- Global Voices မြန်မာ - https://my.globalvoices.org -

ကမ္ဘောဒီးယား၏ ၂၀ ရာစု အစောပိုင်းမှ ဓာတ်ပုံများကို ရှုစားရင်း အတိတ်သို့ တစ်ခေါက်

အမျိုးအစားများ: အရှေ့အာရှ, ကမ္ဘောဒီးယား, ခရီးသွားခြင်း, နိုင်ငံ​တကာ​ဆက်​ဆံရေး, ပြည်သူသတင်း, သမိုင်း, အနုပညာနှင့် လူ့ယဉ်ကျေးမှု
Elephants in front of the Royal Palace [1]

တော်၀င်နန်းတော် အရှေ့တွင် ဆင်များ စီတန်းသွားလာနေပုံ

Nationales de outré-mer ဟု အမည်ရသော ပြင်သစ် မော်ကွန်း (ပြည်ပရောက် မော်ကွန်းများအတွက် စင်တာ) သည် ပြင်သစ် အင်ဒိုချိုင်းနား နှင့်ပက်သက်သော သမိုင်းဝင် စာရွက်စာတမ်းများ အပါအဝင် ၎င်းတို့ စုဆောင်းထားသော ဓာတ်ပုံ ထောင်ပေါင်းများစွာကို ဒီဂျစ်နယ် နည်းပညာ ပြုလိုက်ပါသည်။ ကျွန်ုပ်တို့ ထိုဒစ်ဂျစ်တယ် စာကြည့်တိုက်ကို ရှာဖွေကြည့်ရာ ၁၉၂၀ နှင့် ၁၉၃၀ ခုနှစ်များရှိ ကမ္ဘောဒီးယား၏ ရှားပါးသော ပုံရိပ်များ [2]ကို တွေ့ရှိရပါသည်။

ကမ္ဘောဒီးယားသည် ၁၈၆၇ ခုနှစ်တွင် ပြင်သစ်နိုင်ငံ၏ အထိန်းသိမ်းခံ ဖြစ်လာပြီး ၁၉၅၃ ခုနှစ်တွင် ၄င်းတို့၏ လွတ်လပ်ရေးကို ရရှိခဲ့ပါသည်။ ဤဓါတ်ပုံများသည် ပြင်သစ် ကိုလိုနီအုပ်စိုးမှုကာလအတွင်း ကမ္ဘောဒီးယား၏ နေ့စဉ်ဓူ၀ ဘ၀ကို ထုတ်ဖေါ် ပြသ [3]နေပါသည်။ ၄င်းတို့သည် ကမ္ဘောဒီးယား၏ အတိတ်ကိုလိုနီအကြောင်းကို သာမက နိုင်ငံ၏ ကြွယ်ဝသောယဉ်ကျေးမှုအကြောင်းကိုပါ ပိုမို လေ့လာချင်သူများအဖို့ ကောင်းမွန်သော အရင်းအမြစ်များ ဖြစ်ကြပါသည်။

ထိုဒစ်ဂျစ်တယ်မော်ကွန်းတိုက်ရှိ ဓာတ်ပုံများကိုကြည့်လျှင် ကျေးလက်မြင်ကွင်း အချို့သည် ယနေ့မြင်ကွင်းများနှင့် သိပ်မစိမ်းသော်လည်း မြို့ပြရှုခင်းအများအပြားကိုတော့ ယနေ့မတွေ့နိုင်တော့ပါ။ ဒီဟာကို ကြည့်ခြင်းအားဖြင့် ဖနွမ်းပင်နှင့် ကမ္ဘောဒီးယား၏အခြားမြို့ကြီးများ၏ လျင်မြန်စွာ အဆင့်ဆင့် ပြောင်းလဲသွားကြောင်း တွေ့နိုင်သည်။

အောက်တွင် ဖော်ပြထားသော ဓာတ်ပုံများသည် တစ်ချိန်က အာရှတိုက်၏ ပုလဲဟု လူသိများခဲ့သည့် ရှေးကမ္ဘောဒီးယား၏ ကျက်သရေကို မီးမောင်းထိုးပြသောပုံများ ဖြစ်ပါတော့သည်။

Ruins of Angkor [4]

အင်ကော၀တ် ကျောင်းတော် ဟောင်း

Aerial view of Angkor Wat temple [5]

အင်ကော၀တ် ကျောင်းတော်၏ ကောင်းကင်မှ မြင်ကွင်း

Phnom Penh public library [6]

ဖနွမ်းပင် ပြည်သူ့ စာကြည့်တိုက်

City market of Battambang [7]

ဘက်တာဘမ်း၏ မြို့တော်စျေး

Kampot fish market [8]

ကမ်ပေါ့ ငါးစျေး

Monks at the SIlver Pagoda in Phnom Penh. Photo by Têtard (René) [9]

ဖနွမ်းပင်ရှိ ငွေကျောင်းတော်မှ ကိုရင်နှင့် သံဃာတော်များ Photo by Têtard (René)

Royal Palace, Silver Pagoda in Phnom Penh. Photo by Têtard (René) [10]

ဖနွမ်းပင်ရှိ ငွေကျောင်းတော်မှ တော်၀င် နန်းတော်။ Photo by Têtard (René)

Photo by Têtard (René) [11]

Photo by Têtard (René)

The National Assembly in Phnom Penh. Photo by Lebailly [12]

ဖနွမ်းပင်၏ ပြည်သူ့ လွတ်တော်။ Photo by Lebailly

Market square in Phnom Penh. Photo by Lebailly [13]

ဖနွမ်းပင်၏ စျေးရင်ပြင်။ Photo by Lebailly

Ophthalmological Institute. Photo by Busy (Léon) [14]

မျက်စိပညာ တက္ကသိုလ်။ Photo by Busy (Léon)

A hospital in Phnom Penh. Photo by Busy (Léon) [15]

ဖနွမ်းပင်ရှိ ဆေးရုံ။ Photo by Busy (Léon)

Ville de Phnom Penh. "Le Royal Palace". Photo by :Busy (Léon)

Ville de Phnom Penh. “Le Royal Palace”. Photo by Busy (Léon)

A school session in Phnom Penh [16]

ဖနွမ်းပင်တွင် စာသင်ကြားနေပုံ။

A Chinese school building in Battambang. Photo by Service Ciné Photo (Bureau presse information) [17]

ဘက်တာဘမ်းရှိ တရုတ်စာသင်ကျောင်း အဆောက်အအုံ။ Photo by Service Ciné Photo (Bureau presse information)

School examination in Phnom Penh [18]

ဖနွမ်းပင်တွင် စာမေးပွဲ ကျင်းပနေစဉ်။