- Global Voices မြန်မာ - https://my.globalvoices.org -

“အမျိုးသမီး တန်းတူ ဝါဒကို ယုံကြသူ” ဆိုတာ ဒီလိုမျိုးဟု အစ္စရေးမှ ပါမောက္ခက ကမ္ဘာကို ပြသ

အမျိုးအစားများ: အရှေ့​အလယ်​ပိုင်း​နှင့် မြောက်​အာဖရိက, အစ္စရေး, ပညာရေး, ပြည်သူသတင်း, လူငယ်များ, သတင်းကောင်း, အနုပညာနှင့် လူ့ယဉ်ကျေးမှု, အမျိုးသမီး​နှင့် ကျားမကွဲပြားမှု
(This photo that launched a million "likes" on Imgur, May 11, 2015)

Imgur, မေ ၁၁, ၂၀၁၅ တွင် “likes” တစ်သန်းရရှိခဲ့သော ဓါတ်ပုံ

ငိုနေသည့် ကလေးငယ်တစ်ဦးကို ချော့မြူနေရင်း စာ ဆက်လက် သင်ကြားနေသော ဓါတ်ပုံ အင်တာနက် ပေါ်တွင် ပျံ့နှံ့သွားပြီးနောက်​ အစ္စရေးနိုင်ငံတွင် ဤတပါတ်အတွင်း အကျော်ကြားဆုံး အမျိုးသမီး တန်းတူ ဝါဒီတစ်ဦးကတော့ ဂျေရုဆလင် ဟီဘရူး တက္ကသိုလ်မှ ပရော်ဖက်ဆာ ဒေါက်တာ ဆစ်ဒနီ အန်ဂျယ်ဘာ့ဂ် ဖြစ်ပါသည်။

အစ္စရေးနိုင်ငံမှ ကျောင်းသားများသည် စစ်မှုထမ်းရပြီး မဖြစ်မနေနီးပါး ခရီးထွက်နှစ် ယူကြရသည့်အတွက် ကမ္ဘာ့အခြားဒေသမှ ကျောင်းသားများထက် တက္ကသိုလ်တက် နောက်ကျကြလေ့ရှိကာ အိမ်ထောင်ရှင်ဖြစ်ပြီး ကလေးများပင်ရနေပြီဖြစ်သော ကျောင်းသူကျောင်းသားများစွာလည်း ရှိပါသည်။

အထက်ပါဓါတ်ပုံကို Imgur [1] တွင် လွန်ခဲ့သည့် သုံးရက် (မေ ၁၁, ၂၀၁၅) က တင်ထားခဲ့ချိန်မှစ၍ ထိုဆိုဒ်တစ်ခုတည်းတွင်ပင် အကြိမ်ပေါင်းတစ်သန်းကျော် ထပ်မံ ဝေမျှ ခံထားရပြီး ဖြစ်သည်။ အန်ဂျယ်ဘာ့ဂ်၏ သမီးဖြစ်သူမှ သူမ၏ ဖေ့ဘုတ်ခ်စာမျက်နှာတွင် ပြန်ကူးယူတင်ထားရာ [2] Like ပေါင်း ၅၀,၀၀၀ ကျော်ခန့် ရရှိခဲ့သည်။

Imgur တွင် စာဖတ်သူ Cbarbz မှ မှတ်ချက်ပေးထားသည်မှာ [3]။  ။

I can't even begin to imagine how much that probably meant to her [the student mother] – knowing that someone valued her education and supported her that much.

ဒီလိုလုပ်ပေးလိုက်တာက သူမရဲ့ပညာရေးကို တန်ဖိုးထားပြီး ပံ့ပိုးပေးတဲ့သူရှိပါလားဆိုတာ သိလိုက်ရတဲ့ ကလေးရဲ့မိခင်အတွက် ဘယ်လောက် အဓိပ္ပါယ်ရှိမလဲဆိုတာ စဉ်းစားလို့ကို မတတ်လောက်အောင် ပါပဲ။

EveryonesHiro မှ ထပ်လောင်းပြောကြားထားသည်မှာ [4]။  ။

Good for him for understanding how hard it is for her to be a student and a mother and that she's trying to better herself for her son.

သူမအတွက် ကျောင်းသူလည်းဖြစ်ရ၊ မိခင်တစ်ဦးလည်းဖြစ်ရတာ ဘယ်လောက်ခက်ခဲတယ်ဆိုတာနဲ့ သူမရဲ့သားလေးအတွက် သူမကိုယ်သူမ ပိုကောင်းအောင် ကြိုးစားနေရတယ်ဆိုတာကို သူနားလည်တာ အရမ်းကောင်းပါတယ်။

မည်သည့် ဆောင်းပါး ခေါင်းစဉ်တွင်မဆို အစ္စရေး ဟူသော စာလုံးပါလျှင် သိပ်ဖြစ်လေ့ဖြစ်ထမရှိပေမဲ့ ဤသတင်းသည် မှတ်ချက်ကောင်းများစွာ ရရှိပြီး အလျင်အမြန် သတင်းပျံ့နှံ့သွားသည်ကို ကြည့်ခြင်းအားဖြင့် လူအများသည် ၄င်းကို လူသားဆန်စွာ ကြင်နာသနားတတ်မှုနှင့် ဆက်စပ်နေကြသည်ကို လည်းကောင်း၊ လက်တွေ့ဘဝတွင် အမျိုးသမီးတို့ နေ့စဉ်ကြုံတွေ့နေရသော ပင်ပန်းခက်ခဲမှုများအား စာနာထောက်ထားစွာဖြင့် ပံ့ပိုးမှုများ နှင့် အမျိုးသမီး တန်းတူဝါဒီနှင့် ပက်သက်သော လက်တွေ့ဘဝ သာဓကများကို မြင်တွေ့ရန် ငတ်မွတ်နေကြသည်ကို လည်းကောင်း နှစ်ခုစလုံးကို ညွှန်ပြနေသကဲ့သို့ ရှိနေသည်။ ဤဓါတ်ပုံတွင် အဆိုပါ ခံစားမှု နှစ်မျိုးစလုံးကို အဖွဲ့အစည်းတစ်ခုခု၏ ပတ်ဝန်းကျင်တွင် ရှားရှားပါးပါး တွေ့မြင်ရခြင်းဖြစ်ကာ အမျိုးသမီးတို့၏ ဘဝနှင့် တာဝန် ဝတ္တရားများကို သူမတို့၏ ပတ်ဝန်းကျင်မှ သဘာဝအလျောက် ဝိုင်းဝန်း ပံ့ပိုးကူညီကြသော ကမ္ဘာတစ်ခု၏ ပုံရိပ်တစ်ခုကို ပြသလျှက်ရှိပြီး “ကလေးတစ်ယောက်… တစ်ရွာလုံးထိန်းရ” ဟူသော ဆိုရိုးစကား၏ ပြယုဂ် တစ်ခုလိုဖြစ်နေသည်။

လုပ်သက် ၄၅ နှစ်မျှရှိခဲ့ပြီဖြစ်သော လူမှုစိတ်ပညာ ပရော်ဖက်ဆာဖြစ်သူ မြေး ငါးယောက်၏အဖိုး ဒေါက်တာ အန်ဂျယ်ဘာ့ဂ် က ရာဟူး-ကလေးပြုစုပျိုးထောင်ခြင်း (Yahoo! Parenting) [5]သို့ ပြောကြားသည်မှာ။   ။

The reason is that education for me is not simply conveying content, but teaching values. How better than by role modeling?

အဓိကတော့ ပညာရေးဆိုတာ ကျွန်တော့်အတွက် စာထဲမှာပါတာတွေကို သင်ရုံသက်သက်ပဲမဟုတ်ပါဘူး၊ သူတို့ရဲ့တန်ဖိုးတွေကို သင်ကြားခြင်းဖြစ်ပါတယ်။ ကိုယ်တိုင်က နမူနာပုံစံကောင်းအဖြစ် နေပြတာထက်ပိုကောင်းတာ ဘာရှိမလဲ။

သူ၏ စာပို့ချချိန်များသို့ ကလေးငယ်မည်မျှလောက် ပါလာတတ်သည်နှင့် ပါတ်သက်၍ ပြောကြားသည်မှာ။  ။

It is certainly not uncommon, but I wouldn’t say it is the norm. It does seem to be much more acceptable in Israel, which is a very family oriented society and culture.

အထူးအဆန်း မဟုတ်တော့တာတော့ အသေအချာပဲ ဒါပေမယ့် ဒါက သဘာဝလို ဖြစ်နေတာလို့တော့လည်း ပြောလို့မရပါဘူး။ အစ္စရေးနိုင်ငံလို မိသားစုကိုအလေးထားတဲ့ လူမှုအသိုင်းအဝိုင်းနဲ့ ယဉ်ကျေးမှုစနစ်ရှိတဲ့ နေရာမှာ ဒီကိစ္စတွေက ပိုပြီးလက်ခံနိုင်စရာရှိတယ်လို့ ပြောလို့ရတယ်။

ဟီဘရူး တက္ကသိုလ်၏ ရို့ဘာ့ဂ် နိုင်ငံတကာကျောင်း (Rothberg International School) မှ လက်ထောက်ကျောင်းအုပ် ​ဂျော်နသန် ကပ်ပလန် က တက္ကသိုလ်၏ ပေါ်လစီများသည် အစ္စရေးနိုင်ငံသားတို့၏ တန်ဖိုးထားမှုများကို ထင်ဟပ်နေခြင်းဖြစ်သည်ဟု ရှင်းပြသည်။   ။

Israel is a very familial society, and it is not at all strange for young mothers to bring children to classes. Babies are often brought to weddings or formal occasions, and during school holidays it is not uncommon to see children running through the halls of office buildings or university departments.

အစ္စရေးနိုင်ငံဟာ မိသားစုကို အလေးထားတဲ့ လူ့အသိုင်းအဝိုင်းတစ်ခုဖြစ်ပြီး ငယ်ရွယ်သူ မိခင်များအနေနဲ့ သူတို့ရဲ့ကလေးငယ်တွေကို စာသင်ခန်းထဲခေါ်လာတယ်ဆိုတာဟာ လုံးဝအထူးအဆန်း မဟုတ်ပါဘူး။ ကလေးငယ်တွေကို မင်္ဂလာဆောင်တွေနဲ့ အရေးပါတဲ့ အခမ်းအနားတွေကို ခေါ်သွားလေ့ရှိကြသလိုပဲ ကျောင်းပိတ်ရက်တွေမှာဆိုရင်လည်း ကလေးတွေ ရုံးအဆောက်အအုံခန်းမတွေထဲမှာနဲ့ တက္ကသိုလ်ဌာနတွေမှာ ပြေးလွှားဆော့ကစားနေကြတာတွေဟာ တွေ့နေကျပါပဲ။

အမျိုးသမီး တန်းတူဝါဒီများ လှိုင်းသစ် (New Wave Feminists) ၏ ဖေ့ဘုတ်ခ် စာမျက်နှာပေါ်တွင် အမျိုးသမီးများသည် ကလေးငယ်များကို စာသင်ခန်းထဲသို့ ခေါ်ခွင့်ပြုခြင်းက အမျိးသမီးတွေအတွက် ပို၍ အဆင်ပြေစေသည်လား၊ သို့မဟုတ် စာသင်ခန်းတစ်ခုလုံးအတွက် စိတ်အနှောင့်အယှက်  ဖြစ်စရာကောင်းသည်လား ဆိုသည်ကို ဆွေးနွေးနေကြသည်။ ကယ်လီ စမစ် ရေးသားထားသည်မှာ [6]။  ။

I was pregnant in high school. [Had] to give a final speech in class. Climbing onto the stool in front of the room was a challenge. There was some whispering, I was embarrassed. The teacher simply offered to deliver if needed. Everyone laughed and calmed down. Best encouragement ever… No need to make a big deal, just be supportive and move on.

ကျွန်မ အထက်တန်း ကျောင်းသူဘဝမှာ ကိုယ်ဝန်စရှိခဲ့တယ်။ စာသင်ခန်းထဲမှာ နောက်ဆုံးမိန့်ခွန်း ပြောဖို့အလှည့်ကျတယ်။ စာသင်ခန်းရှေ့ထွက်ပြီး မိန့်ခွန်းပြောရမယ့် ခုံဆီကို တက်ရတာ တကယ့် စိန်ခေါ်မှုတစ်ခုပါပဲ။ တစ်ချို့လူတွေ တီးတိုးစကားသံတွေပြောနေကြပါတယ်၊ ကျွန်မ ရှက်လဲရှက် နေခဲ့ပါတယ်။ ဆရာက မိန့်ခွန်း ကိုယ်စားပြောပေးဖို့လိုရင် သူပြောပေးမယ်နော်လို့ ဆိုတယ်။ တစ်ခန်းလုံး ပွဲကျသွားတယ် ပြီးတော့ ငြိမ်သွားတာပါပဲ။ အကောင်းဆုံး အားပေးလိုက်ခြင်းပါပဲ…ဘာမှ အကျယ်ချဲ့နေစရာမလိုဘူး၊ ထောက်ခံအားပေးပြီး ရှေ့ဆက်လုပ်စရာရှိတာ ဆက်လုပ်ရုံပါပဲ။

သူမ၏မှတ်ချက်အောက်တွင် ဂျူဒီ ကာလ်ဒါ လင်းဒါမန် ဆိုသူမှ ဆက်လက်ထောက်ခံထားသည်မှာ [7]။  ။

I had an English Prof that told me to let my 14 month old wander around the room. A great guy. That was almost 30 years ago when i was working on my second BS. Guess it paid off since that kid just finished his masters degree.

ကျွန်မရဲ့ ၁၄ လသားအရွယ် ကလေးကို စာသင်ခန်းထဲ လျှောက်ပေးသွားဖို့ ပြောတဲ့ အင်္ဂလိပ်စာ ပရော်ဖက်ဆာတစ်ယောက်နဲ့ ကြုံဖူးတယ်။ တကယ်ကို ပြည့်ဝတဲ့သူပါပဲ။ အဲ့ဒါ လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀ လောက်က ကျွန်မ နောက်ထပ်ဘွဲ့တစ်ခုယူဖို့ ကြိုးစားနေချိန်တုန်းကပါ။ ကျွန်မရဲ့ ၁၄လသားလေက အခုဆို မာစတာဘွဲ့ရသွားပါပြီ…အဲ့တုန်းကအဖြစ်အပျက်ရဲ့ ဆုလဒ်ပဲထင်ပါတယ်။

Prof. Rivka Carmi, M.D., President of Ben-Gurion University of the Negev. Photo credit: Dani Machlis

ပရော်ဖက်ဆာ ရီ့ဗ်ကာ ကာမီ (M.D)၊ နက်ဂျက်ဗ် ဘန် ဂူရီရွန် တက္ကသိုလ် အကြီးအကဲ။ ဓါတ်ပုံ- ဒန်နီ မာရှလစ်

ဟီဘရူး တက္ကသိုလ်၏ ကလေးငယ်များဆိုင်ရာ ပေါ်လစီများသည်သာ တစ်ခုတည်းသော ချီးကျူးမှတ်သားဖွယ် မဟုတ်ပါ။ ပရော်ဖက်ဆာ ရီ့ဗ်ကာ ကာမီ (M.D) သည် အစ္စရေး တက္ကသိုလ်တစ်ခုကို စတင်ဉီးဆောင်ခဲ့သူ အမျိုးသမီးတစ်ဉီးဖြစ်ပြီး အစ္စရေး တက္ကသိုလ်အကြီးအကဲများ ကော်မတီတွင်လည်း ဥက္ကဌအဖြစ် ပထမဆုံး တာဝန်ယူခဲ့သူ ဖြစ်ပါသည်။ ကော်မတီကို စတင်ပဲ့ကိုင်စဉ်ကတည်းက အကြီးအကဲ ကာမီသည် တက္ကသိုလ်စနစ်တွင် ကျား၊မ တန်းတူညီမျှရေးကို မြှင့်တင်ရန်မှာ သူမ၏ ထိပ်တန်း မျှော်မှန်းချက်များထဲမှ တစ်ခုဖြစ်သည်ဟု အောက်ပါအတိုင်း ပြောကြားရင်း [8] ကြေငြာခဲ့သည်။

The whole system is really tailor-made for men. Women have different needs, different lifestyles, and different roles that are not being at all taken care of in the system.

စနစ်တစ်ခုလုံးဟာဆိုရင် အမှန်တကယ်မှာ အမျိုးသားတွေအတွက် အသေးစိတ် အစီအစဉ်ဆွဲထားတာ ဖြစ်ပါတယ်။ အမျိုးသမီးမှာ မတူညီတဲ့ လိုအပ်ချက်တွေ၊ နေထိုင်မှုပုံစံတွေ နဲ့ မတူညီတဲ့ ကဏ္ဍတွေရှိပြီးတော့ အဲ့အရာတွေကို ဒီစနစ်ထဲမှာ အားလုံးထည့်သွင်းစဉ်းစားထားခြင်း မရှိပါဘူး။

အကြီးအကဲ ကာမီ၏ ဦးဆောင်မှုအောက်တွင် ဘန် ဂူရီရွန် တက္ကသိုလ်သည် နို့တိုက်မိခင်များအတွက် ကျောင်းဝင်းအတွင်း နေ့ကလေးထိန်း ပစ္စည်းပစ္စယ အစုံအလင်ပါရှိသော ကလေးထိန်းခန်းများ စတင်ဖွင့်လှစ်ထားရှိခဲ့သော တက္ကသိုလ်သုံးခုအနက် ပထမဆုံးတက္ကသိုလ် ဖြစ်လာသည်သာမက ပညာရှင်အသိုင်းအဝိုင်းတွင် အမျိုးသမီးများနှင့် မိသားစုများအတွက် နေရာရှိလာစေရန်အလို့ငှါ ရန်ပုံငွေ ပံ့ပိုးကူညီခြင်းနှင့် အမျိုးသမီး သုတေသနပြုသူများအတွက် ၄င်းတို့၏ မိသားစုလိုအပ်ချက်များကို နားလည်သဘောပေါက်စွာဖြင့် ပညာအဆင့်မြှင့်တင်ပေးရန် ပေါ်လစီများချမှတ်ပေးခဲ့သော တက္ကသိုလ်လည်းဖြစ်သည်။

နိုင်ငံအနှံ့ရှိ တက္ကသိုလ်များထဲရောက်နေသော ကလေးငယ်များ ဓါတ်ပုံတို့ကို တင်ထားသော [9] အစ္စရေး ကျောင်းသားသမဂ္ဂ ဖေ့ဘုတ်ခ်စာမျက်နှာမှ သက်သေထူနေသည်မှာ စာသင်ခန်းအတွင်းရှိ လူအများစုထက် အစ္စရေး ပရော်ဖက်ဆာများသည် ပို၍ ကလေးငယ်များနှင့် ရင်းနှီးသည် ဟူသည့် အချက်ပင်ဖြစ်သည်။

ထိုဓါတ်ပုံများအနက် စာသင်ခန်းအတွင်း အဝါရောင်ဘဲရုပ်ကလေးဖြင့် ချော့မြူခံနေသော [10](ပရော်ဖက်ဆာ အမည်မသိ) ဤကလေးငယ်ပုံသည်လည်း အပါအဝင်ဖြစ်သည်။

(Source: Israeli Student Union, Facebook)

အစ္စရေး ကျောင်းသားသမဂ္ဂ ဖေ့ဘုတ်ခ်စာမျက်နှာမှ ကူးယူဖော်ပြသည်။

မိခင်၏ ပရော်ဖက်ဆာဖြစ်သူမှ အမျိုသမီးအများစုရှိမည်ဟု ယူဆရသော စာသင်ခန်းထဲတွင် ကလေးငယ်ကို ထိန်းပေးနေခြင်းဖြစ်သည်။ မှတ်ချက်ပေးသူတစ်ဦးမှ အဆိုပါဓါတ်ပုံကို “တာဝန်များစွာ ထမ်းဆောင်နေသော အမျိုသား” ဟု အမည်တပ်ခဲ့သည်။ [11]

(Source: Israeli Student Union, Facebook)

အစ္စရေး ကျောင်းသားသမဂ္ဂ ဖေ့ဘုတ်ခ်စာမျက်နှာမှ ကူးယူဖော်ပြသည်။

ဟာဒါ့စ် အာရူစီ ရှယ်ထားသော ဤဓါတ်ပုံတွင် သူမ ရှင်းပြထားသည်မှာ [12]။  ။

מכללת בית ברל, המרצה שלי אורית גילור, לקחה את הבת שלי ל'גרעפס’ לאחר הנקה!
Beit Berl College, my instructor Orit Gilor took my daughter to burp her after nursing!

ဘိဘာလ် ကောလိပ်၊ ကျွန်မ သမီးလေးကို နို့တိုက်ပြီးသွားတော့ ဆရာမ အော်ရစ် ဂီလာက ကလေးကို လေထုတ်ပေးနေတာ

(Source: Hadass Arussi on Israeli Student Union page, Facebook)

အစ္စရေး ကျောင်းသားသမဂ္ဂ ဖေ့ဘုတ်ခ်စာမျက်နှာတွင် တင်ထားသော ဟာဒါ့စ် အာရူစီ၏ပို့စ်မှ ကူးယူဖော်ပြသည်။