
ဖလော်ရီဒါပြည်နယ် မီယာမီမှ Chicas Poderosas ညီလာခံ။ ဓာတ်ပုံ။ ။ Chicas Poderosas.
“If you educate a man you educate an individual, but if you educate a woman you educate a family (nation)”.
သင်ယောကျ်ားတစ်ယောက်ကို ပညာသင်ပေးလျှင် လူတစ်ဦးကိုသာ ပညာသင်ရာ ရောက်သည်။ သို့သော် သင် မိန်းမတစ်ယောက်ကို ပညာသင်လျှင် မိသားစု တစ်စု (နိုင်ငံတစ်နိုင်ငံ)လုံးကို ပညာသင်ပေးရာ ရောက်သည်။
သတင်းခန်း နည်းပညာ နှင့် တိုက်ရိုက်လုပ်ကိုင်နေသော လက်တင်အမေရိကန် အမျိုးသမီးများ တိုးပွားလာအောင် ကြိုးပမ်းနေသည့် Chicas Poderosas (အစွမ်းထက်သော မိန်ကလေးများ) ဟုခေါ်သော အဖွဲ့၏ တည်ထောင်သူဖြစ်သည့် မာရီယာနာ ဆန်တို့(စ) ၏ အလုပ်များအတွက် အထက်မှ အာဖရိ စကားပုံလေးဟာ အကူအညီဖြစ်နေပါသည်။ အမျိုးသားများ အုပ်စိုးထားသော ဤ သတင်းလုပ်ငန်းတွင် အမျိုးသမီးများ ကြုံတွေ့ရသော အခက်အခဲများကို ဆန်တို့(စ) သိသည်။ ယနေ့ ဒီဂျစ်တယ် နည်းပညာခေတ်တွင်ပင်လျှင် လက်တင်အမေရိကမှ အမျိုးသမီး သတင်းထောက်များသည် ဖွဲ့စည်းပုံကြောင့် အခွင့်မသာပဲ ဖြစ်နေသည်။
ဆန်တို့(စ)သည် ပေါ်တူဂီလူမျိုး ကွန်ပြူတာပုံဆွဲ ဒီဇိုင်းနာတစ်ဦးဖြစ်ပြီး The Guardian နှင့် အရင်က လုပ်ကိုင်ခဲ့ပါသည်။ ယခုလက်ရှိတွင်တော့ Fusion ၏ “interactive နှင့် animation” အပိုင်းတွင် ညွှန်ကြားရေးမှူးဖြစ်သည်။ ဒီဂျစ်တယ်မီဒီယာ သင်တန်းများသည် နည်းပါးနေသေးပြီး အမျိုးသမီးများကို အထူးအာရုံစိုက်သော အစီအစဉ်များကလည်း အလွန် နည်းနေသေးသောကြောင့် နည်းပညာသုံး စာနယ်ဇင်း လောကတွင် အမျိုးသမီးများကို ကိုယ်စားပြုမှုဟု လိုနေသေးသည်ဟု ဆန်တို့(စ)က ပြောပါသည်။
၂၀၁၃ ခုနှစ်တွင် fellowship at the International Center for Journalists (ICFJ) (စာနယ်ဇင်းသများအတွက် နိုင်ငံတကာ စင်တာမှ သုတေသနထောက်ပံကြေး) ၏ ကျေးဇူးကြောင့် ဆန်တို့(စ)သည် စာနယ်ဇင်းလုပ်ငန်းတွင် အရာများကို ပြောင်းလဲပစ်ဖို့ Chicas Poderosas ကို တည်ထောင်လိုက်သည်။ တွေ့ဆုံပွဲများ နှင့် အခြားပွဲများစီစဉ်ခြင်း၊ အလုပ်သင် ညွန်ပြမှုများပေးခြင်းဖြင့် Chicas သည် အမျိုးသမီးများအား သတင်း application များ တီထွင်ခြင်း၊ interactive content (စက်နှင့် သုံးစွဲသူအကြား အပြန်အလှန် တုန့်ပြန်မှုရှိသော အကြောင်းအရာ) များ ထုတ်လုပ်ခြင်း၊ ၎င်း၏ တို့သတင်းခန်းများတွင် သတင်းရေးသားရန် ကိရိယာများ ထည့်သွင်းပေးခြင်း စသည်တို့ ဖြစ်မြောက်အောင် ပြုလုပ်ပေးခဲ့သည်ဟု ၎င်းအဖွဲ့၏ အင်တာနက် စာမျက်နှာက ပြောပါသည်။
များမကြာခင်ကမှ Chicas Poderosas ညီလာခံအား ပြီးခဲ့သော ဇွန်လက စတန်းဖို့ (Stanford) တက္ကသိုလ်တွင် နောက်ဆုံး ပြုလုပ်ခဲ့ပြီး လက်တင်အမေရိကမှ အမျိုးသမီး စာနယ်ဇင်းသမား နှင့် တီထွင် ကြံစသူ ၃၅ ဦးတက်ရောက်ခဲ့ကာ ၄ ရက်ကြာ ပြုလုပ်ခဲ့သည်။ ထိုပွဲအား ဆန်တို့(စ) သည် “အကောင်းဆုံး အတွေ့အကြံုတွေ၊ သင်တန်းတွေ နှင့် JSK အသင်းဝင် အနေနှင့် ကိုးလကာလပတ်လုံး တွေခဲ့ရသော ပုဂ္ဂိုလ်များ အားလုံးပဲ” ဟု ခြုံငုံ တင်စားခဲ့သည်။
Now this is a powerful group of @poderosaschicas here at @google! #journalism#mediapic.twitter.com/273dmFZfNu
— Stacie Chan (@staciechan) June 10, 2015
ဒီက @google မှာ ဒါဟာတော့ @poderosaschicas ရဲ့ အစွမ်းအပြည့်နဲ့ အုပ်စု။ #journalism (စာနယ်ဇင်း ပညာ) #media (မီဒီယာ)
The ultimate goal of the Summit and of Santos’ Chicas Poderosas movement is to help women take the lead in newsroom technology and design as a way to bring women's voices into both newsrooms and the content newsrooms generate.
ထိပ်သီးညီလာခံ နှင့် Chicas Poderosas လှုပ်ရှားမှု၏ နောက်ဆုံး ပန်းတိုင်သည် သတင်းခန်း နည်းပညာ နှင့် ဒီဇိုင်း ကဏ္ဍတွင် အမျိုးသမီးများအား ရှေ့တန်းမှ ပါ၀င်လာအောင် ပြုလုပ်ပေးခြင်းအားဖြင့် သတင်းခန်း နှင့် ၎င်းမှ ထုတ်လွတ်သော အကြောင်းအရာများတွင် အမျိုးသမီးများ၏ အသံများက ယူဆောင်လာနိုင်ရန်ဖြစ်သည်။
စတန်းဖို့ တွင် ပွဲပြုလုပ်ပြီးနောက် Dow Jones သည် Chicas Poderosas ထောင်ပံကြေးများကို ဦးဆုံး ပြုလုပ်သူဖြစ်ကာ လက်တင် အမေရိကန်အမျိုးသမီး ၂ဦးအား ဒီဂျစ်တယ် ပုံပြောခြင်းတွင် အထူးပြုသော သတင်းခန်းကို စေလွတ်ခဲ့သည်။
We are very happy to announce the first fellowship Dow Jones-Chicas Poderosas http://t.co/5rxThRdYvm Tks!!! @raju#CPdowjones#ChicasFellow
— Chicas Poderosas (@poderosaschicas) July 10, 2015
Dow Jones-Chicas Poderosas ၏ ပထမဆုံး ထောက်ပံ့မှုကို ဝမ်းမြောက်စွာ ကြေညာလိုက်ပါတယ်။ @raju#CPdowjones#ChicasFellow
NPR ကို သွားရောက်ခဲ့သော ကိုလံဘီယာနိုင်ငံ၏ Universidad de Los Andes တက္ကသိုလ်မှ မာရီယာ ပေါင်လာ မာတီနက်(ဇ) သည် သူ၏ စိတ်တက်ကြွမှုကို Twitter ပေါ်တွင် ဤသို့ပြောပါသည်။။
Chicas Poderosas | #ChicasFellow 2015 -NPR dream come true ¡Mi beca en NPR! un sueño hecho realidad http://t.co/OMbjfckWRh@poderosaschicas
— Chicas Poderosas (@poderosaschicas) July 13, 2015
Chicas Poderosas | #ChicasFellow 2015 -NPR အိမ်မက်တကယ်ဖြစ်လာပြီ။
လူထုအကျိုးအတွက် အကျိုးအမြတ်မကြည့်ပဲ စုံစမ်းထောက်လမ်းရေး သတင်းများအား အမှီအခိုကင်းစွာ ထုတ်လုပ်သော ProPublica သို့ La Nacion Argentina ကျောင်းသူဟောင်း သတင်းထောက် မာရီယာနာ ဘာဘိုစာ သွားခဲ့သည်။
“Hello @ProPublica ” the new post by @marianabarbosa about the #CPdowjonesfellow Click here: http://t.co/VnqdVvp0wN — Chicas Poderosas (@poderosaschicas) July 14, 2015
Chica Poderosa နှင့် မည်သို့ ပူးပေါင်းပါ၀င်နိုင်သလဲ ဆိုသော အချက်အလက်များကို ပိုမိုသိလိုပါက ၎င်း၏ အင်တာနက်စာမျက်နှာတွင် သွားရောက် လေ့လာနိုင်ပါသည်။