ဤအပုဒ်သည်၂၀၁၂လန်ဒန်အိုလံပစ် [1]အထူးရေးသားခြင်းအနက်မှ တစ်ပုဒ်ဖြစ်သည်။
[လင့်(ခ်)များအားလုံးသည် အခြားဖော်ပြထားခြင်းမရှိလျှင် ပြင်သစ်ဘာသာဆောင်းပါးများသို့ ချိတ်ဆက်ထားပါသည်]
၂၀၁၂ခုနှစ်၊ ဩဂုတ်လ (၂၉)ရက်မှစ၍ စက်တင်ဘာလ (၁၂)ရက်နေ့အထိ နိုင်ငံပေါင်း(၁၆၆)နိုင်ငံမှ အားကစားသမားပေါင်း (၄၂၀၀)သည် လန်ဒန်ရှိ (၁၄)ကြိမ်မြောက် ပါရာလံပစ်ကစားပွဲ [2]တွင် ပါဝင်ဆင်နွှဲကြမည်ဖြစ်ပြီး အမျိုးနှစ်ဆယ်ကျော် [3]အတွက် ယှဉ်ပြိုင်ကြမည်ဖြစ်သည်။
အောက်ဖော်ပြပါ ဗီဒီယိုမှာ ပါရာလံပစ်အားကစားရုပ်သံ [4][en]မှ တင်ဆက်သော ပါရာလံပစ်ကစားပွဲဖြစ်သည်။
ပွဲစီစဉ်သူများသည် ၂၀၁၂ လန်ဒန်အိုလံပစ်ပွဲပြီးနောက်တွင် ပြန်လည်စီစဉ်ရန်နှင့် အခြေခံအဆောက်အအုံများကို သုံးစွဲနိုင်ရန် (၁၅)ရက်လိုအပ်ခဲ့သည်။
ဂျေအိုအယ်(လ်)ပရက်(စ်) [5]မှ ချား(လ်)(စ်) အယ်(လ်) မယ်လီယာနီက ထိုကစားပွဲများအတွက် စံချိန်တင်လက်မှတ်ရောင်းရနှုန်းအကြောင်းကို ရေးသားခဲ့သည်။
Londres a fait des efforts colossaux en matière de billetterie, mettant sans cesse en avant les Jeux paralympiques dans tous ses points de vente. Avec un résultat impressionnant : au total, ce sont déjà près de 2,3 millions de tickets qui ont trouvé preneur. Sur 2,5 millions mis en vente. En bref, ces Jeux pourraient bien se dérouler à guichets fermés : exceptionnel.
ယှဉ်ပြိုင်သောအားကစားသမားများမှာ မွေးရာပါမသန်စွမ်းမှုဖြင့် မွေးဖွားလာကြသည်ချည်း မဟုတ်ချေ။ ဂျက်ကလင်း မော်လက်က “ပရိုဗင့်(စ်) ဒယ် လယ်ကွာတီရာ”ဟူသော ဘလော့(ဂ်)၏ ‘”သေမင်းဆီ လက်လျှော့လိုက်ရတဲ့ ကျွန်တော်”၊ မသန်စွမ်းအားကစားသမားများ၏ ကြီးမြတ်သော ပန်းတိုင်’ [7]ဟူသော အပုဒ်တွင် ရှင်းလင်းဖော်ပြခဲ့သည်။
Certains de ces sportifs ont grandi avec leur handicap, tandis que d’autres ont dû apprendre à le surmonter à la suite d’une guerre ou d’un accident. Frappés par le destin, ils ont trouvé dans le sport un moyen de se reconstruire.
မော်လက်သည် အားကစားသမား အတော်များများ၏ ခရီးလမ်းကြောင်းကိုလည်း ရေးသားခဲ့သည်။ လန်ဒန်ဗုံးဖောက်ခွဲမှု [8]မှ လွတ်မြောက်ရှင်သန်လာသူ မာတင်ရိုက်၊ ဖီဂျီတွင်မွေးဖွားသော စစ်သားတစ်ဦးဖြစ်ပြီး သေပြီဟုဆိုကာလက်လျှော့ခဲ့ရဖူးသူ ဒဲရက် ဒယ်ရင်နာလာဂီ၊ လွန်ခဲ့သော လအနည်းငယ်က ရေမကူးနိုင်ခဲ့သော ပထမဆုံး မြောက်ကိုးရီးယားမှ ယှဉ်ပြိုင်သူ ရင်(မ်)ဂျူဆောင်နှင့် ငါးမန်းကိုက်ခံရမှုမှ လွတ်မြောက်လာသူ ဟယ်ဆီရမ် အက်(ချ်)မတ်တို့၏ အကြောင်းပင် ဖြစ်သည်။
“စစ်ပွဲက ဖျက်ဆီးခဲ့သော အာဖဂန်၏ လန်ဒန်အားကစားပွဲများဆီသို့ ချီရာလမ်းကြောင်း…” [9]ဟု ခေါင်းစဉ်တပ်ထားသော အခြားဘလော့(ဂ်)စာတစ်ပုဒ်တွင် ကာဘူး(လ်)ရှိ ၄င်း၏အိမ်အနီးမှ မိုင်းဗုံးရှိရာသို့ ခြေလှမ်းမိ၍ ၂၀၀၅ခုနှစ်က ခြေနှစ်ဖက်လုံးဆုံးရှုံးခဲ့ရသော အာဖဂန်အားကစားသမား မာလက်(ခ်) မိုဟာမက်၏ ဇာတ်လမ်းကို မျှဝေခဲ့သည်။
“တစ်ချိန်က စစ်ပြေးဒုက္ခသည်၊ ယနေ့ ပါရာလံပစ်သူရဲကောင်း” [12][en]ဆိုသည့် ဘလော့(ဂ်)စာတစ်ပုဒ်တွင် ဆီရာ လီယွန်နယ်ရှိ ဖရီးတောင်းမှ ဒေမွန် ဗန်ဒါ လင်ဒီက မိုဟာမက် ကာမရာ၏အကြောင်းကို ပြောပြခဲ့သည်။ ထိုစဉ်က လေးနှစ်သားငယ် မိုဟာမက်ကာမရသည် ပြည်တွင်းစစ် [13][en]အတွင်းက သူပုန်များ၏ ဖမ်းဆီးမှုကို ခံခဲ့ရသည်။ အကျဉ်းချခံရချိန်အတွင်းတွင် သူပုန်များသည် ၄င်း၏လက်မောင်းတစ်ဖက်ကို ဖြတ်ပစ်ခဲ့သည်။
ပြင်သစ်မသန်စွမ်းသတင်းအချက်အလက် [14]ဂက်(ဘ်)ဆိုက်တွင် စတီဖိန်း လဂေါ့တိုင်ရီက ရေးခဲ့သည်မှာ
L'autre grande star de ces jeux seront bien sur les déficients mentaux, avec un retour après 12 ans d'absence.
ပြင်သစ်တွင်မူ အားကစားပွဲများအားလုံး [15]ကို ဒေသခံရုပ်သံလိုင်းတစ်ခုတည်းကသာ ထုတ်လွှင့်ပြသမည်ဖြစ်သည်။
တွစ်တာတွင် အသုံးပြုသူ @ThePositive1 [16]က ဂျမေကာအသင်း၏ ပုံတစ်ပုံ [17]ကို တင်ခဲ့သည်။
ဤအပုဒ်သည်၂၀၁၂လန်ဒန်အိုလံပစ် [1]အထူးရေးသားခြင်းအနက်မှ တစ်ပုဒ်ဖြစ်သည်။