေတယ်… မိသားစုတွေ တသီးတခြားစီဖြစ်ကုန်ပြီ… တစ်ယောက်တစ်နေရာစီ နေကြရင်းနဲ့ပေါ့။ ဒီလိုဖြစ်လာတဲ့ ကွာဟမှုတွေကို လူမှုကွန်ယက်တွေ၊ အင်တာနက်ကြားခံတွေကနေတစ်ဆင့် ဘယ်လိုပေါင်းကူးပေးနိုင်မယ်လို့ ထင်ပါလဲ။
ဂျက်စမင် ပသီဂျာ: ကျွန်မမိသားစုဆိုရင် မြို့အနှံ့ နိုင်ငံအနှံ့မှာ ပြန့်ကျဲနေတာ။ ကျွန်မက ဘန်ဂလော မှာနေတယ်။ အဖွားက ကာလကတ္တား မှာနေတယ်။ အခုဆိုရင် အဖွား သူ့မြေးယောက်ျားလေးတွေကို မတွေ့ရတာ နှစ်နှစ်လောက်ရှိပြီ၊ သူ့ရဲ့ ငါးလသမီး မြစ်ကလေးကိုလည်း သူမတွေ့ရသေးဘူး။ သူမရဲ့ အဆက်အသွယ်ရှိလိုစိတ်ကပဲ သူမကို အင်တာနက်သုံးဖို့ ဦးတည်စေခဲ့တာ။ အဲ့တော့ ဟုတ်ကဲ့… ဒီဝေးကွာမှုတွေကို အင်တာနက်ကနေတစ်ဆင့် ပေါင်းကူးပေးနိုင်ပါတယ်။