- Global Voices မြန်မာ - https://my.globalvoices.org -

ဂါ​နာ၊ အမျိုးသမီး​များ ဘဝ​မြှင့်​တင်​ရေး​အတွက် အတား​အဆီးများ

အမျိုးအစားများ: ဂါနာ, နိုင်ငံရေး, ပြည်သူသတင်း, အစိုးရ​အုပ်ချုပ်​မှု, အမျိုးသမီး​နှင့် ကျားမကွဲပြားမှု, အလုပ်သမား

ဂါနာတရားရေးဝန်ကြီးဌာနဝန်ကြီးနဲ့ တရားသူကြီးချုပ်တစ်ယောက်ဖြစ်တဲ့ ဘယ်တီ မိုး(လ်)(ဒ်) အစ်ဒရီစု [1]က pambazuka.orgမှာ ရေးထား [2][fr]တာကတော့

အထက်အလွှာကို ရောက်သွားတယ်ဆိုတာ ရှားပါတယ်၊ ပြီးတော့ ရောက်သွားပြီဆိုရင်တောင်၊ ရန်လိုတာတွေနဲ့ ကိုယ့်အရည်အချင်းပေါ် သံသယဖြစ်ခံရတာတွေနဲ့ ရင်ဆိုင်ရဦးမယ်၊ ကိုယ်ဟာ မိန်းမတစ်ယောက်ဖြစ်နေလို့။ အထက်ပိုင်းက မိန်းမတစ်ယောက်က သူ့ကျွမ်းကျင်မှုကို သက်သေပြဖို့ ယောက်ျားတွေထက် ပိုအလုပ်လုပ်တယ်၊ ဒါပေမဲ့လည်း ယောက်ျားတွေချည်းပဲ လွှမ်းမိုးနေတဲ့ အလုပ်ပတ်ဝန်းကျင်မှာ မန်နေဂျာလို ခေါင်းဆောင်လိုရာထူးတွေမှာ (မိန်းမတွေက) ဘက်လိုက်ယူဆခံရတာတွေနဲ့ ရန်လိုမှုတွေကိုတော့ ရင်ဆိုင်ရတာပဲ။