- Global Voices မြန်မာ - https://my.globalvoices.org -

မော်(လ်)ဒိုက်(ဗ်)မှ လိင်​တူ​ချစ်​သူ နိုင်ငံ​ရေး​ခိုလှုံ​ခွင့် လျှောက်ထား​ခဲ့​သူ​သည် ပြန်​အလာ​တွင် ဖမ်းဆီး​ချုပ်​နှောင်​ခံ​ခဲ့​ရ​ခြင်း

အမျိုးအစားများ: တောင်အာရှ, မော်(လ်)ဒိုက်, တိုင်း​ရင်း​သားလူမျိုးများ, ပြည်သူသတင်း, လိင်တူချစ်သူ နှင့် LGBT အခွင့်အရေး, လူ့အခွင့်အရေး, ဥပဒေ

ရှရီးယားဥပဒေအရ လိင်တူချင်း ချစ်ကြိုက်ခြင်း၊ ပေါင်းသင်းနေထိုင်ခြင်း သို့မဟုတ် လက်မထပ်ဘဲ အတူနေခြင်းအားလုံးသည် မော်(လ်)ဒိုက်(ဗ်)တွင် တရားမဝင် [1]ပေ။ လိင်တူချစ်သူများအား ဖမ်းဆီးဖိနှိပ် [2]သည့် အမှုများလည်း များစွာရှိခဲ့သည်။

သမ္မတရုံး [3]မှ ပြောရေးဆိုခွင့်ရှိသူ အီဘရာဟင် မူအက်(ဇ်)က ဘာသာရေးအရဖြစ်စေ၊ လိင်ပိုင်းဆိုင်ရာ အရဖြစ်စေ နိုင်ငံရပ်ခြားတွင် နိုင်ငံရေးခိုလှုံခွင့် လျှောက်ထားသူ မော်(လ်)ဒိုက်(ဗ်)လူမျိုးများသည် ပြန်လာခဲ့လျှင် ဖမ်းဆီးဖိနှပ်ခြင်း ခံရမည်မှာ သေချာကြောင်းကို လတ်တလော ပြောဆိုထားသည်။ ထိုမှတ်ချက်သည် နယူးဇီလန်နိုင်ငံရှိ နိုင်ငံရေးခိုလှုံခွင့်ရသူ လိင်တူချစ်သူ မော်(လ်)ဒိုက်(ဗ်)လူမျိုးတစ်ဦးဖြစ်သည့် အီဘရာဟင် နိမ်း [4]က ဆုရမိန်းမလျာဖြစ်လာပြီး [5]နောက်တွင် ပေါ်ထွက်လာခြင်းဖြစ်သည်။

မော်(လ်)ဒိုက်(ဗ်)ရှိ တကာဥပါ ဘလော့(ဂ်)ရေးသူတစ်ဦးဖြစ်သည့် ဟီလတ်(သ်) [6]သည် ၄င်း၏ လိင်တိမ်းညွတ်မှုအား ပွင့်လင်းစွာပြောဆိုခြင်း [7]ကြောင့် တိုက်ခိုက်ခံခဲ့ရ [8]ပြီးနောက် သီရိလင်္ကာတွင် တိမ်းရှောင် နေထိုင်လျက်ရှိသည်။ ၄င်းက မော်(လ်)ဒိုက်(ဗ်)ရှိ ရှေးရိုးမီဒီယာများသည် ပြည်ပတွင် တိမ်းရှောင်နေသူ အီဘရာဟင် နိမ်းအား ပုဂ္ဂိုလ်ရေးအရ တိုက်ခိုက်နိုင်ရန် အစ္စလာမ်ကြောက်ရောဂါရှိသူတစ်ဦးအဖြစ် [9] ပုံဖော်နေကြကြောင်းကို ၄င်း၏ဘလော့(ဂ်) [6]မှတစ်ဆင့် အသိပေးခဲ့သည်။