အပေါ်မှ ဘာသာစကားများကို သင်တွေ့ပါသလား။ ကျွန်ုပ်တို့သည် ကမ္ဘာ့အသံမှ သတင်းဆောင်းပါးများကို ဘာသာပြန်ခြင်းဖြင့် ကမ္ဘာ့ ပြည်သူသတင်း မီဒီယာကို လူတိုင်း လက်လှမ်းမှီနိုင်အောင် ပြုလုပ်ပါသည်။

ဆက်လက် လေ့လာရန် လင်ဂွါ ဘာသာပြန် စီမံကိန်း  »

ကျေးတောသူ တစ်ယောက် အဖြစ်မှ ကမ္ဘာ့ မာရသွန်အပြင်း ချန်ပီယံအဖြစ်သို့ (နီပေါနိုင်ငံသူ မီရာရိုင်း ၏ အားကျဖွယ် ဘဝ)

Mira Rai, Trail Runner from Nepal. Image by Flickr user rpb1001. CC BY-NC-ND 2.0

နီပေါနိုင်ငံမှ တောင်ကျော်ဖြတ် အပြေးသမား မီရာ ရိုင်။ ဓါတ်ပုံ – Flickr အသုံးပြုသူ rpb1001. CC BY-NC-ND 2.0

အခက်အခဲဆုံးနှင့် အပင်ပန်းဆုံး အားကစားနည်းများထဲတွင် တစ်ခုအပါအဝင်ဖြစ်သော တောင်ကျော်ဖြတ်ပြေးပွဲ (trail running) သည် လူတိုင်းအလွယ်တကူ ကစားနိုင်သော အားကစားနည်း မဟုတ်ပါ။ နီပေါနိုင်ငံသူ မီရာ ရိုင် အဖို့မူကား အဆိုပါ အားကစားသည် လုပ်နေကျအရာတစ်ခု ကဲ့သို့ပင်။ မကြာသေးမီကပင် သူမသည် ပြင်သစ်နိုင်ငံတွင် အခက်ခဲဆုံးနှင့် ပညာသားအပါဆုံး ပြိုင်ပွဲများထဲမှ တစ်ခုအဖြစ် သတ်မှတ်ထားသော မောင့် ဘလန့်ခ် ပြိုင်ပွဲတွင် ကီလိုမီတာ ၈၀ အကွာအဝေး ကို ၁၂ နှစ်နာရီ ၃၂ မိနစ် နှင့် ပြေးကာ အနိုင်ရရှိခဲ့သည်။

၀န်ကြီးချုပ်ဟောင်း ဘာဘူရမ် ဘဟာတရိုင်က မီရာ အား တွစ်တာတွင် ဂုဏ်ပြုစကားပြောကြားခဲ့သည်မှာ

နိုင်ငံတကာ မာရသွန်ပြိုင်ပွဲမှာ အနိုင်ရခဲ့တာ ဂုဏ်ယူပါတယ် မီရာ ရေ။ စစ်တပ်တွေ ပြန်ပေါင်းတုန်းက အရွေးမခံရလိုက်ရဘူး…

ဆက်ကျော်သက်အရွယ်တုန်းက မာအို လက်နက်ကိုင်အဖွဲ့ တွင် ပါဝင်ခဲ့သည့် မီရာသည် စစ်တပ်များ ပြန်လည်စုပေါင်းသည့်ကာလတွင် အရွေးမခံခဲ့ရပေ။

လွန်ခဲ့သော တစ်နှစ်ကျော်ကျော်လောက်ကမှ တောင်ကျော်ဖြတ်ပြေးနည်းကို စတင်သိကျွမ်းခဲ့ရသော်လည်း ဤအားကစားတွင် အကောင်းဆုံး အပြေးသမားတစ်ယောက်ဖြစ်လာရန် သူမသည် အဆင်သင့်ဖြစ်နေခဲ့သူ တစ်ယောက်ဖြစ်သည်။

နီပေါနိုင်ငံပြင်ပတွင် သူမ၏ အောင်မြင်မှု အရှိန်အဟုန်ကို ၂၀၁၄ခုနှစ် စက်တင်ဘာလက အီတလီနိုင်ငံတွင် ကျင်းပခဲ့သော ဆယ်လာရွန်ဒါ (Sellaronda) တောင်ကျော်ဖြတ်ပြေးပွဲ (၅၇ ကီလိုမီတာ) နှင့် ဒက်ဂ်လီ အယ်ရွိုင် (Degli Eroi) (၈၃ ကီလိုမီတာ) ပြေးပွဲတို့တွင် အနိုင်ရဖြင်းဖြင့် စတင်ခဲ့သည်။

အောက်တိုဘာလတွင် ဟောင်ကောင်၌ကျင်းပသော ကီလိုမီတာ ၅၀ တောင်ကျော်ဖြတ် မာရသွန်အပြင်းပြိုင်ပွဲတွင် သူမ ထပ်မံအနိုင်ရရှိခဲ့ပြန်သည်။ ထိုအချိန်မှစ၍ ဘယ်တော့မှ သူမ နောက်ကြောင်းပြန်လှည့်မကြည့်တော့…။

ဓါတ်ပုံနင့် ရုပ်ရှင်ရိုက်ကူးသူ လွိုက်ဒ် ဘယ်လ်ချာ တွစ်တာတွင် ရေးသားခဲ့သည်မှာ

ဟောင်ကောင် ကီလိုမီတာ ၅၀ ပြိုင်ပွဲ @Skyrunning_com မှာ အနိုင်ရရှိပြီးနောက် မီရာ ရိုင် @TrailRunNepal တစ်ယောက် သူမကို စောင့်ဆိုင်းနေသော ကင်မရာများစွာနှင့် ရင်ဆိုင်စဉ် ©lloydbelchervisuals pic.twitter.com/qGYQ6hlY7a

မီရာသည် နီပေါအရှေ့ပိုင်းက ဘိုပူရ်​ဒေသက ရွာငယ်လေးတစ်ရွာက လာသူဖြစ်သည်။ သူမ၏ အောင်မြင်မှုတွေဟာ ငယ်ရွယ်စဉ်ကလေးဘ၀က ဖြတ်သန်းခဲ့ရသော ခက်ခဲကြမ်းတမ်းမှုများကြောင့် ဖြစ်သည်ဟု သူမပြောလေ့ရှိသည်။

အင်တာဗျူးတစ်ခုတွင် မေးမြန်းခံရစဉ် သူမဖြေကြားသည်မှာ

As a young girl I was not very interested in doing household chores, which is why my mother gave me the physical tasks like bringing water from the river, which is two hours down and three hours back home. I also used to carry a bag of rice to the market to sell and bring money home. I grew up running.

ငယ်ငယ်တုန်းက အိမ်အလုပ်တွေခိုင်းရင် မလုပ်ချင်ဘူး.. အဲ့တော့ အမေက ကျွန်မကို ပိုပြီးလှုပ်ရှားရတဲ့၊ ပိုလည်းပင်ပန်းတဲ့ မြစ်ထဲက ရေသွားခပ်ရတဲ့အလုပ် လုပ်ခိုင်းတယ်။ မြစ်ထဲမှာ ရေသွားခပ်ရတာ အိမ်ကနေအဆင်းကို နှစ်နာရီလောက်ကြာပြီးတော့ ရေခပ်ပြီးပြန်တက်လာဖို့ သုံးနာရီလောက်ကြတာပေါ့..။ ဆန်အိတ်ကိုထမ်းပြီး ဈေးထဲမှာ သွားရောင်း၊ ရတဲ့ပိုက်ဆံယူပြီး အိမ်ပြန်.. အဲ့ဒီအလုပ်လည်း လုပ်ခဲ့ရဖူးတယ်။ ပြေးရင်းလွှားရင်းနဲ့ပဲ အသက်ကြီးလာတာပေါ့..။

လေ့ကျင့်ရာတွင် ကျိုးစားပမ်းစား လေ့ကျင့်ခြင်းက သူမကို ကြံ့ခိုင်ပြီး သန်မာနေစေသည်။ သူမ နေစဉ်လုပ်ဖြစ်သည်များတွင် နံနက်စောစောထခြင်း၊ နံနက်ပိုင်းတွင် ၁၀-၁၂ ကီလိုမီတာ ခန့် ပြေးခြင်းနှင့် ညနေပိုင်းတွင် ၁၀-၁၂ ကီလိုမီတာခန့် ပြေးခြင်းတို့ ပါ၀င်သည်။ ကျောက်ဆိုင်များပေါ် တက်ခြင်းနှင့် စက်ဘီးစီးခြင်းတို့ကိုလည်း သူမ ပြုလုပ်လေ့ရှိသည်။

တောင်ကျော်ဖြတ်ပြေး အားကစားတွင် နာမည်စိုက်ထူနိုင်ခဲ့ပြီဖြစ်သော မီရာသည် အပြင်းစား မာရသွန် အပြေးသမားများအဖို့ အားကျအတုယူဖွယ် အားကစားသမားတစ်ယောက် ဖြစ်သည်။ မှတ်သားအပ်သော အချက်တစ်ချက်မှာ နီပေါနိုင်ငံရှိ သန်းပေါင်းများစွာသော ယောက်ျားလေးများနှင့် မိန်းကလေးများအဖို့ ၀န်စည်စလယ်များကို ကျောတွင် ထမ်းပြီး အန္တရာယ်များလှသော တောင်စောင်းလမ်းအတိုင်း တက်လိုက်ဆင်းလိုက်နှင့် သွားလာရသည်မှာ သမာရိုးကျ လုပ်ရိုးလုပ်စဉ်တစ်ခုလို ဖြစ်နေသည်။

သူမအနေဖြင့် ထိုကလေးငယ်များသို့ အကြံကောင်းတစ်ခု ပေးထားသည်မှာ

“အခွင့်အရေးဆိုတာ မြစ်ထဲမှာမျောနေတဲ့ သစ်ရွက်လိုပဲ၊ မြန်မြန်လိုက် မဖမ်းနိုင်ရင် သွားရောပဲ..။”- #MiraRai #YoungBodyOldSoul

ဆွေးနွေး​ပြောဆို​ခြင်း​ကို စတင်​ရန်

စာရေး​သူ​များ၊ ကျေးဇူးပြု​၍ ဝင်​ရန် »

လမ်း​ညွှန်​ချက်​များ

  • မှတ်ချက်​များ​အားလုံး​ကို ကြီးကြပ်​သူ​တစ်​ဦး​က ဖတ်​ရှု​စစ်ဆေး​ပါ​သည်။. မှတ်ချက်​များ​ကို တစ်​ကြိမ်​ထက် ပို​မ​ပေး​ပါ​နှင့်၊ မဟုတ်​လျှင် မ​လို​အပ်​သော​စာ​အဖြစ် သတ်​မှတ်​ခြင်း​ခံ​ရ​ပါ​မည်။.
  • အခြား​သူ​များ​ကို လေး​လေးစား​စား ဆက်ဆံ​ပေး​ပါ။. လူ​မျိုး​ရေ၊ ဘာသာ​ရေး​နှင့် လိင်​ပိုင်း​ဆိုင်​ရာ တိုက်ခိုက်​မှု​များ​ပါဝင်​သည့် မှတ်ချက်​များ​ကို အတည်ပြု​ပေး​လိမ့်​မည် မဟုတ်​ပါ။.