၂၀၁၃ ဇန်နဝါရီလ ၂၉ နှင့် ၃၀ ရက်နေ့များတွင် တရုတ်ပြည်၏ သြဇာအရှိဆုံး ပြည်သူ့ဘလော့ဂ်ရေး စင်္ကြန်တစ်ခုဖြစ်သော Sina Weibo ပေါ်ရှိ ထိပ်တန်း ပြည်သူဘလော့ဂ်တစ်ခုမှ တရုတ်ပြည် မော်စီတုန်း ခေတ် (၁၉၄၉-၁၉၇၆) သမိုင်းကို ပုံစံ ၂မျိုးနှင့် ဖော်ပြနေသော သမိုင်းဝင် ဓါတ်ပုံ အစုံလိုက်များကို ဝေမျှခဲ့ပါသည်။
@Pongyoung ဘလော့ဂ်မှ ထုတ်ဝေခဲ့သော ဓာတ်ပုံများသည် “သမိုင်းကို ဘယ်လိုမျိုး ပြင်ဆင်ခဲ့သလဲ” ဟု ရေးသားထားသည့် မှတ်ချက်နှင့်အတူ ယှဉ်တွဲဖော်ပြထားပြီး တစ်နေ့အတွင်း twitter ပေါ်တွင် ၁၃၃၆၂ ကြိမ် ဝေမျှခံခဲ့ရပြီး comment ပေါင်း ၂၂၃၇ ခု ရေးသားခဲ့ကြသည်။ အဆိုပါ ဓါတ်ပုံနှင့် ၎င်းတို့၏ ရှင်းပြချက်များမှာ မူလက ifeng.com ၏ သမိုင်းရုပ်သံလိုင်းမှ ထုတ်ဝေခဲ့ခြင်း ဖြစ်သည်။
စာဖတ်သူများ မြင်သာစေရန် အဆိုပါဓာတ်ပုံများထဲမှ ၁၀ ပုံကို ရှင်းလင်းချက်နှင့် အတူယှဉ်တွဲ ဖော်ပြထားပါသည်။