Twitter ပေါ်မှာ #TheAfricaTheMediaNeverShowsYou [#မီဒီယာကသင့်ကိုဘယ်တုန်းကမှမပြတဲ့အာဖရိက] ဆိုသည့် hashtag ကိုသုံးပြီး၀ေမျှထားသော ဓာတ်ပုံများ
Twitter အသုံးပြုသော အာဖရိကတိုက်သားများကတော့ အနောက်တိုင်း မီဒီယာများ ပြလေ့မရှိသည့် ဤတိုက်ကြီး၏ လှပမှု၊ မတူကွဲပြားမှုများစုံလင်စွာ ရှိခြင်း၊ နှင့် ဆန်းသစ်တီထွင်ထားသော ခေတ်သစ် ဗိသုကာလက်ရာ များကို ပွဲထုတ်ဖော်ပြနေကြပါသည်။ Mango: (မန်းဂိုး) ဆိုသော Twitter အသုံးပြုသူတစ်ယောက်၏ #TheAfricaTheMediaNeverShowsYou [#မီဒီယာကသင့်ကိုဘယ်တုန်းကမှမပြတဲ့အာဖရိက] ဆိုသော hashtag ကနေ စတင်ခဲ့ပါသည်။
#TheAfricaTheMediaNeverShowsYou [#မီဒီယာကသင့်ကိုဘယ်တုန်းကမှမပြတဲ့အာဖရိက] ဒီ hashtag ကိုသုံးပြီး အာဖရိကရဲ့ အလှကို ပြဖို့ ပူးပေါင်းပါ
မကြာခင်တွင် နေရာအနှံမှ အခြား Twitter အသုံးပြုသူများသည် ဤအားထုတ်မှုအပေါ်တွင် ပါ၀င်လာကြသည်။ ဤလှုပ်ရှားမှု မှ ဥပမာ အချို့အား ရှုစားကြည့်ပါ။
Nairobi, Kenya: ကင်ညာှနိုင်ငံ နိုင်ရိုဘီမြို့ ။ ။
Antananarivo, Madagascar: မဒါဂတ်စကာနိုင်ငံ အင်တာနာနာရီဗို။ ။
Khartoum, Sudan: ဆူဒန်နိုင်ငံ ခေါ်တွမ်း။ ။
African food: အာဖရိကတိုက်မှ အစားအသောက်
အာဖရိကန် လူရဲများ၊ ပိုးကောင်တွေစားကြတယ်။
African weddings: အာဖရိကမှ မင်္ဂလာဆောင်
Limpopo, South Africa: တောင် အာဖရိကနိုင်ငံ လင်ပိုပို
Somalia: ဆိုမာလီယာနိုင်ငံ
Lagos, Nigeria: နိုင်ဂျီးရီးယားနိုင်ငံ လာဂို့
လာဂိုမှာဆိုရင် မြို့ကြီးတစ်ခုလုံးကို ပင်လယ်ထဲက ပြန်ဆယ်ယူထားတဲ့ မြေနေရာပေါ်မှာ တည်ဆောက်ထားတာပါ။ သိသိသာသာ တိုးတက်လာမှု တစ်ခုပါ။
Uganda: ယူဂန်ဒါ
အာဖရိကရဲ့ ပုလဲ
Côte d'Ivoire: ဆင်စွယ်ကမ်း
အိမ်။ ဆင်စွယ်ကမ်း။
Soweto, South Africa: တောင်အာဖရိကနိုင်ငံ ဆို၀ီတို
Traditional African villages: ရိုးရာ အာဖရိက ကျေးရွာများ
ရိုးရာ အာဖရိက ကျေးရွာ အမျိုးမျိုး
Aswan, Egypt: အီဂျစ်နိုင်ငံ အက်စ၀မ်
အီဂျစ်နိုင်ငံ အက်စ၀မ်မှ နူဘီယား အိမ်များ
Cape Verde: ကိပ်ဗာဒေး
ကျွန်မမိသားစုရဲ့ လှပတဲ့ ကိပ်ဗာဒေး နိုင်ငံလေး
အာဖရိက တိုက်သားတွေအကြားတွင် အာဖရိကတိုက်အကြောင်းအား ပြောပြပုံကို ထိန်းညှိလိုမှုများ တိုးပွားလာနေပြီး #TheAfricaTheMediaNeverShowsYou [#မီဒီယာကသင့်ကိုဘယ်တုန်းကမှမပြတဲ့အာဖရိက] ဆိုသော hashtag သည် သာဓက တစ်ခုဖြစ်သည်။ Africa is Country (အာဖရိကသည် နိုင်ငံ)၊ This is Uganda (ယူဂန်ဒါ ဆိုတာက ဒီလို) အစရှိသော အင်တာနက်စာမျက်နှာများသည်လည်း လူအများကြည့်သည့် မီဒီယာများ၏ အာဖရိက အားဖော်ပြပုံကို စိန်ခေါ် ရန် ပေါ်ထွက်လာကြသည်။