- Global Voices မြန်မာ - https://my.globalvoices.org -

မော်​ရီ​တေး​နီး​ယား၊ မြေ​ပြို​မှု​ကြောင့် လူ​ပေါင်း​များ​စွာ အိမ်​ခြေရာ​မဲ့​ဖြစ်

အမျိုးအစားများ: အရှေ့​အလယ်​ပိုင်း​နှင့် မြောက်​အာဖရိက, အာဖရိက ကန္တာရဒေသခွဲ, Mauritania, ပတ်ဝန်းကျင်, ပြည်သူသတင်း, ဘေးအန္တရာယ်, လူ​သားချင်း​စာနာ​ထောက်ထား​မှု အကူအညီ

ယခုတလော မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဖြစ်ပွားခဲ့ရသော မြေပြိုမှုများကြောင့် မော်ရီတေးနီးယား၏ ဒေသများတွင် ရာပေါင်းများစွာသော မိသားစုများသည် အိမ်ခြေရာမဲ့ [1][ar]ဖြစ်ခဲ့သည်။ ၂၀၁၂ခုနှစ်၊ ဇူလိုင်လပိုင်းတွင် ဖြစ်ပွားခဲ့သော မြေပြိုမှုကြောင့် မြို့သူမြို့သားများ၏ အိုးအိမ်များကို ပျက်စီးပြီးနောက်တွင် ကာအယ်ဒီ [2][ar](မော်ရီတေးနီးယား တောင်ဘက်)၊ မက်(ခ်)တာအာ လာဂျာနှင့် အလက်(ဂ်) (မော်ရီတေးနီးယား အလယ်ပိုင်း) နှင့် နေမာ [3][ar] (မော်ရီတေးနီးယား အရှေ့ပိုင်း)ရှိ ရာပေါင်းများစွားသော အိမ်ထောင်စုများသည် အိမ်အမိုးများ မရှိတော့ဘဲ အိမ်ရာ ဆုံးရှုံးခဲ့ရသည်။

မော်ရီတေးနီးယားနိုင်ငံတွင် ယခုနှစ်နှစ်အတွင်း မိုးခေါင်ရာမှ နိုင်ငံ၏ မြေဆီမြေနှစ်များ ခြောက်သွေ့လာပြီး၊ များစွာသော တိရစ္ဆာန် အရင်းအမြစ်များသည် တဖြေးဖြေး မျိုးတုန်းလာနေပါသည်။ ထိုမှတစ်ဆင့် မိုးသည်းထန်စွာ ရွာသွန်းမှုဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ မော်ရီတေးနီးယားပြည်သူများ၏ နေထိုင်စားသောက်မှု ပုံစံသည် တိရစ္ဆာန်အရင်းမြစ်များပေါ်တွင် မီခိုနေရပြီး နိုင်ငံတကာ စားနပ်ရိက္ခာအဖွဲ့၏ ကြေညာချက်အရ နိုင်ငံသားပေါင်း ၇၀၀၀၀၀ ခန့် [4][en]သည် ငတ်မွတ်ခေါင်းပါးမှုကို ရင်ဆိုင်နေရသည်။

A photo showing the effects of the floods published by @RimtodayRim on Twitter. [5]

 ရေကြီးမှု၏ ဆိုးကျိုးများကို ပြသော ဓာတ်ပုံတစ်ပုံ။ တွစ်တာပေါ်ရှိ @RimtodayRim တင်ခဲ့သော ပုံ

Alegcom [6] [ar]ဆိုဒ်ထဲတွင် ရေလွှမ်းမိုးပြီး နောက်ပိုင်း မက်တာ-လီဂျာမြို့၏ ခြေအနေကို အောက်ပါအတိုင်းဖော်ပြထားသည်။

تعيش مدينة مقطع لحجار [7] هذه الأيام أوضاعا صعبة بفعل موجة السيول التي اجتاحت المدينة فجر الاثنين الماضي وأسفرت عن تشريد ما لا يقل عن ثلاث مائة أسرة، متسببة في قطع طريق الأمل الذي يعتبر شريان الحياة بالنسبة للموريتانيين في وسط البلاد وشرقها.

တနင်္လာနေ့မနက်ခင်းတုန်းက မြို့ကို ဖျက်ဆီးခဲ့တဲ့ ရေကြီးမှုကြောင့် မက်တာ-လီဂျာမြို့ [7]ထဲမှာ  အခုတလော နေထိုင်စားသောက်မှုတွေဟာ အရမ်းကိုပြင်းထန်တဲ့ အခြေအနေကို ရောက်ရှိနေပါတယ်။  အဲဒီ ရေကြီးမှုကြောင့် အနည်းဆုံးအိမ်ထောင်စု၃၀၀ကျော်က ရေဘေးဒုက္ခသည်ဘ၀ရောက်သွားပါတယ်။ မော်ရီတေးနီးယားလူမျိုးတွေရဲ့ အသက်သွေးကြောလို့ ယူဆရတဲ့ နိုင်ငံအလယ်နဲ့ အရှေ့ဘက်က မျှော်လင့်ချက်လမ်းမကြီးလို့ နာမည်တွင်တဲ့ လမ်းလည်း ပိတ်သွားခဲ့ပါတယ်။
A photo of water flooding the 'Road of Hope' in Aleg published by Alegcom blog. [8]

Alegcom ဘလော့(ဂ်)မှ တင်ခဲ့သော အလက်(ဂ်)ရှိ ‘မျှော်လင့်ချက်လမ်းမကြီး'တွင် ရေကြီးနေသော ပုံတစ်ပုံ

ထိုဘလော့(ဂ်)တွင်ပင် စန်ကရာဖာမှ လူငယ်တစ်ဦး ရေနစ်သေဆုံးမှုကိုလည်း ဖော်ပြထား [9][ar]သည်။

توفى عصر اليوم بمدينة صنكرافه أقصى شرقى لبراكنه الشاب ” سيدى محمد ولد أحمد لعياس “غرقا فى المياه الراكدة التى خلفتها الأمطار الأخيرة على المنطقة.

စီဒီ မိုဟာမက် အာမက် လာယာ(စ်)က ဆန်ကရာဖာ (ဘရက်ကနာ ရှေ့ဘက်ပိုင်း)မှာ ဒီနေ့နေ့လည်က ဆုံးသွားပါတယ်။ အဲဒီဒေသမှာ အခုတလော မိုးတွေကြီးလို့ဖြစ်လာတဲ့ ရေအိုင်ထဲမှာ ရေနစ်ပြီး ဆုံးသွားတာပါ။

တစ်ဖန် Kankossatoday [10][ar] ဘလော့(ဂ်)သည်လည်း အိမ်ထောင်စုပေါင်း (၃၀) အခြားရွာသို့ ရွှေ့ပြောင်းနေထိုင်ခဲ့ရပုံကို ပြောဆိုတင်ပြထားသည်။

تسببت السيول الناتجة عن الأمطار الغزيرة التي شهدتها قرية كرل فلي على بعد 30 كلم جنوبي كنكوصه والتابعة لبلدية هامد في تشريد 30 أسرة على الأقل بعد أن جرفت منازلهم وقال مسؤول القرية السيد بولاي فلي في تصريح للمدونة إن 24 مسكنا تم جرفها بالكامل وقد استوت بالأرض فيما تشققت 6 منازل وأصبحت غير صالحة للسكن.

ဆာ(လ်) ဖလီရွာ (ကန်ကို့(စ်)စာရဲ့ တောင်ဘက် ကီလိုမိတာ(၃၀)အကွာ)က အိမ်ထောင်စု (၃၀)က အဲဒီမှာ မိုးသည်းထန်စွာရွာလို့ သူတို့အိမ်တွေ ပါသွားပြီး ရွှေ့ပြောင်းနေထိုင်ခဲ့ရပါတယ်။ အဲဒီရွာက အရာရှိ မစ္စတာ ဘိုလေးက အိမ်(၂၄)အိမ်က ရေလွှမ်းတာခံလိုက်ရပြီးမှာ (၆)အိမ်က လုံးဝပျက်စီးသွားပြီး နေထိုင်လို့မရတော့တဲ့အကြောင်းကို ဘလော့(ဂ်)ဆီ ပေးပို့တဲ့ စာတစ်စောင်ထဲမှာ ပြောထားပါတယ်။

မော်ရီးတေနီး ဒီမိန်း [11][ar]ဟုခေါ်သော ဖေ့(စ်)ဘွတ်(ခ်)စာမျက်နှာတွင် ကာအယ်ဒီမြို့တွင် အိုးအိမ်ဆုံးရှုံးသွားသော လူများ၏အကြောင်း စုစည်းဖော်ပြထားသည်။

لا تنسوا إخوانكم في كيهيدي [12] من دعائكم عند الإفطار فقد تضرروا من جراء الأمطار اليوم.

Don't forget to pray for your brothers in Kaedi [13] while having breakfast. They were effected badly because of today's rain.
မနက်စာစားနေရင်းနဲ့ ကာအယ်ဒီက ညီအစ်ကိုတွေကို ဆုတောင်းပေးဖို့ မမေ့ပါနဲ့။ ခုတလောဖြစ်တဲ့ မိုးကြီးမှုတွေကြောင့် သူတို့တွေ ဒုက္ခခံနေရပါတယ်။