
တန်ဇန်းနီးယား ဝန်ကြီးချုပ်ဟောင်းလည်းဖြစ် အတိုက်အခံပါတီမှနေ၍ သမ္မတလောင်းဝင်ပြိုင်မည့် Edward Lowassa သည် အာဏာရပါတီကို ဖြုတ်ချလေမလား။ Photo by TZA One and released under Creative Commons.
အောက်တိုဘာ ၃၀ ရက်နေ့တွင် ကျင်းပမည့် အထွေထွေရွေးကောက်ပွဲသည် ၁၉၉၂ ခုနှစ်၌ ပါတီစုံ မူဝါဒကို စတင်ကြင့်သုံးပြီးကတည်းက တန်ဇန်းနီးဟား သမိုင်းတလျှောက်တွင် အကြိတ်အနယ် အပြိုင်အဆိုင် အများဆုံး ရွေးကောက်ပွဲတစ်ခု ဖြစ်လာမည်။ ဤကဲ့သို့ ဖြစ်ရခြင်း အကြောင်းအရင်းမှာ သာမာန်ဆိုလျှင် ခန့်မှန်းလို့ရမည့် ပြည်တွင်း နိုင်ငံရေး ဇာတ်ခုံတွင် ရုတ်တရက် အလှည့်အပြောင်းတစ်ခု ဖြစ်ပေါ်ခဲ့ရာ အရေးပါသော နိုင်ငံရေးပုဂ္ဂိုလ်အချို့သည် အာဏာရ ပါတီ Chama Cha Mapinduzi (CCM)မှ အဓိက အတိုက်အခံပါတီ Chama Cha Demokrasia na Maendeleo (အတိုကောက် – ချဒီမာ)သို့ ဘက်ပြောင်းသွားကြသည့်အတွက် ဖြစ်ပါသည်။
ဝန်ကြီးချုပ်ဟောင်းနှစ်ဦးဖြစ်သော Edward Lowassa နှင့် Frederick Sumaye တို့သည် အာဏာရပါတီမှ ပြီးခဲ့သော နွေရာသီတွင် နှုတ်ထွက်ခဲ့ကြသည်။ Edward Lowassa သည် (ချဒီမာအပါအဝင် ပါတီလေးခုဖွဲ့စည်းထားသော) အတိုက်အခံ နိုင်ငံရေးအုပ်စု (Ukawa) အူကာဝါ ၏ ဥက္ကဌ ဝင်ပြိုင်မည့်သူဖြစ်လာသည်။ လူကြိုက်များပြီး အပြောအဆိုကောင်းသော Lowassa သည် CCM ၏ ဥက္ကဌလောင်းအဖြစ် အရွေးခံမည့် စာရင်းမှငြင်းပယ်ခံရပြီးနောက် ဇူလိုင်လကုန်ခါနီးတွင် ဘက်ပြောင်းသွားခဲ့ခြင်း ဖြစ်ပါသည်။
ဤကဲ့သို့ အရေးပါသော နိုင်ငံရေးပုဂ္ဂိုလ်များ ဘက်ပြောင်းသည့်အချက်သည် အတိုက်အခံ ပါတီအတွက် အာဏာရ CCM ကို အပြတ်တိုက်နိုင်ဖို့ အခွင့်အရေး ဖြစ်လာသည်။ CCM သည် ၅၁ နှစ်ကျော်ကြာ တန်းဇန်းနီးယားတွင် အုပ်ချုပ်ခဲ့ပြီး အာဖရိက၏ အရှည်ကြာဆုံး အာဏာရပါတီ ဖြစ်သည်။
Huffington Post အတွက်ရေးသားထားသော ဆောင်းပါးတစ်ပုဒ်တွင်၊ CCM၏ ရှုံးနှိမ့်မှုကို ကြောက်ရွံ့စိတ်သည် ၎င်းပါတီနှင့် အစိုးရအား မတတ်သာသည့်အဆုံး အာဏာရှင်ဆန်သောနည်းလမ်းများကို ပိုမို အသုံးပြုလာပြီး အာဏာကို မဆုံးရှုံးရလေအောင် ပြုလုပ်လာစေသည်ဟု အတိုက်အခံပါတီ ချဒီမာ၏ ဥက္ကဌ Freeman Mbowe မှ ပြောပါသည်။
Moved by fear of losing, the ruling party is now resorting to undemocratic methods to maintain its grip on power. First, they passed a Draconian election expenses act which forbids the importation of any campaign materials, including flags, vehicles and finances, 90 days before the polling date. This deadline fell three weeks before the party's official nomination day. How can any candidate purchase materials before they know they are the official nominee?
On Monday, the police arrested 19 Chadema youths who were signing up supporters. They were arrested for the simple act of public campaigning. When the former Home Affairs Minister Lawrence Masha went to the police station to request their release, they arrested him, too.
The next day, the police ruled that our candidate Lowassa could not meet with the public. CCM was shocked by the public reception the former prime minister received when he drove on a bus to bring attention to the desperate need for better public transportation in Dar es Salaam, Tanzania's largest city.
Increasingly, the police are blocking our campaign's travel routes and disallowing our campaign plane from using airports. They have refused to grant our rally permits in the very grounds CCM held a rally only a few days before.
Finally, the government announced on September 1st, they will begin enforcing its free-speech suppressing “Cyber Security Act,” which makes it a crime to criticize the government in emails or across social media.
ရှုံနိမ့်မည်ကို ကြောက်ရွံ့မှုကြောင့်၊ အာဏာရ ပါတီသည် သူတို့၏ အာဏာကို ထိန်းသိမ်းဖို့ ဒီမိုကရေစီမဆန်သော နည်းလမ်းများကို မတတ်သာသည့်အဆုံး အသုံးပြုနေသည်။ ပထမဆုံးအနေဖြင့် သူတို့သည် ပြင်းထန်သော ရွေးကောက်ပွဲ အသုံးစရိတ် ဥပဒေကို ချမှတ်လိုက်ပါသည်။ ၎င်းဥပဒေသည် မဲပေးမည့်အချိန်မတိုင်မီ ရက် ၉၀ အတွင်း ငွေကြေး၊ အလံ၊ မော်တော်ယာဉ် စသည်တို့အပါတဝင် အခြားမည်သည့် မဲဆွယ်လှုပ်ရှားမှုတွင် အသုံးပြုမည့် အရာကိုမဆို တင်သွင်းမှုကို ပိတ်ပင်ထားပါသည်။ ဤ ရက်သတ်မှတ်ချက်သည် ပါတီများ၏ ခေါင်းဆောင်များ ခန့်ထားရန် အဆိုပြုချက်ရက်မတိုင်မီ သုံးပတ်အလိုတွင် ကျရောက်ပါသည်။ ဘယ်သူက သူတို့ဟာ တရားဝင် ကိုယ်စားလှယ်လောင်းတွေအဖြစ် ရွေးချယ်ခံရမှန်း မသိခင် ဘယ်လိုလုပ်ပြီး ထိုအရာများကို ကြိုဝယ်နိုင်မလဲ။
တနင်္လာနေ့တွင် ရဲများသည် ထောက်ခံအားပေးသူများ၏ လက်မှတ်များကို ရယူနေသော ချဒီမာ လူငယ် ၁၉ယောက်အား ဖမ်းဆီးခဲ့ပါသည်။ အရပ်ထဲတွင် ရိုးရိုး သာမာန် လှုပ်ရှားမှုလုပ်နေသည်ကိုပင် အဖမ်းခံရသည်။ ပြည်တွင်ရေး ဝန်ကြီးဟောင်း Lawrence Masha က ရဲစခန်းကို လူငယ်တွေအား လွှတ်ပေးဖို့ သွားပြောတော့ သူ့ကိုပါ ဖမ်းလိုက်သည်။
နောက်တစ်နေ့တွင် ရဲများသည် ကျွန်တော်တို့၏ ကိုယ်စားလှယ်လောင်း Lowassa သည် ပြည်သူနှင့် မတွေ့ရဟု အမိန့်ထုတ်ပြန်သည်။ ဝန်ကြီးချုပ်ဟောင်းသည် တန်ဇန်းနီးယား၏ အကြီးဆုံးမြို့ဖြစ်သော ဒါအက်(စ)ဆလမ်းမြို့တွင် အများသုံးပို့ဆောင်ရေးစနစ် ကောင်းမွန်အောင်လုပ်ဖို့ အရေးပေါ်လိုအပ်နေပြီဆိုတာအား လူအများ အာရုံစိုက်လာအောင် ဘတ်စကားကို တက်မောင်းပြတဲ့အခါ ရရှိခဲ့တဲ့ လူထုလက်ခံမှုကို CCM က ထိတ်လန့်နေခဲ့ပါသည်။
ရဲတွေဘက်က ကျွန်တော်တို့၏ မဲဆွယ်ရေး ခရီးလမ်းတွေကို လိုက်ပိတ်ပင်တာတွေ၊ ကျွန်တော်တို့၏ လေယာဉ်ကို လေဆိပ်များ အသုံးမပြုလို့ရအောင် ပြုလုပ်တာတွေလည်း ပိုများလာသည်။ သူတို့သည် ကျွန်တော်တို့ကို မဲဆွယ်ခွင့်ကို ရက်အနည်းငယ် အကြာက CCM မဲဆွယ်မှုပြုလုပ်သွားသည့် တနေရာတည်းမှာပင် ခွင့်ပြုချက် ပေးရန် ငြင်းဆန်ခဲ့သည်။
နောက်ဆုံးပြောရလျှင်၊ အစိုးရသည် စက်တင်ဘာ ၁ ရက်နေ့က လွတ်လပ်စွာပြောဆိုခွင့်ကို ဖိနှိပ်မည့် သူတို့၏ “Cyber Security Act” ကို စပြီး ပြဌာန်းတော့မည်ဟု ပြောသည်။ ၎င်းသည် အီးမေး(လ) နှင့် လူမှုမီဒီယာ တွေပေါ်မှာ အစိုးရကို ဝေဖန်ခြင်းသည် ပြစ်မှုတစ်ခုဖြစ် စေမည့် ဥပဒေဖြစ်ပါသည်။
သို့သော်ငြား ရွေးကောက်ပွဲကို ခြုံငုံကြည့်ရလျှင် မဲပေးပွဲမတိုင်မီ အပြိုင်အဆိုင်များမှ ထောက်ပြသည်မှာ အာဖရိကသည် ဒီမိုကရေစီနှင့် ပိုမို အဆင်ပြေလာသည်ဟု Frank Charnas မှတ်ချက်ချပါသည်။ ရွေးကောက်ပွဲ၏ ရလာဒ်သည် တန်ဇန်းနီးယား တစ်ခုတည်းကိုပင် သက်ရောက်မှာ မဟုတ်ပါဘူးဟု ထောက်ပြပါသည်။
Put together, the upcoming Tanzanian elections are indicative of a continent becoming more at ease with democracy, and realising the power of a united and organised opposition. It will take a concerted effort to unseat the CCM, but momentum appears to be behind Lowassa and his coalition, thus setting up what are expected to be the closest elections in the country’s history, the outcome of which is sure to affect not just Tanzania, but the region and the continent as a whole.
အားလုံးကို ပေါင်းကြည့်လိုက်လျှင် တန်ဇန်းနီးယား၏ ရွေးကောက်ပွဲသည် အာဖရိက တစ်တိုက်လုံးမှ ဒီမိုကရေစီနှင့် အေးအေးဆေးဆေး ဖြစ်လာပြီဆိုတာကို ညွှန်ပြခြင်း ဖြစ်ပါတယ်။ ပြီးတော့ စည်းလုံးပြီး အသေအချာဖွဲ့ထားတဲ့ အတိုက်အခံ နိုင်ငံရေး၏ စွမ်းအားကို သဘောပေါက်လာခြင်းလည်း ဖြစ်ပါတယ်။ CCM ကို ဖြုတ်ချဖို့ ညီညီညွတ်ညွတ်ပူးပေါင်းဆောင်ရွက်တဲ့ ကြိုးပမ်းမှုကို လိုအပ်ပါလိမ့်မယ်။ သို့ပေမဲ့လည်း Lowassaနဲ့ သူရဲ့ ညွှန့်ပေါင်းအဖွဲ့ အနောက်မှာ အရှိန်ကို တွေ့နေရပြီ ဖြစ်တယ်။ ဒါကြောင့် နိုင်ငံရဲ့ သမိုင်းတလျှောက်မှာ သူမသာကိုယ်မသာ အကြိတ်အနှယ် ရွေးကောက်ပွဲ တစ်ခုလို့မျှော်လင့်လို့ရတဲ့ပုံကို ဦးတည်နေတဲ့အလျှောက် သူ့ရဲ့ရလာဒ်ဟာ တန်ဇန်းနီးယား တစ်ခုတည်းကို သက်ရောက်ရုံတင်မကပဲ အာဖရိက တစ်ဒေသလုံး၊ တစ်တိုက်လုံးကို ခြုံ၍ သက်ရောက်မှာ ဖြစ်ပေတယ်။
ရွေးကောက်ပွဲနှင့် ပက်သက်သော အတွေးအမြင်များဖြင့် Twitter တွင် ပြည့်နှက်နေသည်ကတော့ အံအားသင့်စရာ မဟုတ်ပါ။
ဒီတယောက်အတွက်တော့၊ ဤရွေးကောက်ပွဲသည် သမိုင်းတလျှောက်မှာ နည်းပညာ အသုံးဆုံး ရွေးကောက်ပွဲဖြစ်မှာ သံသယဖြစ်ဖွယ် မရှိဟု Robert Kasenene က ရေးပါသည်။
These elections will be the most tech-savy #Tanzania has had yet. Right now its the battle of airial drone photography. Who's winning?
— Robert Kasenene (@RKasenene) August 24, 2015
ဒီရွေးကောက်ပွဲဟာ တန်ဇန်းနီယား လုပ်ဖူးသမျှထဲမှာ နည်းပညာ အသုံးဆုံး ဖြစ်မယ်။ အခုတော့ ကောင်းကင်မှရိုက်ကူးတဲ့ ဓာတ်ပုံတွေရဲ့ တိုက်ပွဲဖြစ်တယ်။ ဘယ်သူနိုင်နေလဲ။
စီနီဂေါ နိုင်ငံ သမ္မတ၏ သား Karim Wade အား အကျင့်ပျက်ခြစားမှုကြောင့် အပြစ်စီရင်ခြင်းကို ကိုးကားကာ Marielaura သည် ဤသို့မြင်ပါသည်။
While in Tanzania mafisadi wanaachiwa watembee & even compete in elections #TanzaniaMlioitupa # https://t.co/zoe8b6tdo4
— Marielaura (@Mankalaurie) August 24, 2015
တန်ဇန်းနီးယားတွင် အကျင့်ပျက်နိုင်ငံရေးသားမားတွေက စကော့ အလကားရပြီး ရွေးကောက်ပွဲ ဝင်ပြိုင်နေသည့် အခါသမယ။
တန်ဇန်းနီးယား ဘလော့ဂါ Jeff Msangi ကတော့ ဒီနှစ် ရွေးကောက်ပွဲအား အကြမ်းစား ဖဲကစားနည်းဟု ယူဆပါသည်။
Tanzania 2015 Elections are slowly turning out to be the “wild card” games.Whoever plays it well,carries the advantage posture.
— Jeff Msangi (@BongoCelebrity) August 26, 2015
တန်ဇန်းနီးယား ၂၀၁၅ ရွေးကောက်ပွဲဟာ ဖြည်းဖြည်းနဲ့ ဖဲကစားနည်းမှာ ပွဲကြမ်းလာသလိုဖြစ်လာပါတယ်။ သေချာကောင်းကောင်း ကစားနိုင်တဲ့ ဘယ်သူမဆို အားသာတဲ့ အနေအထားကို ရောက်မှာပါ။
နိုင်ငံရေးကို စိတ်ဝင်စားတဲ့ လူငယ်တွေပေါ်ပေါက်လာတာကို အချို့က သတိပြုမိကြပါသည်။
Whoever gets the Youth vote in #Tanzania October elections will win https://t.co/YL9dQxMSdr
— African (@ali_naka) August 23, 2015
တန်ဇန်းနီးယားရဲ့ အောက်တိုဘာ ရွေးကောက်ပွဲမှာ လူငယ်တွေရဲ့ မဲရတဲ့သူ ဘယ်သူမဆို နိုင်မှာပဲ။
ဒီလိုအချိန်တွေမှာ နိုင်ငံရေး သတိပြုမှုတွေဟာ မြင့်တက်လာတယ်ဟု Straight Talk Africa မှ ရေးပါသည်။
RT @saidimsonga: We expecting to see very challenging historical election in Tanzania. Awareness is too high compared to previous elections
— Straight Talk Africa (@VOAShaka) August 19, 2015
သမိုင်းဝင်မယ့် စိန်ခေါ်မှုကြီးမားတဲ့ ရွေးကောက်ပွဲကို တန်ဇန်းနီးယားမှာ ကျွန်ုပ်တို့ စောင့်မျှော်နေပါတယ်။ နိုင်ငံရေး နှိုးကြားမှုတွေက ဒီတစ်ခေါက် အရင်ရွေးကောက်ပွဲများထက် အများကြီးကို မြင့်တက်နေပါတယ်။
အကယ်၍အာဏာရပါတီ ရှုံးနိမ့်သိမ်းသွားလျှင် ဘယ်သူ့ကို အပြစ်တင်နိုင်ပါလဲ။ အများကတော့ လက်ရှိ တာဝန်ထမ်းဆောင်ဆဲ သမ္မတ Jakaya Kikwet လို့ထင်ပါသည်။
If @ELowassa trounce @MagufuliJP in Tanzania's oncoming elections,the blame will squarely be on @jmkikwete,a legacy of isolation,confusion,
— Blamuel Ndiema (@blamuel_ndiema) August 14, 2015
အကယ်၍ တန်ဇန်းနီးယားရဲ့ လာမည့် ရွေးကောက်ပွဲမှာ @ELowassa က @MagufuliJP ကို အပြတ်အသတ်နိုင်ရင် အပြစ်ကတော့ ညီညီညာညာလေး @jmkikwete ရဲ့အပေါ်မှာပေါ့။ သူ့ရဲ့ အဆက်သွယ်ဖြတ်ခြင်း၊ ရှုပ်ထွေးအောင်လုပ်ခြင်းစတဲ့ အမွေတွေပေါ့။
Penny Kims အနေနှင့် အာဏာရပါတီ ကြောက်လန့်တာ ပထမဆုံးမြင်ခြင်း ဖြစ်သည်။
for the first time since Independence i have seen the ruling party (CCM) being scared of losing elections…#2015election #Tanzania
— Penny kims (@PennyKims) August 27, 2015
လွတ်လပ်ရေးရပြီးကတည်းက ဒါပထမဆုံး အကြိမ် အာဏာရပါတီ (CCM) ရွေးကောက်ပွဲ ရှုံးမှာ ကြောက်တာကို မြင်ရတာပဲ။
Barak Bob နှင့် Penny Kims တို့ကတော့ မဲပေးမည့်သူများအား အကြံပေးကြသည်။
To make a good vote in October #Tanzania elections you have to take the two top rated candidates and analyze their personalities @jmkikwete
— barakbob (@barakbob1) August 13, 2015
အောက်တိုဘာ #Tanzania ရွေးကောက်ပွဲမှာ မဲကောင်းကောင်းပေးနိုင်ဖို့ ထိပ်ဆုံး အဆင့် ကိုယ်စားလှယ်လောင်း နှစ်ယောက်ကို ရွေးပြီးတော့ သူတို့ရဲ့ ပင်ကိုယ်စရိုက်တွေကို ခွဲခြမ်းလေ့လာရမယ်။
Elections determine who is in power, but they do not determine how power is used…. Be careful who you vote for #Tanzania#Uchaguzi2015
— Penny kims (@PennyKims) August 27, 2015
ရွေးကောက်ပွဲဆိုတာ ဘယ်သူ အာဏာရမယ်ဆိုတာကိုပဲ ဆုံးဖြတ်တာဖြစ်တယ်။ ဒါပေမဲ့ အာဏာကို ဘယ်လိုသုံးမယ်ဆိုတာကို မဆုံးဖြတ်ပေးဘူး။ ဘယ်သူ့ကို မဲပေးမယ်ဆိုတာကို သတိထားပါ။
အကျင့်ပျက်ခြစားမှုကို ရွေးကောက်ပွဲအကြို လှုပ်ရှားချိန်တွင် လူအများ အာရုံစိုက်နေကြပါသည်။
Corruption takes center stage in campaigning for #Tanzania Oct elections – a positive sign although few candidates have clean hands. #Africa
— James Hall (@hallaboutafrica) August 11, 2015
အကျင့်ပျက်ခြစားမှုပေါ် #Tanzania အောက်တိုဘာ ရွေးကောက်ပွဲ အတွက် မဲဆွယ် လှုပ်ရှားမှုတွေမှာ လူတိုင်း အာရုံစိုက်နေပါတယ်။ ဘယ်ကိုယ်စားလှယ်လောင်းတွေကမှ လက်သန့်တာ မဟုတ်ပေမဲ့ ဒီလို အာရုံနေတာကတော့ ကောင်းတဲ့ သင်္ကေတတစ်ခုပါ။
အောက်က သူ၏ tweet အရဆိုလျှင် အရေးကြီးပုဂ္ဂိုလ်များ ဘက်ပြောင်းသွားခြင်းဟာ (democrazy) ဒီမိုခရေဇီ ၏ မွေးဖွားမှုဖြစ်သည်။
#Tanzaniaelections Is it CCM-CCM that will win or is it CCM-CHADEMA? Welcome to democrazy
— Lloyd Muriuki Wamai (@muriukiwamai) August 27, 2015
#Tanzaniaelections CCM-CCM ပဲနိုင်မလား ဒါမှသို့မဟုတ် CCM-CHADEMA ပဲနိုင်မလား။ ဒီမိုခရေဇီ မှ ကြိုဆိုပါသည်။
Ma Mary ကတော့ အာဏာရ ပါတီနှင့် အတိုက်အခံတို့ကို အစိုးရအဖွဲ့အတူတူပေါင်းစေချင်သည်။
Tanzania 2015 October 25th elections should produce a government of national unity, not one divided along regional,ethnic &tribal sympathies
— Ma Rary (@dmarari) August 24, 2015
တန်ဇန်းနီးယား ၂၀၁၅ အောက်တိုဘာ ၂၅ရက်နေ့ ရွေးကောက်ပွဲသည် တမျိုးသားလုံး စည်းလုံးညီညွတ်သော အစိုးရမျိုးကို ရရှိသင့်သည်။ ဒေသအလိုက်၊ လူမျိုးအလိုက်၊ လူမျိူးစုအလိုက် သူ့ဘက်ကိုယ့်ဘက် ပါတာမျိုး မဖြစ်သင့်ပါ။
ဤသည်မှာ တန်ဇန်းနီးယား နှင့် အာဖရိက၏ နိုင်ငံရေးသမိုင်းကို ပြန်လည်ရေးဆွဲရမည့် အဖြစ်များ ဖြစ်လေမလား။