- Global Voices မြန်မာ - https://my.globalvoices.org -

မော်စီတုန်း၏ တရုတ်ပြည် သမိုင်း၂မျိုး၊ ဝါဒဖြန့်ရန် သမိုင်းကို ပြုပြင်ခြင်း

အမျိုးအစားများ: အရှေ့အာရှ, တရုတ်, ဓာတ်ပုံ, ပြည်သူသတင်း, သမိုင်း

၂၀၁၃ ဇန်နဝါရီလ ၂၉ နှင့် ၃၀ ရက်နေ့များတွင် တရုတ်ပြည်၏ သြဇာအရှိဆုံး ပြည်သူ့ဘလော့ဂ်ရေး စင်္ကြန်တစ်ခုဖြစ်သော Sina Weibo ပေါ်ရှိ ထိပ်တန်း ပြည်သူဘလော့ဂ်တစ်ခုမှ တရုတ်ပြည် မော်စီတုန်း ခေတ် (၁၉၄၉-၁၉၇၆) [1] သမိုင်းကို ပုံစံ ၂မျိုးနှင့် ဖော်ပြနေသော သမိုင်းဝင် ဓါတ်ပုံ အစုံလိုက်များ [2]ကို ဝေမျှခဲ့ပါသည်။

@Pongyoung ဘလော့ဂ်မှ ထုတ်ဝေခဲ့သော ဓာတ်ပုံများသည် “သမိုင်းကို ဘယ်လိုမျိုး ပြင်ဆင်ခဲ့သလဲ” ဟု ရေးသားထားသည့် မှတ်ချက်နှင့်အတူ ယှဉ်တွဲဖော်ပြထားပြီး တစ်နေ့အတွင်း twitter ပေါ်တွင် ၁၃၃၆၂ ကြိမ် ဝေမျှခံခဲ့ရပြီး comment ပေါင်း ၂၂၃၇ ခု ရေးသားခဲ့ကြသည်။ အဆိုပါ ဓါတ်ပုံနှင့် ၎င်းတို့၏ ရှင်းပြချက်များမှာ မူလက ifeng.com ၏ သမိုင်းရုပ်သံလိုင်း [3]မှ ထုတ်ဝေခဲ့ခြင်း ဖြစ်သည်။

စာဖတ်သူများ မြင်သာစေရန် အဆိုပါဓာတ်ပုံများထဲမှ ၁၀ ပုံကို ရှင်းလင်းချက်နှင့် အတူယှဉ်တွဲ ဖော်ပြထားပါသည်။

ဒုတိယ ဓာတ်ပုံထဲတွင် ပျောက်နေသောသူမှာ တရုတ်ကွန်မြူနစ် ပါတီဝင်ဟောင်း Lin Biao (လင်ပျောင်း) ဖြစ်ပါသည်။ ၁၉၇၁ တုန်းက မော်စကိုမှ ထွက်ပြေးရန် ကျိုးစားစဉ် မအောင်မြင်ဖြစ်ခဲ့ပြီးနေက် သူဟာ သစ္စာဖောက်အနေနှင့် ရှုံချထားခံရသူဖြစ်ပါသည်။ ထွက်ပြေးစဉ် လေယာဉ်ပျက်ကျပြီး သေဆုံးခဲ့ပါသည်။

ပျောက်ဆုံးနေသူကတော့ Peng Dehuai (ဖုန် တယ်ဟွိုင်) ဖြစ်ပြီး အရေးပါသော တရုတ် ကွန်မြူနစ် စစ်ခေါင်းဆောင်တစ်ဦး ဖြစ်ပါသည်။ ယဉ်ကျေးမှု တော်လှန်ရေး အတွင်းမှာ သူဟာ အဖမ်းခံခဲ့ရပြီး ၁၉၇၄ ခုနှစ်ခု အကျဉ်းထောင် ထဲမှာ သေဆုံးသွားပါသည်။

ဓာတ်ပုံကို ပြုပြင်ထားပုံမှာတော့ ထိုခေတ်အခါက အရေးပါဆုံး ကွန်မြူနစ် ခေါင်းဆောင်နှစ်ဦး မော်စီတုန်း နှင့် စတာလင်တို့ကို ပေါ်ပေါ်ထင်ထင်ဖြစ်အောင် ပြုလုပ်ထားခြင်းဖြစ်ပါသည်။

မဆိုင်သော၊ အရေးမပါသော သူများကို ဖယ်ထုတ်ကာ ခေါင်းဆောင်ကို မီးမောင်းထိုးပြခြင်း ဖြစ်သည်။

ပျောက်ဆုံးနေသူမှာ Peng Zhen (ဖုန်ကျိန်) ဖြစ်ပြီး တရုတ် ကွန်မြူနစ် ပါတီဝင်တစ်ဦး ဖြစ်သည်။ သူ့ကိုလည်း ယဉ်ကျေးမှု တော်လှန်ရေး အတွင်း စာပေနှင့် နိုင်ငံတော်နှင့် ပက်သက်၍ မော်စီတုန်း၏ အမြင်များကို ဆန့်ကျင်သဖြင့် ပါတီမှ သန့်စင်ပစ်ခဲ့သည်။

ထီးများနှင့် ထီးဆောင်းပေးနေသူများက နောက်ခံ ဇာတ်ခုံ ကို ကွယ်နေသဖြင့် ဖယ်ထုတ်ထားသည်။

ထိုဓာတ်ပုံမှာ ၁၉၂၇ ခုနှစ်တွင် ရိုက်ခဲ့ပြီး အတွေးအခေါ်ပညာရှင်များနှင့် စာရေးဆရာများတို့၏ ပုံဖြစ်သည်။ ပုံထဲတွင် Zhou Jianren (ကျိုး ကျန့်ရန်)၊ Xu Guangping (ရွှီကွမ်ဖျင်)၊ Lu Xun (လူရွှင့်) (အရှေ့တန်း ဘယ်မှညာ)၊ နှင့် Sun Xifu (စွင်း ရှီဖူ)၊ Lin Yutang (လင်ယွိထန်)၊ Sun Fuyuan (စွင်း ဖူယွမ်) (အနောက်တန်း ဘယ်မှညာ) တို့ဖြစ်ကြပါသည်။ Lin Yutang (လင်ယွိထန်) ဟာ ၁၉၄၉ တွင် ထိုင်ဝမ်သို့ ထွက်ပြေးလွတ် မြောက်ခဲ့ပြီး ၁၉၉၇ မတ်လတွင် ဓာတ်ပုံကို ပြန်လည် ထုတ်ဝေသည့် အခါ Sun Xifu (စွင်း ရှီဖူ) နှင့် Lin Yutang (လင်ယွိထန်) တို့ကို ထုတ်ပစ်ခဲ့သည်။

ပြည့်သူလွတ်မြောက်ရေးတပ်မှ စစ်သားတစ်ဦးဖြစ်သော Lei Feng (လီဖုန်း) ဟာ သူသေသွားပြီး နောက်ပိုင်းမှာ စံပြ နိုင်ငံသားတစ်ဦးအဖြစ် ဖော်ပြခံရပါသည်။ သူ၏ ဓာတ်ပုံနောက်ခံကို ထင်းရှုးပင်များနှင့် အစားထိုးခဲ့ပြီး နိုင်ငံရေးဝါဒဖြန့်ရန် ရည်ရွယ်ချက်တွင် အမြဲစိမ်းသစ်ပင်တို့၏ သင်္ကေတအဖြစ် အသုံးပြုခဲ့ပါသည်။

၁၉၃၇ ခုနှစ်တွင် အနီရောင်တပ်စခန်း၌ မော်စီတုန်းနှင့်အတူ စစ်လေ့ကျင်းရေး သွားခဲ့ကြသော ရဲဖော်အများအပြားသည် မော်စီတုန်းခေတ်တွင် ဓာတ်ပုံထုတ်ဝေသည့်အခါ ဓာတ်ပုံထဲတွင် ဖယ်ထုတ်ခံထားရသည်။ မူရင်းဓာတ်ပုံသည် Deng Xiaoping (တိန့်ရှောင်ဖိန်) ခေတ် ၁၉၈၆ နှစ်မှသာ ပြန်လည်ပေါ်ထွက်လာခဲ့သည်။

ပျောက်နေသူမှာ Ren Bishi (ရန့်ပိရှီ) ဖြစ်ပြီး တရုတ် ကွန်မြူနစ် ပါတီ နှင့် စစ်ခေါင်းဆောင် တစ်ဦး ဖြစ်သည်။ ဓာတ်ပုံကို ၁၉၄၀ တွင် Zhou Enlai (ကျိုးအန်လိုင်) နှင့် မော်စီတုန်းတို့နှင့် အတူ ရိုက်ကူးထားပြီး ရန့်ပိရှီကို တရုတ်လွတ်မြောက်ရေး စစ်ပွဲ၌ ဆီုဗီယက် ပြည်ထောင်စုတွင် ဖျားနာပြီး ဆေးရုံတင်ခဲ့ရသည့် အတွက်ကြောင့် ဝေဖန်ခံရသဖြင့် ဖယ်ထုတ်ထားခြင်း ဖြစ်သည်။