- Global Voices မြန်မာ - https://my.globalvoices.org -

ဘို​လီး​ဗီး​ယား နိုင်ငံ​ရေး​သမား​များ “ဂန်း​နန်း​စ​တိုင်(လ်)” ဖြစ်လာ​ခြင်း

အမျိုးအစားများ: လက်တင်အမေရိက, ဘိုလီးဗီးယား, နိုင်ငံရေး, ပြည်သူသတင်း, ဟာသ
Screen shot of the video "Evo Morales dancing Gangnam Style" (October 2012). Video by kwonbanya on YouTube [1]

“အီဗို မိုရေး(လ်)(စ်) ဂန်းနန်းစတိုင်(လ်)ကနေပုံ” ဗီဒီယိုမှ မြင်ကွင်းတစ်ခု (အောက်တိုဘာ ၂၀၁၂)။ ဗီဒီယို – ယူကျူ့မှ kwonbanya

ဂန်းနန်းစတိုင်(လ်) [2]” ရုပ်ပြောင်ဟာသတွေက ဘိုလီးဗီးယား နိုင်ငံရေးသမားတွေဆီ ရောက်လာပါပြီ။ ဒီအပတ်အစောပိုင်တုန်းက ဘိုလီးဗီးယား ယူကျူ့သုံးသူတစ်ဦးဖြစ်တဲ့ KwonBanYa [3]က ကိုးရီးယားရက်(ပ်)သီချင်း ရယ်စရာပုံစံကို ထင်ရှားတဲ့ နိုင်ငံရေးသမားတွေကို အထူးပြုထားပြီး တင်ခဲ့တာပါ။

သမ္မတအီဗို မိုရေး(လ်)(စ်)နဲ့ ဒုသမ္မတ အယ်ဗာရို ဂါစီယာ လီနယ်ရာတို့ကို အဓိကထားဖော်ပြထားပြီးတော့ လက်ရှိအာဏာရပါတီနဲ့ အတိုက်အခံကအဖွဲ့ဝင်တွေလည်း ပါပတယ်။

“ဂန်းနန်းစတိုင်(လ်)”က ကမ္ဘာတစ်ဝန်းက နိုင်ငံအတော်များများမှာ နိုင်ငံရေးရုပ်ပြောင်ဟာသအတွက် ရေသောက်မြစ်တစ်ခု ဖြစ်နေပါပြီ။