- Global Voices မြန်မာ - https://my.globalvoices.org -

၂၀၁၅ ခုနှစ်သည် လိင်စိတ်တိမ်းညွတ်မှုဆိုင်ရာ ထွေပြားစုံလင်မှုအတွက် အောင်ပွဲခံသော နှစ်တစ်နှစ် ဖြစ်ခဲ့သည်

အမျိုးအစားများ: ပြည်သူသတင်း, လိင်တူချစ်သူ နှင့် LGBT အခွင့်အရေး, လူ့အခွင့်အရေး, The Bridge

LGBT parade in front of La Moneda, Santiago de Chile in 2009. In 2015 Chile became the seventh South American country to recognise same-sex unions. PHOTO: By CiudadanoGay (Picasa) [CC BY 3.0) via Wikimedia Commons

၂၀၀၉ ခုနှစ် ချီလီ နိုင်ငံ La Moneda အရှေ့ရှိ LGBT စီတန်းလှည့်လည်ပွဲ။ ၂၀၁၅ တွင် ချီလီနိုင်ငံသည် တောင်အမေရိက နိုင်ငံများထဲမှ လိင်တူချင်း တရားဝင် ပေါင်းစဉ်းမှုကို အသိအမှတ်ပြုသော ၇ နိုင်ငံမြောက် ဖြစ်လာသည်။ PHOTO: By CiudadanoGay (Picasa) [CC BY 3.0) via Wikimedia Commons

၂၀၁၅ ခုနှစ်သည် လိင်တူချစ်သူ (LGBTI) အခွင့်အရေးများနှင့် ကမ္ဘာတစ်ဝှမ်းတွင် လိင်စိတ်တိမ်းညွတ်မှုဆိုင်ရာ ထွေပြားစုံလင်မှု (Sexual Diversity) နယ်ပယ်တွင် (အထူးသဖြင့် တန်းတူ ထိမ်းမြားလက်ထပ်ခွင့် နှင့် လိင်တူချစ်သူများ တရားဝင် ပေါင်းစည်းနိုင်ခွင့် တို့တွင်) အောင်မြင်သော နှစ်တစ်နှစ် ဖြစ်ခဲ့သည်။

ပထမဆုံး သတင်းကောင်းမှာ ကက်သလစ်ဘာသာဝင် အများစုနေထိုင်နေသော၊ ၁၉၉၃ ခုနှစ်ကမှ လိင်တူချစ်ခြင်းကို ပြစ်မှုစာရင်းမှ ထုတ်ပယ်ခဲ့သော အိုင်ယာလန်တွင် မေလ ၂၂ ရက်နေ့၌ နိုင်ငံသားများအား ထိမ်းမြားလက်ထပ်ခြင်းကို ဥပဒေအရ လိင်ပေါ်အခြေခံကာ ခွဲခြားသတ်မှတ်ထားခြင်း ရှိသင့်မရှိသင့် မဲခွဲဆုံးဖြတ်ဖို့ ခေါ်ယူခြင်း [1]ဖြင့် စတင်ရောက်ရှိလာပါသည်။ အိုင်ယာလန်၏ [2]မဲပေးသူများသည် [2] ၆၂ ရာခိုင်နှုန်း မဲအသာဖြင့် တန်းတူညီမျှထိမ်းမြားလက်ထပ်ခွင့်ကို အသိအမှတ်ပြုဖို့ ထောက်ခံခဲ့ကြရာ [2] အိုင်ယာလန်သည် လိင်တူချစ်သူများ ထိမ်းမြားလက်ထပ်ခွင့်ကို လူအများစုမဲနှင့် ပထမဆုံး အသိအမှတ်ပြုသော နိုင်ငံတစ်ခု ဖြစ်လာခဲ့သည်။

နောက်တစ်လအကြာ ဇွန်လ ၂၆ ရက်တွင် အိုဘာဂီဖဲလ် နှင့် ဟော့ဂျ် တို့၏ အမှုအပေါ် အမေရိကန်ပြည်ထောင်စု တရားလွှတ်တော်က အဆုံးအဖြတ် [3]ကို ရည်ညွှန်းသော ချစ်ခြင်းမေတ္တာ အောင်နိုင်ပြီ ဟု အဓိပ္ပါယ်ရသည့် #LoveWins hashtag များဖြင့် ကမ္ဘာတစ်ဝန်း လူမှုကွန်ရက်များ၌ တောက်ပလာခဲ့သည်။ ထိုအမှုတွင် အမေရိကန်ပြည်ထောင်စု ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ချက် ၁၄ အရ လိင်တူချစ်သူစုံတွဲများကို ပြည်နယ်တိုင်းမှ ထိမ်းမြားလက်ထပ်ခွင့် ပေးရမည်ဟု ဆုံးဖြတ်ခဲ့သည်။ တရားသူကြီး အန်ထော်နီအမ်ကနေဒီသည် သမိုင်းဝင်ဆုံးဖြတ်ချက်နှင့် ပက်သက်၍ အောက်ပါအတိုင်း ဆို [4]ခဲ့သည်။

No union is more profound than marriage, for it embodies the highest ideals of love, fidelity, devotion, sacrifice, and family. In forming a marital union, two people become something greater than once they were. As some of the petitioners in these cases demonstrate, marriage embodies a love that may endure even past death. (…) Their hope is not to be condemned to live in loneliness, excluded from one of civilization's oldest institutions. They ask for equal dignity in the eyes of the law. The Constitution grants them that right.

လက်ထပ်ခြင်းထက် ကြီးမြတ်တဲ့ ပေါင်းစည်းမှုဆိုတာ မရှိပါဘူး။ အကြောင်းကတော့ လက်ထပ်ခြင်းဟာ ချစ်ခြင်းမေတ္တာ၊ သစ္စာတရား၊ တစ်ဦးပေါ်တစ်ဦး ပေးအပ်မြှုပ်နှံခြင်း၊ ကိုယ်ကျိုးစွန့် အနစ်နာခံခြင်း နဲ့ မိသားစု တို့ရဲ့ အမြင့်မားဆုံးစံနှုန်းတွေကို ဖော်ကျူးလို့ပါပဲ။ လက်ထပ်ထိမ်းမြားတဲ့အခါမှာ လူနှစ်ယောက်ဟာ အရင်ကထက် ပိုမိုကြီးမြတ်လာပါတယ်။ လက်ထပ်ခြင်းဟာ သေလွန်ပြီးတဲ့နောက် ဆက်လက်တည်တံ့တဲ့အချစ်ကို ဖော်ကျူးတယ်ဆိုတာ ဒီဖြစ်စဉ်တွေမှာ လက်မှတ်ထိုးတောင်းဆိုသူတွေက သက်သေပြခဲ့ပါပြီ။ (…) သူတို့ကို လူ့ဘောင် ယဉ်ကျေးမှု၏ အဓွန့်အရှည်ကြာဆုံး ထုံးတမ်းဓလေ့မှ ဖယ်ကျဉ်မထားကာ သူတို့ရဲ့ မျှော်လင့်ချက်တွေကို အထီးကျန်မှုထဲမှာ ကျန်မနေရအောင် ရှုတ်ချမှု မပြုအပ်ပါ။  သူတို့ဟာ တရားဥပဒေရဲ့အောက်မှာ တန်းတူညီမျှစွာ သိက္ခာရှိရှိ နေနိုင်ဖို့ တောင်းဆိုခဲ့ကြပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေက အဲဒီ့အခွင့်အရေးကို အပ်နှင်းပေးလိုက်တာပါပဲ။

ဇွန်လ ၂၁ ရက်တွင် အီတလီနိုင်ငံသည် လိင်တူချစ်သူစုံတွဲများကို  အသိအမှတ်ပြုရန်နှင့် အကာအကွယ်ပေးရန် တရားဥပဒေ မူဘောင်ကို ထောက်ပံ့ပေးဖို့ ပယ်ချခြင်းမှာ လူ့အခွင့်အရေးဆိုင်ရာ ဥရောပကွန်ဗင်းရှင်း အပိုဒ်ခွဲ ၈ ကို ချိုးဖောက်ရာကျသည်ဟု လူ့အခွင့်အရေးဆိုင်ရာ ဥရောပတရားရုံးက ဆုံးဖြတ်ခဲ့သည် [5]။ ထိုအပိုဒ်ခွဲ ၈ အရ လူတိုင်း၏ တစ်ကိုယ်ရည် လွတ်လပ်ခွင့်ဘဝနှင့် မိသားစုဘဝကို လေးစား အသိအမှတ်ပြုပေးရမည် ဖြစ်သည်။ ထိုဆုံးဖြတ်ချက်မှာ တူးနန်နှင့် သြစတြေးလျပြည် [6] အမှုမှ လိင်တူဆက်ဆံခြင်းကို တားမြစ်ထားသော သြစတြေးလျ ဥပဒေကို ပယ်ဖျက်စေခဲ့ပြီးနောက်ပိုင်း နိုင်ငံတကာ လိင်တူချစ်သူ အခွင့်အရေးနယ်ပယ်၌ ဥပဒေဆိုင်ရာ အောင်မြင်မှုကြီး တစ်ခုဖြစ်ကောင်း ဖြစ်နိုင်သည်။ ကမ္ဘာ့ကုလသမဂ္ဂ လူ့အခွင့်အရေးကော်မတီ၏ ၁၉၉၄ ဆုံးဖြတ်ချက်အရလည်း အရွယ်ရောက်ပြီးသူများကြား လိင်ဆက်ဆံမှုကို နိုင်ငံတကာနိုင်ငံသားနှင့် နိုင်ငံရေးအခွင့်အရေးများ သဘောတူညီမှု အပိုဒ်ခွဲ ၁၇ အရ တစ်ကိုယ်ရည် လွတ်လပ်ခွင့်ဘဝဟူသော ခေါင်းစဉ်အောက်၌ အကာအကွယ်ပေးထားပြီး ဖြစ်သည်။

SCOTUS Marriage Equality 2015: Supreme Court of the United States ends marriage discrimination. PHOTO: Ted Eytan (CC BY-SA 2.0) [7]

SCOTUS ၂၀၁၅ တန်းတူ လက်ထပ်ထိမ်းမြားခွင့်။ ။အမေရိကန်ပြည်ထောင်စု နိုင်ငံတော် တရားရုံးချုပ်သည် လက်ထပ် ထိမ်းမြားခွင့် ခွဲခြားထားခြင်းကို အဆုံးသတ်သည်။ PHOTO: Ted Eytan (CC BY-SA 2.0)

၂၀၁၅ ခုနှစ် အောက်တိုဘာ ၂၂ ရက်တွင် ချီလီကလည်း လိင်တူစုံတွဲများ ထိမ်းမြားလက်ထပ်ခွင့် [8]ရရှိခြင်းအတွက် အောင်ပွဲဆင်နိုင်ခဲ့ရာ ၄င်းသည် လိင်တူချင်း ထိမ်းမြားမှုကို တရားဥပဒေအရ အသိအမှတ်ပြုသော သတ္တမမြောက် တောင်အမေရိကနိုင်ငံ ဖြစ်လာခဲ့သည်။ လိင်တူချစ်သူများကို လူရာမဝင်သူများဟုဆိုတာ ဖမ်းဆီးပြီး အကျဉ်သား စခန်းများတွင် နှိပ်စက်ခဲ့သော သမ္မတ အီဘန်ညက်ဇ် ဒယ် ကမ်ပို (Ibañez del Campo) ၏ ဆိုးရွားသော နေ့ရက်များမှာ ကျန်ရစ်ခဲ့ပြီ ဖြစ်သည်။ ဆာလဗာဒေါလ် အာလန်ဒီ (Salvador Allende) ၏ လူအများစုပေါင်းစည်းညီညွတ်ရေးပါတီ နှင့်အတူ လိင်တူချစ်သူမုန်းတီးရေးများကို  ဖြန့်ဝေခဲ့သည့် လက်ဝဲယိမ်းသတင်းစာ ကလာရင် (Clarin) သည်လည်း အတိတ်တွင် ကျန်ရစ်ခဲ့ပြီဖြစ်သည်။

ကိုလံဘီယာ၏ တရားလွှတ်တော်တရားရုံးက လိင်တူစုံတွဲများ ကလေးမွေးစားခွင့်ကို ခွင့်ပြုပေးခဲ့

တန်းတူညီမျှအခွင့်အရေးများကို အသိအမှတ်ပြုခြင်းမှာ လိင်တူစုံတွဲများ ကလေးမွေးခွင့် ရရှိခြင်းလည်း ပါဝင်သည်။ နိုဝင်ဘာလ ၄ ရက်တွင် ကိုလံဘီယာတရားရုံးက ကလေးမွေးစားခြင်း ဝန်ဆောင်မှုအေဂျင်စီများကို လိင်တူစုံတွဲများအား ခွဲခြားခြင်းမပြုရန် ညွှန်ကြားခဲ့သည်။ ၉ နာရီကြာ အပြန်အလှန်ငြင်းခုန်အပြီး လိင်တူစုံတွဲများ ကလေးမွေးစားခွင့်ပေးရန် တရားရုံးမှ ဆုံးဖြတ်ခဲ့သည်။ လူတစ်ယောက်၏ လိင်စိတ်ကိုင်းညွတ်မှု သပ်သပ်ဟာ ကလေးမွေးစားဖို့ ကျင့်ဝတ်ဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ဒါမှမဟုတ် စိတ်ပိုင်းဆိုင်ရာ သင့်တော်မှု ချို့တဲ့ခြင်းကို မညွှန်းဆိုနိုင်ပါဘူး ဟု တရားသူကြီး မာရီယာ ဗစ်တိုးရီးယား ကာရေး ကောရေးယား (Maria Victoria Calle Correa) က ဆိုသည်။ လိင်တူလက်ထပ်ခွင့်ကို လွန်ခဲ့သောငါးနှစ်က ခွင့်ပြုခဲ့သော ပေါ်တူဂီကလည်း လိင်တူစုံတွဲများ ကလေးမွေးစားခွင့်ကို ခွင့်ပြုခဲ့ပြန်သည်။ ၂၀၁၅ ခုနှစ် စက်တင်ဘာလ ၂၃ ရက်တွင် လွှတ်တော်ရှိ လက်ဝဲဝါဒီများသည် လိင်တူစုံတွဲများ ကလေးမွေးစားခွင့်ရရှိရေးနှင့် intro-vitro fertilisation ကို လက်လှမ်းမှီ ရရှိရေးအတွက် တောင်းဆိုခဲ့ကြခြင်း ဖြစ်သည်။ ထိုတောင်းဆိုမှုများကို နိုဝင်ဘာ ၂၀ ရက်နေ့က ခွင့်ပြုပေးခဲ့ပြီး သမ္မတမှ လက်မှတ်ထိုးရန်သာ ကျန်တော့သည်။

ထိုသို့ ၂၀၁၅ သည် လူအများအတွက် အောင်မြင်သော နှစ်တစ်နှစ် ဖြစ်ခဲ့သော်လည်း LBGTI အသိုင်းအဝန်းရှိ transgender နှင့် intersex လူဦးရေ အတွက်တော့ သက်ရောက်မှု အနည်းငယ်သာ ရှိခဲ့သည်။ ကျားမကူပြောင်းထားသူ (Transgender [12]) နှင့် လိင်လက္ခဏာထင်ထင်ရှားရှားမကွဲသူ (Intersex [13]) တို့၏ အသိုင်းအဝန်းများသည် စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရဆဲဖြစ်ပြီး အချို့နေရာများတွင် ဘဝ ကောင်းကောင်း တိုးတက်လာသည် မရှိသေးပါ။ ယခုလက်ရှိတွင် ထိုသူများမှာ အခြားသူများနှင့် ယှဉ်လျင် တန်းတူနေရာ မရနိုင်သေးပဲနှင့် အလုပ်အကိုင်အခွင့်အလမ်း နှင့် ကျန်းမာရေးစောင့်ရှောက်မှုများတွင် ခွဲခြားဆက်ဆံမှုများကို ခံနေရပြီး လွန်ကဲသော လိင်ပိုင်းဆိုင်ရာ စော်ကားခံရခြင်းနှင့် အကြမ်းဖက်ခံရခြင်းများလည်း တွေကြုံနေရသေးသည်။

(လိင်စိတ်ကိုင်းညွတ်မှုနှင့် လိင်ရုပ်ဝိသေသ) #SOGI [14] အပေါ် အခြေခံ၍ ခွဲခြားဆက်ဆံမှုများ။ #EU [15] တွင် လိင်လက္ခဏာထင်ထင်ရှားရှားမကွဲသူများ အပေါ် ဆိုးရွားသော နည်းလည်မှု

လိင်လက္ခဏာထင်ထင်ရှားရှားမကွဲသူများ အဖို့အတွက်မူ ဝမ်းနည်းစရာကောင်းသည်မှာ လိင်လက္ခဏာထင်ထင်ရှားရှားမကွဲသူ ကလေးများကို မလိုအပ်သော ခွဲစိတ်ကုသမှုများနှင့် အခြားကုထုံးများကို အသုံးပြုကာ ကျား သို့မဟုတ် မ ဟူသော ပုံသေစွဲထားသည့် နှစ်မျိုးထဲမှ တစ်မျိုးကို ဆန့်ဝင်ရန် ပြုလုပ်ခြင်းမှာ ပုံမှန်လုပ်လေ့လုပ်ထရှိသော အလေ့အကျင့်တစ်ခုလို ဖြစ်နေသည်။ နောက်ပြန်ဆုတ်၍ မရသော ထို ခွဲစိတ်မှုအဆင့်ဆင့်ကြောင့် သေရာပါထိ သားသမီးမရနိုင်ခြင်း၊ နာကျင်မှု၊ ဆီးမထိန်းနိုင်ခြင်း၊ ကာမ ထိတွေ့မှု မခံစားနိုင်တော့ခြင်း နှင့် တသက်လုံး စိတ်ကျန်းမာရေးထိခိုက်ခြင်း အစရှိသည့်  ဆိုးကျိုးများ ဖြစ်လာနိုင်သည်။ ထို့အပြင် ထိုခွဲစိတ်မှုများကို ကာယကံရှင်၏ ခွင့်ပြုချက်နှင့် ဆန္ဒလိုက်လျောက်ခြင်း မပါပဲ ပြုလုပ်နေကြခြင်း ဖြစ်သည်။

၂၀၀၉ ခုနှစ် ဧပြီလတွင် Transgender Europe [19] အမည်ရှိ နိုင်ငံတကာ အစိုးရမဟုတ်သောအဖွဲ့အစည်းသည် ဘာသာစကားစုံ အွန်လိုင်းဂျာနယ် လီမီနယ်လစ်နှင့် ပူးပေါင်း၍ ကျားမကူပြောင်းထားသူ အသတ်ခံရမှုများနှင့် ပက်သက်သော အချက်အလက်စုဆောင်းခြင်း၊ စောင့်ကြည့်လေ့လာခြင်း၊ စိစစ်ခြင်းများပြုလုပ်သော သုတေသန စီမံကိန်း [20]တစ်ခုကို စတင်ခဲ့သည်။ ၂၀၀၈ ခုနှစ်အစပိုင်းကတည်းက ကျားမကူပြောင်းထားသူများသည် ပျမ်းမျှအားဖြင့် သုံးရက်လျှင် တစ်ယောက် အသတ်ခံနေရသည်။ ထို စီမံကိန်း (Transgender Europe [21]Trans Murder Monitoring project [22]) အရ ၂၀၁၄ ခုနှစ် အောက်တိုဘာလမှ ၂၀၁၅ ခုနှစ် စက်တင်ဘာလအထိ လူသတ်မှု အနည်းဆုံ ၂၇၁ [23] မှုရှိခဲ့ရာ သုံးဆယ့်ခြောက်နာရီတွင် တစ်ယောက်မျှ အသတ်ခံနေရခြင်းပင် ဖြစ်သည်။

ဒီနေ့ဟာ အရေးကြီးတဲ့နေ့ပါ။ ဒီနေ့ဟာ ကျားမကူပြောင်းထားသူများအတွက် အမှတ်တရနေ့ #TDOR [24] ပါ။ ဒါကို ငါတို့အားလုံး အမှတ်ရနေကြပါတယ်။

ယခုနှစ် နိုဝင်ဘာလ ၂၀ ရက်နေ့တွင် ဆယ့်ခြောက်ကြိမ်မြောက် နှစ်စဉ် ကျားမကူပြောင်းထားသူများအတွက် အမှတ်တရနေ့ကို ကျင်းပခဲ့ ကြသည်။ ၁၉၉၈ ခုနှစ်တွင် မက်ဆာချူးဆက်၌ ကျားမပြောင်းလဲထားသူ အမျိုးသမီး ရီတာ ဟက်စတာ အသတ်ခံရပြီးနောက် ၄င်းကို တုန့်ပြန်သည့် အနေဖြင့် ၁၉၉၉ ခုနှစ်မှစ၍ စတင်ကျင်းပခဲ့သည်။ ထိုမှစ၍ ကျားမပြောင်းလဲထားသူများအား မှန်းတီးမှုဖြင့် အကြမ်းဖက်မှုကြောင့် သေဆုံးသွားရရှာသော ဘဝများကို အမှတ်ရ ဂုဏ်ပြုသည့် အနေဖြင့် နှစ်စဉ်နှစ်တိုင်း ကျင်းပခဲ့ရာ တဖြည်းဖြည်း ကျယ်ပြန့်လာသည်။ ထိုကဲ့သို့ များပြားလှသော ထိခိုက်ခံနေရသည့် အရေအတွက်များကြောင့် အချို့ ကျားမကူပြောင်းသူ အခွင့်လှုပ်ရှားသူများနှင့် မဟာမိတ်များ [27]သည် အမှတ်တရနေ့အစား ကျားမပြောင်းလဲထားသူများ ကြံကြံခံ ရှင်သန်နိုင်သောနေ့ (Transgender Day of Resilience) ဟု ပြောင်းလဲကျင်းပရန် အဆိုပြုခဲ့ကြသည်။ ကျားမပြောင်းလဲထားသူ ဂျာနယ်လစ် Claire-Renee Kohner က Bustle [28] တွင် အောက်ပါအတိုင်း ရေးသားခဲ့သည်။

Transwomen are the most visible on the trans-spectrum and it’s easy to forget that transmen exist and experience a greater level of erasure than us women. Transman Michael Hughes, who brought the recent influx of bathroom bill legislation into perspective by posting selfies of himself in a women’s restroom, told Bustle, “I'm glad there's a ‘day’ that people new to the table, new to these conversations, can get involved. But like you, I feel every day is a day of visibility for us; It's 24/7/365 for trans people.”

ကျားမကူးပြောင်းသူ အမျိုးသမီးများဟာ ကျားမကူးပြောင်းသူ နယ်တစ်ဝန်းတစ်လျားမှာ လူအများ သိမြင်တာ ရှိပါတယ်။ ဒါပေမဲ့ ကျားမကူးပြောင်းသူ အမျိုးသားများလည်း ရှိသေးပြီး အမျိုးသမီးတွေလောက်ကိုပဲ ပစ်ပယ်ခံနေရတယ် ဆိုတာကိုတော့ မေ့လွယ်ပါတယ်။ အမျိုးသမီး သန့်စင်ခန်းတွေထဲမှာ ကိုယ့်ကိုယ်ကိုဓာတ်ပုံတွေရိုက်ပြီး အများသုံး သန့်စင်ခန်း ဥပဒေ ပြဌာန်းဖို့ လူအများ သဘောပေါက် လာအောင် ပြုလုပ်ခဲ့တဲ့ ကျားမကူးပြောင်းသူ အမျိုးသားများ မိုက်ကယ် ဟုဂျက်စ် က Bustle ကို ဒီလိုပြောပါတယ် “အသစ်အဆန်း ဖြစ်နေတဲ့ လူတွေနဲ့ ဒီအကြောင်းကို ဆွေးနွေးဖို့ ဆန်းနေတဲ့ လူတွေအတွက် ပါဝင်လာဖို့ ဒီလိုမျိုး ‘ရက်တစ်ရက်’ ရှိနေတာကို ကျွန်တော် ဝမ်းသာပါတယ်။ ဒါပေမဲ့ ခင်ဗျားလိုပါပဲ ကျွန်တော်အတွက်တော့ နေ့စဉ်နေ့တိုင်းဟာ ကျွန်တော်တို့ ထင်ရှားမြင်သာစေရမယ့် နေ့တွေပါပဲ။ ကျားမပြောင်းသူတွေ အတွက်ကတော့ ဒီဟာက ၂၄/၇/၃၆၅ ပါပဲ။

လှပပါတယ်။ လိင်လက္ခဏာထင်ထင်ရှားရှားမကွဲသူ အခွင့်အရေးလှုပ်ရှားသူများနှင့် ဟီဂျရာ (ကျားမပြောင်းလဲထားသူ အမျိုးသမီး) တွေ အိန္ဒိယမှာ ခွဲခြားဆက်ခံမှုကို ဆန္ဒပြဖို့ စုရုံးနေကြပါတယ်။