- Global Voices မြန်မာ - https://my.globalvoices.org -

လူမှုမီဒီယာဟာ အာဖဂန်နစ္စတန်မှာ အကြမ်းဖက်မှုကို ဆက်လက်တည်တံ့အောင် အကူအညီပေးနေသလား

အမျိုးအစားများ: အာ​ရှ​အလယ်​ပိုင်း​နှင့် ကော်​ကေး​ရှဒေသ, အာဖဂန်နစ္စတန်, စစ်ပွဲနှင့် တိုက်ခိုက်မှုများ, နည်းပညာ, နိုင်ငံရေး, ပြည်သူသတင်း, လူငယ်များ, အမျိုးသမီး​နှင့် ကျားမကွဲပြားမှု, GV ပြောရေးဆိုရာ
Facebook. The Taliban's best friend? Widely shared.

ဖေ့ဘုတ်(ခ). တာလီဘန်တွေရဲ့ အချစ်ဆုံးသူငယ်ချင်းလား။ လူမှုမီဒီယာတွင် လူအများဝေမျှနေကြသည်။

မေလ ၃၁ ရက်နေ့တွင် တရက်အလိုက တာလီဘန်သောင်းကျန်းသူအဖွဲ့မှ ပြန်ပေးဆွဲခဲ့သော ဘတ်စ်ကားခရီးသည် ဆယ့်နှစ်ဦးသည် ကွန်ဒွတ် (Kunduz) ပြည်နယ်၏ မြို့ဆင်ခြေဖုံးရှိ လမ်းဘေးတွင် သေဆုံးနေသည်ကို တွေ့ရှိရသည်။ တရက်ထဲတွင်ပင် သွေးထွက်သံယိုဓာတ်ပုံများ လူမှုမီဒီယာတွင် ဖုံလွှမ်းသွားခဲ့သည်။

တဆက်တည်းတွင် အဆိုပါ တာလီဘန်များသည် အသတ်ခံရသူများမှာ အစိုးရစစ်သားများဖြစ်ကြောင်း ၎င်းတို့၏ ဖေ့ဘုတ်(ခ) စာမျက်နှာမှနေတဆင့် ကြေညာချက် ပြုလုပ်ခဲ့သည်။ ထိုရေးတင်မှု နှင့် စာမျက်နှာသည် ဖေ့ဘုတ်(ခ)မှ ဖယ်ရှားခြင်းခံခဲ့ရသည်။

خبر مهم:
صبح امروز در منطقه انگورباغ شهر کندز ۲۶تن عساکر فعال اداره کابل که با استفاده ازموترهای ملکي سفر میکردند، شناس…

ယနေ့တွင် အန်ဂူးဘား (Angur Bagh) ဧရိယာတွင် အရပ်သားမော်တော်ယာဉ်များနှင့်အတူ ခရီးသွားလာနေသော ကဘူးလ်အုပ်ချုပ်ရေး၏ တက်ကြွစစ်သား ၂၆ ဦးသည် ဖယ်ထုတ်ခံရပြီး ဖမ်းဆီးခံခဲ့ရသည်။ သူတို့ထဲမှ ခြောက်ဦးသည် လွတ်မြောက်ရန် ကြိုးစားနေစဉ် အသတ်ခံခဲ့ရပြီး ကျန်သူများကိုတော့ မေးမြန်းရန် ဘေးကင်းလုံခြုံသော နေရာများသို့ ခေါ်ဆောင်သွားခဲ့သည်။
Al Emarah TV [1] မှ ၂၀၁၆ မေလ ၃၁ ရက် အင်္ဂါနေ့ [2] တွင် ရေးတင်ထားပါသည်။

အာဖဂန်နစ္စတန်တွင် လူမှုမီဒီယာသည် အာဖဂန်လူ့အဖွဲ့အစည်းကိုယ်၌အား ရောင်ပြန်ဟပ်နေသည် ဆိုသည်မှာ သံသယဖြစ်ဖွယ် မရှိပါ။ အာဖဂန်နစ္စတန်သည် ပြည်တွင်းပဋိပက္ခများ [3]နှင့် စိတ်ဝမ်းကွဲနေသော လူ့အဖွဲ့အစည်း တစ်ခုဖြစ်ပြီး လွန်ခဲ့သော ဆယ်စုနှစ်လေးခုအတွင်းတွင် ကမ္ဘာ့အင်အားအကြီးဆုံး (စူပါပါဝါ) နိုင်ငံနှစ်နိုင်ငံ၏ ကျူးကျော်မှုနှင့် ပိုမိုဆိုးရွားလာခဲ့သော လူ့အဖွဲ့အစည်း ဖြစ်ပါသည်။

သို့ပေမဲ့လည်း လူမှုမီဒီယာ၏ အသံချဲ့ပေးသော အစွမ်းကြောင့် အကြမ်းဖက်မှု၏ စက်ဆုတ်ဘွယ်ဖြစ်သော ပုံရိပ်များကို ရှာဖွေမနေသောသူများပင်လျှင် နိုင်ငံအတွင်းရှိ အမှီအခိုကင်းသောမီဒီယာကပင်ဖြစ်ဖြစ် တိုးများလာသော စမတ်ဖုန်းကိုင်ထားသည့် ပြည်သူသတင်းထောက်များကပင်ဖြစ်ဖြစ် ဖမ်းယူပြီးဖော်ပြနေသည့် ဤကဲ့သို့စက်ဆုတ်ဘွယ်ပုံရိပ်များကို မမြင်ချင်သော်လည်း စစ်ထုတ်နိုင်စွမ်း မရှိတော့ပါ။

အာဖဂန်နစ္စတန်၏ လူမှုကွန်ယက်များအား ပုံမှန်ဖွင့်စစ်ကြည့်နေခြင်းဆိုသည်မှာ သွေးထွက်သံယိုမှု၊ ရန်လိုမုန်းတီးမှု၊ ဗုံးခွဲမှု၊ ကွပ်မျက်မှု နှင့် သတ်ဖြတ်မှု တို့၏ အနိဠာရုံများကို နေ့စဉ်နှင့်အမျှ မှီဝဲနေရသလိုပင်ဖြစ်သည်။

သို့သော် ၎င်းသည် မည်ကဲ့သို့သော သက်ရောက်မှုမျိုးကို ဖြစ်နေပါသလဲ။

တာလီဘန် နှင့် လူမှုမီဒီယာ

တာလီဘန် နှင့် အခြားသောင်းကျန်းသူ အုပ်စုများကို ထောက်ပံ့သူများနှင့် ဆန့်ကျင်သူများ နှစ်ဖက်စလုံးသည် အကြမ်းဖက်သည့် ပုံရိပ်များအား ဝေမျှနေကြသည်။

ဆန့်ကျင်သူများအနေနှင့် ထိုသောင်းကျန်းသူများ ကြူးလွန်နေသော ရက်စက်ကြမ်းကြုတ်မှုကို လူအများအာရုံပြုစေလိုသည့် အတွက်ကြောင့် ဓာတ်ပုံများကို ဝေမျှနေပြီး ထောက်ခံသည့်အုပ်စုမှာတော့ အားနည်းနေသော ဗဟိုအစိုးရနှင့် အာဖဂန် အမျိုးသားစစ်တပ်တို့အပေါ် စစ်သွေးကြွတွေ၏ အောင်နိုင်မှုများကို ဝါဒဖြန့်ရန် ပြုလုပ်နေကြခြင်းပင် ဖြစ်သည်။

ဤအဖွဲ့နှစ်ဖွဲ့စလုံးသည် သောင်းကျန်းပုံကန်မှုအတွက် အလကားရသော လူထုဆက်ဆံရေး (PR) အရင်းမြစ်များပင် ဖြစ်ကြသည်။

အထူးသဖြင့် တာလီဘန်များသည် လူမှုမီဒီယာကို ထိထိရောက်ရောက် အလွဲသုံးစားပြုလုပ်ကြသည်။

ယင်းတို့သည် အာဖဂန်အမျိုးသားစစ်တပ်အပေါ် ၎င်းတို့၏ စစ်အောင်နိုင်မှုများကို  သရုပ်ပြရန် ဓာတ်ပုံများနှင့် ထုတ်ပြန်ချက်များကို ပုံမုန် လူမှုမီဒီယာအပေါ် တင်လေ့ရှိပြီး ယင်းအုပ်စုကို ထောက်ခံသော ပြည်သူများသည် အဖွဲ့အစည်း၏ အယူခံကို ဖြန့်ကျက်ရန်နှင့် ကဘူးလ်အာဏာပိုင်များ၏ ချို့ယွင်းချက်ကို မီးမောင်းထိုးပြရန် ဖေ့ဘုတ်(ခ်) ကဲ့သို့သော စင်္ကြန်များကို အသုံးပြုကြသည်။

ထိုအချက်ကြောင့် အခြားသူများသည် လူမှုမီဒီယာအသုံးပြုသူများကို ထိုအုပ်စုများ အလွဲသုံးစားပြုပုံများကို ဖော်ပြနေသည့် ဓာတ်ပုံများကို မဝေမျှရန် သတိပေးနေကြသည်။ ဖေ့ဘုတ်(ခ်) ကိုယ်၌ကလည်း အကြမ်းဖက်မှုလုပ်ရပ်များကို ပြုလုပ်သည့် အဖွဲ့အစည်းများ (သို့မဟုတ်) အကြမ်းဖက်မှု နှင့် ရာဇဝတ်မှု ကြူးလွန်သော အုပ်စုများကို ထောက်ခံအားပေးသည့် အကြောင်းအရာများ ပါဝင်မှုကို လက်မခံ [4]သော်လည်း လက်တွေ့တွင်မူ ဖေ့ဘုတ်(ခ်)သည် ထိုအကြောင်းအရားများကို ၎င်း၏ စင်္ကြန်များပေါ်မှ ဖယ်ထုတ်နိုင်ရန် ကြိုးပမ်းနေရသေးသည်။

မည်သို့ပင်ဖြစ်စေ သောင်းကျန်းသူများသည် တိုင်းပြည်မြောက်ပိုင်းရှိ ကွန်ဒု(Kunduz) ပြည်နယ်ကဲ့သို့သော ဗျူဟာကျသော နေရာများတွင် ၎င်းတို့ စိုးစံနေကြောင်း  ပြည်သူလူထုကို ပြသနိုင်ခြင်းဖြင့် အကျိုးအမြတ်များ ရရှိနေသည်။

یکی از اهداف طالبان از سلاخی مسافران ، ایجاد جنگ روانی و پراکندن وحشت در بین مردم است.
کسانی که صحنه های دلخراش مسافران را نشر می کنند نه تنها به خانواده این قربانیان جفا می کنند بلکه ناخواسته در جهت تبلیغ طالبان قدم بر می دارند.

တာလီဘန်တွေက အများသုံးယာဉ်ပေါ်က ခရီးသည်တွေကို သတ်ဖြတ်ပြီးရုံသာမက ပြည်သူတွေကို စိတ်ပိုင်းဆိုင်ရာစစ်ဆင်ရေးနဲ့ အကြမ်းဖက်နေသေးတယ်။ အသတ်ခံရတဲ့ ခရီးသည်တွေရဲ့ သွေးထွက်သံယိုဓာတ်ပုံတွေကို ဝေမျှနေသူတဲ့သူတွေက အသတ်ခံရတဲ့သူတွေရဲ့ မိသားစုတွေကို နာကျင်အောင်စိတ်ဆွပေးနေရုံသာမက တာလီဘန်တို့ရဲ့ ဝါဒါဖြန့်မှုကို မရည်ရွယ်ပဲ အထောက်အကူ ပြုနေသလိုဖြစ်နေတယ်။

ဖေ့ဘုတ်(ခ) အသုံးပြုသူ Hassan Faryaar [5] မှ အင်္ဂါနေ့ မေလ ၃၁ ၂၀၁၆ [6] တွင် ရေးတင်ထားသည်။

တာလီဘန် နှင့် အခြားအုပ်စုများ၏ လုပ်ရက်များကို ပြသနေသော ဓာတ်ပုံများအပြင် အာဖဂန်လူမှုမီဒီယာပေါ်တွင် ဖြစ်ပွားနေသော အခြား အကြမ်းဖက်မှု ပုံစံများလည်း ရှိသေးသည်။

နှတ်ပိုင်းဆိုင်ရာစော်ကားမှု နှင့် အနှောင့်အယှက်ပေးမှုများသည်လည်း အကြမ်းဖက်မှုပင် ဖြစ်သည်။

များမကြာခင်က ဘာ့လ်ခ်ပြည်နယ်မြောက်ပိုင်းမှ လွတ်တော်အမတ်တစ်ဦးဖြစ်သော မိုဟာမက် နာတီကီ သည် သူ၏ ကလေးများမှာ သူ၏ ဖေ့ဘုတ်(ခ်)ပို့စ်များအောက်မှ ရေးသားချက်များ (comments)များရှိ စော်ကားရေးသားမှုများ အထူးသဖြင့် ၎င်းတို့၏ မိခင်ကို ရိုင်စိုင်းစွာ ရေးသားပြောဆိုမှုများကို ဖတ်မိသောကြောင့် စိတ်ဓာတ်ကျဆင်းမှုဖြင့် ကြီးပြင်းနေရသည်ဟု ဖေ့ဘုတ်(ခ်)ပေါ်တွင် ရေးသားခဲ့ပါသည်။

نشست فرزندانم

من چهار پسر و دو دختر دارم همه شان غیر سیاسی اند البته یکی علوم سیاسی خوانده اما نمی دانم چه قدر علاقه به…

ကျွန်တော့်သမီးနဲ့သားတွေဟာ ကျွန်တော့် ဖေ့ဘုတ်(ခ်)ကို ဖတ်တယ်၊ ပြီးတော့ သူတို့အမေကို စော်စော်ကားကားရေးထားတဲ့ စာလုံးတွေကို ဖတ်ပြီးနောက် ရူးကုန်ကြပြီ။

Mohammad Nateqi [7]မှ  ၂၀၁၅ နိုဝင်ဘာလ ၁၄ ရက် စနေနေ့ [8]တွင် ရေးတင်ခဲ့သည်။

ဤကဲ့သို့ ဆဲရေးတိုင်းထွာမှု နှင့် မတားရားကျင့်မှုများသည့် အာဖဂန် လူမှုမီဒီယာယဉ်ကျေးမှုတွင် တစ်ပြုံတစ်ခေါင်းပင်ဖြစ်သည်။

ဒေသခံ ရေဒီယိုဌာနတစ်ခုဖြစ်သော စာလမ်ဝါတန်ဒါ မှ ပြုလုပ်ခဲ့သော လေ့လာစောင့်ကြည့်မှုတစ်ခုတွင် သမ္မတ အာရှရဖ် ဂါနီ၏ ဖေ့ဘုတ်(ခ်)စာမျက်နှာတစ်ခုတည်းတွင်ပင် တစ်ပတ်လျှင် ဆဲရေးတိုင်းထွာသော စာလုံးပေါင်း ပျဉ်းမျှ ၁၅၀၀မျှ ရရှိနေသည်။

လူမှုမီဒီယာပေါ်ရှိ အသုံးပြုသူအမျိုးသမီးများအထူးသဖြင့်သည် အသုံးပြုသူအမျိုးသားများမှ ဆဲရေးတိုင်းထွာမှုနှင့် နှောင့်ယှက်မှုတို့ကို သီးသန့်ရရှိနေကာ ၎င်းသည် အမျိုးသမီးများအား နာမည်အရင်းနှင့် ၎င်းတို့၏ ဓာတ်ပုံအစစ်ကို မသုံးရဲရန် ပြုလုပ်နေပါသည်။

အာဖဂန်ဖေ့ဘုတ်(ခ်)အသုံးပြုသူ အကြမ်းဖျင်းတစ်သန်းဝန်းကျင်တွင် [9] အမျိုးသမီးဟု သတ်မှတ်လို့ရသော သူများသည် ၂၈ ရာခိုင်နှုန်းသာရှိသော်လည်း အမှန်တကယ်တွင် နာမည်ပြောင်များနှင့် နာမည်တုများသုံးနေသူများကို ထည့်ရေတွက်ပါက ထိုထက်ပိုများမည်ဟု အာဖဂန်နစ္စတန် ဆက်သွယ်ရေးဝန်ကြီးဌာနက အသိအမှတ်ပြုပါသည်။

အာဖဂန်၏ အမျိုးသမီးအဆိုတော် အာရီယာနာ ဆာရိသည် ချမ်းသာသော ချစ်ရေးဆိုသူများသည် သူ့ကို ပိုက်ဆံပေးပြီး အတူတူအိပ်ခိုင်းရန် ဖေ့လုတ်(ခ်)မှတဆင့် စာများပို့နေသည်ဟု လွန်ခဲ့သော ဖေဖော်ဝါရီလက ထုတ်ဖော်ပြခဲ့သည်။

I am not sure if I should blame these rich businessmen who think they can buy anything and anyone with money or blame those who have sold themselves and let such people play with them in any manner they desire. I hope soon enough the day will come when Artists would earn their living from their art, real talent and hard work and not hurt the name an image of an “Artist” rather than in ways that enable these individuals to actually dare propose something like this to an Artist.

Ps. I decided not to reveal the name and other personal information of this individual as it would have ruined the name of his family. I hope he has learnt his lesson.

Posted by Aryana Sayeed Music [10] on Saturday, February 6, 2016 [11]

ပိုက်ဆံရှိရင် ဘာကိုမဆို၊ ဘယ်သူ့ကိုမဆို ဝယ်လို့ရတယ်လို့ ထင်နေတဲ့ ချမ်းသာတဲ့ သူဌေးတွေကိုပဲ အပြစ်တင်ရမလား၊ ကိုယ့်ကိုယ်ကို ရောင်းစားပြီး သူတို့လိုလူတွေကို လုပ်ချင်တိုင်းလုပ်လို့ရအောင် ခွင့်ပြုနေတဲ့ သူတို့ကိုပဲအပစ်တင်ရမလား ကျွန်မလည်း မစဉ်းစားတတ်တော့ပါဘူး။ တနေ့ကျရင် အနုပညာရှင်များဟာ သူတို့ရဲ့ သက်မွေးဝမ်းကြောင်းကို သူတို့ရဲ့ အနုပညာ၊ ပါရမီနဲ့ သူတို့ရဲ့ အလုပ်ကြိုးစားမှုတွေကနေ ရရှိပြီး “အနုပညာရှင်”များရဲ့ နာမည်နဲ့ ပုံရိပ်ကို ထိခိုက်အောင် အဲ့လိုလူတွေ ဒီလိုပုံစံမျိုးလာပြီး တောင်းဆိုတာမျိုးကို လုပ်ရဲအောင်ပြုလုပ်တာမျိုးမဖြစ်တဲ့ နေ့ရောက်လာမယ်လို့ မျှော်လင့်ပါတယ်။

အဲ့ဒါနဲ့  အဲ့ဒီလာတောင်းဆိုတဲ့လူရဲ့ နာမည်အစစ်ကို ကျွန်မ မဖော်ထုတ်ပြတော့ပါဘူး။ ဘာလို့လဲဆိုတော့ သူ့မိသားစုဘဝ ပျက်စီသွားမှာစိုးလို့ပါ။  သူ သင်ခန်းစာရသွားမယ်လို့ မျှော်လင့်ပါတယ်။

Aryana Sayeed Music [10] မှ ၂၀၁၆ ဖေဖေါ်ဝါရီလ ၆ ရက် စနေနေ့ [11]တွင် ရေးတင်ထားသည်။

အာဖဂန်နစ္စတန်တွင် လူမှုမီဒီယာအသုံးပြုမှုသည် လျှင်မြန်စွာ တိုးပွားနေသလို စစ်မက်ပြုခြင်းနှင့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများကို အားပေးသော အင်တာနက်ပေါ်တွင် အပျက်သဘောနှင့် သုံးခြင်းများလည်း တိုးပွားနေသည်မှ ထင်ရှားလှပါသည်။

အစိုးရသည် တာလီဘန်ထကြွမှုကို တိုက်ဖျက်ရန် ကြိုးပမ်းနေစဉ် လူမှုအဖွဲ့အစည်း၏ ဆက်ဆံရေးများကို ဆွဲဖျက်နေသည့် စိမ့်ဝင်ကူးစက်ပျံနှံ့နေသော အင်တာနက်ပေါ်မှ အကြမ်းဖက်မှု လှိုင်းများမှာတော့ လစ်လျူရှုခံနေရပါသေးသည်။