- Global Voices မြန်မာ - https://my.globalvoices.org -

မလေးရှားတွင် မြန်မာ တိမ်းရှောင် ကလေးများ ကြောက်လန့်ခြင်းဖြင့် ကျောင်းတက်နေရ

အမျိုးအစားများ: အရှေ့အာရှ, မလေးရှား, မြန်မာ, စစ်ပွဲနှင့် တိုက်ခိုက်မှုများ, တိုင်း​ရင်း​သားလူမျိုးများ, ဒုက္ခသည်များ, နိုင်ငံ​တကာ​ဆက်​ဆံရေး, ပညာရေး, ပြည်သူသတင်း, လူ​ဝင်​မှု​နှင့် ရွှေ့​ပြောင်း​နေ​ထိုင်မှု, လူ့အခွင့်အရေး
In Search of Shelter [1]

မြန်မာနိုင်ငံမှ ဒုက္ခသည် ကလေးငယ်များ အတွက် မလေးရှားရှိ ကျောင်း Source: EngageMedia

ရှည်ကြာနေသော နိုင်ငံအတွင်းမှ ပဋိပက္ခများ နှင့် ဖမ်းစီး နှိပ်ကွပ်မှုများမှ ထွက်ပြေးတိမ်းရှောင်နေရသောကြောင့် သိန်းနှင့်ချီသော ရိုဟင်ဂျာ မူစလင်များနှင့် ချင်း ခရစ်ယာန်တို့သည် အိမ်နီးချင်း အရှေ့တောင် အာရှနိုင်ငံများတွင် ဒုက္ခသည် [2] တိမ်းရှောင်သူများ အနေဖြင့် နေနေကြရသည်။

မလေးရှားနိုင်ငံ တစ်ခုတည်းတွင်ပင်လျှင် ခန့်မှန်းခြေ လူအယောက် တစ်သိန်းခွဲ [3]သည် နိုင်ငံရေးခိုလှုံခွင့်တောင်းသူများအနေနှင့် သော်လည်းကောင်း၊ ဒုက္ခသည်များအနေနှင့် သော်လည်းကောင်း ရှိနေကြသည်။ အများစုမှာ မြန်မာနိုင်ငံမှ ဖြစ်ကြသည်။ ၎င်းတို့မှ သုံးပုံတစ်ပုံသည် ကမ္ဘာ့ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) တွင် မှတ်ပုံတင်မထားပါ။

၎င်းတို့အထဲတွင် မှတ်ပုံတင်မထားသော ထောင်နှင့်ချီသည့် ကျောင်းန​ြရွယ် တိမ်းရှောင်သူ ကလေးငယ်များဖြစ်ပါဝင်ပြီး မလေးရှားရှိ အစိုးရကျောင်းများတွင် တက်ရောက်ခွင့်မရသူများ ဖြစ်ကြသည်။ ၎င်းတို့အများစုသည် ပြင်ပ အရပ်ဘက်ကျောင်းများကိုသာ အားကိုးအားထားပြုနေရပြီး အဖမ်းခံရခြင်းနှင့် ဒုက္ခပေးနှောင့်ယှက်ခြင်းများအပေါ် အမြဲ ကြောက်ရွံ့ခြင်းဖြင့် နေနေရသည်။

မလေးရှားမှ မြန်မာ တိမ်းရှောင်နေထိုင်သူများ ပြုလုပ်ထားသော ‘In Search of Shelter’ [1] (ခိုလှုံရာရှာဖွေခြင်း) ခေါ်  ဗီဒီယိုတစ်ခုအရ ချင်း ကျောင်းသူကျောင်းသား ၃၆၀ ကျော်တက်ရောက်နေသော ကျောင်းတစ်ကျောင်းတွင် ၄၀ ရာခိုင်နှုန်းသည်သာ UNHCR နှင့် မှတ်ပုံတင်ထားသည်။ ထို ဗီဒီယိုမှ ချင်းရပ်ရွာခေါင်းဆောင်တစ်ဦး၏ အဆိုအရ။  ။

Students not registered with the UNHCR cannot get any exam recognition from the government or enter university. They also face security problems when they come to school and (travel) in between. Those aged 13, 14, 16 have been arrested many times.

UNHCR နှင့် မှတ်ပုံမတင်ထားသော ကျောင်းသားများသည် အစိုးရမှ မည်သည့် စာမေးပွဲကိုမှ အသိအမှတ်ပြုခြင်းမခံရသည့်အပြင် တက္ကသိုလ်များကိုလည်း မတက်ရောက်နိုင်ပါ။ သူတို့သည် ကျောင်းသို့ရောက်သည့်အခါ နှင့် သွားလာနေစဉ် လုံခြုံရေးပြဿနာများကိုလည်း ကြုံတွေ့ကြရသည်။ အသက် ၁၃၊ ၁၄၊ ၁၅ အရွယ်များသည် အကြိမ်ကြိမ်အခါခါ အဖမ်းခံရသည်။

In Search of Shelter [1] (ခိုလှုံရာရှာဖွေခြင်း) ဗီဒီယိုသည် မလေးရှားတွင်နေထိုင်နေရသော ရွှေပြောင်းလုပ်သားများ နှင့် တိမ်းရှောင်ပြည်သူများ၏ ဒုက္ခအခက်အခဲများအား မီမောင်းထိုးပြရန် ရည်ရွယ်ထားသော ဗီဒီယို ၁၃ ပုဒ်ပါ အတွဲထဲမှ တစ်ပုဒ်ဖြစ်သည်။ Crossroads [4] (လမ်းစုံများ) ခေါ်  ဗီဒီယို အတွဲသည် ရွှေ့ပြောင်းသူများ၏ အခွင့်အရေးအတွက် လှုပ်ရှားသူများအား ဗီဒီယိုထုတ်လုပ်ခြင်း၊ ဖြန့်ဖြူးခြင်း စသည်တို့နှင့် ပက်သက်သော ကျွမ်းကျင်မှုများအား သင်ကြားပေးရန် ရည်ရွယ်၍ပြုလုပ်ကာ EngageMedia နှင့် Citizen Journalists Malaysia [5] တို့ ပူးပေါင်းထုတ်လုပ်ခဲ့ကြသည်။

၎င်း ဗီဒီယိုအတွဲ [4]ထဲတွင် နိုင်ငံရေးခိုလှုံခွင့်တောင်းသူများသည် ၎င်းတို့မှ မည်ကဲ့သို့ အရင်းအမြစ်များကို စည်းလုံး၍ ပေါင်းစပ်ကာ အခြေခံ ဝန်ဆောင်မှုများဖြစ်သော ကျန်မာရေး ဆေးပေးခန်းနှင့် ကလေးများ၏ ပညာရေးများကို လက်လှမ်းမှီရရှိအောင် တည်ထောင်ခဲ့ပုံတို့ကို ဝေမျှထားပါသည်။ မလေးရှားမှ UNHCR [6] တွင် မှတ်ပုံတင်နိုင်ဖို့ ကြိုးစားရာတွင် တွေ့ကြုံခဲ့ရသော အကျပ်အတည်း အများအပြားကိုလည်း ဝေမျှထားပါသည်။

သူတို့တည်တည်ထောင်ထားသည့် ကျောင်းမှ ဆရာအများအပြားမှာ တရားဝင်နေထိုင်ခွင့်မရှိသည့် အတွက်ကြောင့် ရဲများမှ ဖမ်ဆီးခြင်းခံခဲ့ရသည်ဟု ခိုလှုံရာရှာဖွေခြင်း [1] ဗီဒီယိုတွင် ရပ်ရွာခေါင်းဆောင်သည် ရှင်းပြပါသည်။

ဒုက္ခသည်များဆိုင်ရာ ကမ္ဘာ့ ကုလသမဂ္ဂ၏ သဘောတူညီချက်အား လက်မှတ်ထိုးမည် မဟုတ် [7]ဟု ထုတ်ဆိုထားသော မလေးရှားနိုင်ငံသည် နိုင်ငံရေး ခိုလှုံခွင့်တောင်းသူများနှင့် ပက်သက်သော ဥပဒေမူဘောင်များမရှိသလို ဒုက္ခသည်များ နှင့် အထောက်အထားမရှိသော ရွှေ့ပြောင်းသူများအကြား သီးခြားသတ်မှတ်ထားခြင့် မရှိသည့်အလျောက် ဒုက္ခသည်များသည် ဖမ်းဆီးခံရခြင်း၊ နိုင်ငံမှ နှင်ထုတ်ခြင်း နှင့် ဖိနှိပ်ခံရခြင်း စသည့် အန္တရာယ်များ အမြဲ ကြုံတွေ့နေရသည်။

မလေးရှားရှိ မြန်မာ ရွှေ့ပြေားင်း ပြည်သူများ

မလေးရှားတွင် လက်ရှိ မြန်မာပြည်မှ တိမ်းရှောင်သူ ဒုက္ခသည် ခန့်မှန်းခြေ ၁၅၀၀၀၀ ရှိပါသည်။ မူရင်းအထောက်အထား။ ။EngageMedia

မလေးရှားတွင်ပြုလုပ်ခဲ့သော Crossroads (လမ်းစုံများ) ပြသပွဲတစ်ခုတွင် ပွဲလာကြည့်သူ ၈၀ မှ ၉၀ ရာခိုင်နှုန်းသည် ရဲများမှ နှောင့်ယှက်ခံရခြင်း၊ အလုပ်ရှင်နှင့် ခွင့်ပြုစာ ပြဿနာများ ကြုံရခြင်း စသည်တို့အား ကိုယ်တိုင် တွေ့ကြုံခဲ့ဖူးသူများဖြစ်သည်ဟု ပွဲစီစဉ်သူများမှ တွေ့ရှိရပါသည်။ ဒုက္ခသည် မှတ်တင်ကဒ်ပြားများနှင့် အခြားအထောက်အထားစာရွက်များအားထုတ်ပြသည့်အခါများတွင်ပင်လျှင် ၎င်းတို့ဆီလာသော အာဏာပိုင်များမှ ဆုတ်ဖြဲပစ်သည့် အဖြစ်များ ရှိခဲ့ဖူးသည်ဟု ပွဲလာကြည့်သူ တစ်ဦးမှ ထောက်ပြခဲ့သည်။

၂၀၁၄ ခုနှစ်တွင် Al-Jazeera မှ လျှို့ဝှက်စွာ ပြုလုပ်ခဲ့သော စုံစမ်းမှုတစ်ခု [8]၏ ဖော်ထုတ်ချက်အရ အချို့ဒုက္ခသည်များသည် မလေးနိုင်ငံတွင် တရားဝင်နေထိုင်ခွင့်ရရှိရန် အမေရိကန်ဒေါ်လာ တစ်ထောင်ပေး ရသည်ဟု ဆိုသည်။ ၎င်းသည် တရားမဝင် လူကုန်ကူးခြင်း၏ တစ်စိတ်တစ်ပိုင်းအနေခြင့် ပေးရခြင်းဖြစ်ပြီး ကုလသမ္မဂ ဒုက္ခသည် ဌာနကိုင်တိုင်ပင် ပါဝင်ပက်သက်နိုင်သည်ဟု စွဲချက်ထွက်ဆိုထားသည်။

မြန်မာနိုင်ငံမှ ပြောင်းရွေ့ကလေးများ။

မလေးရှားရှိ ကမ္ဘာ့ကုလ သမဂ္ဂ ထောက်ခံအားပေးမှုပွဲတစ်ခုမှ မြန်မာနိုင်ငံမှ ရွှေ့ပြောင်း ကလေးများ။ မူရင်းအထောက်အထား။ ။EngageMedia

မလေးရှားတွင် တိမ်းရှောင် ဒုက္ခသည်များ အပေါ် တရားမမျှတမှု နှင့် ဖိနှိပ်ခေါင်းပုံဖြတ်မှတို့ကို ကျူးလွန်ခြင်းနှင့် ပက်သက်သော အစီအရင်ခံမှုများ ဆက်လက်ထွက်ပေါ်နေသည့်အလျှောက် မလေးရှားအစိုးရနှင့် UNHCR တို့သည် ဤ တိုးပွားနေသော စိုးရိမ်ဖွယ်ရာ အခြေအနေကို ထိရောက်စွာ မည်သို့ ကိုင်တွယ်ဖြေရှင်းမည်ကို ဆက်လက်စောင့်ကြည့်ရန် လိုအပ်ပေဦးမည်။