၂​၀​၁​၂ ပါ​ရာ​လံ​ပစ်၊ အောင်မြင်​သော​နိဒါန်း၊ ချီး​ကျူး​ဖွယ် ဇာတ်​လမ်း

ဤအပုဒ်သည်၂၀၁၂လန်ဒန်အိုလံပစ်အထူးရေးသားခြင်းအနက်မှ တစ်ပုဒ်ဖြစ်သည်။

[လင့်(ခ်)များအားလုံးသည် အခြားဖော်ပြထားခြင်းမရှိလျှင် ပြင်သစ်ဘာသာဆောင်းပါးများသို့ ချိတ်ဆက်ထားပါသည်]

၂၀၁၂ခုနှစ်၊ ဩဂုတ်လ (၂၉)ရက်မှစ၍ စက်တင်ဘာလ (၁၂)ရက်နေ့အထိ နိုင်ငံပေါင်း(၁၆၆)နိုင်ငံမှ အားကစားသမားပေါင်း (၄၂၀၀)သည် လန်ဒန်ရှိ (၁၄)ကြိမ်မြောက် ပါရာလံပစ်ကစားပွဲတွင် ပါဝင်ဆင်နွှဲကြမည်ဖြစ်ပြီး အမျိုးနှစ်ဆယ်ကျော်အတွက် ယှဉ်ပြိုင်ကြမည်ဖြစ်သည်။

အောက်ဖော်ပြပါ ဗီဒီယိုမှာ ပါရာလံပစ်အားကစားရုပ်သံ[en]မှ တင်ဆက်သော ပါရာလံပစ်ကစားပွဲဖြစ်သည်။

ပွဲစီစဉ်သူများသည် ၂၀၁၂ လန်ဒန်အိုလံပစ်ပွဲပြီးနောက်တွင် ပြန်လည်စီစဉ်ရန်နှင့် အခြေခံအဆောက်အအုံများကို သုံးစွဲနိုင်ရန် (၁၅)ရက်လိုအပ်ခဲ့သည်။

ဂျေအိုအယ်(လ်)ပရက်(စ်)မှ ချား(လ်)(စ်) အယ်(လ်) မယ်လီယာနီက ထိုကစားပွဲများအတွက် စံချိန်တင်လက်မှတ်ရောင်းရနှုန်းအကြောင်းကို ရေးသားခဲ့သည်။

Londres a fait des efforts colossaux en matière de billetterie, mettant sans cesse en avant les Jeux paralympiques dans tous ses points de vente. Avec un résultat impressionnant : au total, ce sont déjà près de 2,3 millions de tickets qui ont trouvé preneur. Sur 2,5 millions mis en vente. En bref, ces Jeux pourraient bien se dérouler à guichets fermés : exceptionnel.

လက်မှတ်ရောင်းအားနှင့် ဖော်ထုတ်နိုင်စွမ်းအားဖြင့် တိုင်းတာရလျှင် လန်ဒန်သည် လက်မှတ်ရောင်းဌာနခွဲများတွင် ပါရာလံပစ်ကို ဆက်တိုက်ပြသခြင်းဖြင့်  အလွန်ချီးကျူးဖွယ်ကောင်းသော အားထုတ်မှုကို ပြုလုပ်နိုင်ခဲ့ခြင်းဖြစ်သည်။ ရလဒ်များမှာ အထင်ကြီးဖွယ်ကောင်းလှသည်။ ကနဦးသတ်မှတ်ထားသော လက်မှတ်ပေါင်း (၂.၅)သန်းအနက် (၂.၃)သန်းကို ရောင်းချပြီးဖြစ်သည်။ အားကစားပွဲများ၏ လက်မှတ်အားလုံးရောင်းကုန်သွားနိုင်ဖွယ်မှာလည်း အားကောင်းလှသည်၊ အံ့ဩချီးကျူးဖွယ်ပင်ဖြစ်သည်။

ပါရာလံပစ်အားကစားပွဲ ဖွင့်ပွဲအခမ်းအနားတွင် ဘာကီနာ ဖေဆို လက်ရွေးစင်များကို တွေ့ရစဉ်။ ပါရာလံပစ်အားကစားရုပ်သံမှ တင်ဆက်သော ဖွင့်ပွဲအခမ်းအနားဗီဒီယိုမှ မြင်ကွင်းတစ်ခု။

ယှဉ်ပြိုင်သောအားကစားသမားများမှာ မွေးရာပါမသန်စွမ်းမှုဖြင့် မွေးဖွားလာကြသည်ချည်း မဟုတ်ချေ။ ဂျက်ကလင်း မော်လက်က “ပရိုဗင့်(စ်) ဒယ် လယ်ကွာတီရာ”ဟူသော ဘလော့(ဂ်)၏ ‘”သေမင်းဆီ လက်လျှော့လိုက်ရတဲ့ ကျွန်တော်”၊ မသန်စွမ်းအားကစားသမားများ၏ ကြီးမြတ်သော ပန်းတိုင်’ဟူသော အပုဒ်တွင် ရှင်းလင်းဖော်ပြခဲ့သည်။

Certains de ces sportifs ont grandi avec leur handicap, tandis que d’autres ont dû apprendre à le surmonter à la suite d’une guerre ou d’un accident. Frappés par le destin, ils ont trouvé dans le sport un moyen de se reconstruire.

ဒီအားကစားသမားတွေထဲက တချို့က မသန်စွမ်းမှုနဲ့ ကြီးပြင်းလာတယ်၊ တချိုကတော့ စစ်ပွဲကဒဏ်ရာ ဒါမှမဟုတ် မတော်တဆမှုတွေရဲ့ အကျိုးဆက်အနေနဲ့ အဲဒါတွေကို ကျော်လွှားနိုင်အောင် သင်ယူခဲ့ရတယ်။ ကံအားလျော်စွာပဲ သူ့တိုကိုယ်သူတို့ ပြန်တည်ဆောက်ဖို့ အားကစားကို ရှာဖွေ့တွေ့ရှိသွားကြတယ်။

မော်လက်သည် အားကစားသမား အတော်များ⁠များ၏ ခရီးလမ်းကြောင်းကိုလည်း ရေးသားခဲ့သည်။ လန်ဒန်ဗုံးဖောက်ခွဲမှုမှ လွတ်မြောက်ရှင်သန်လာသူ မာတင်ရိုက်၊ ဖီဂျီတွင်မွေးဖွားသော စစ်သားတစ်ဦးဖြစ်ပြီး သေပြီဟုဆိုကာလက်လျှော့ခဲ့ရဖူးသူ ဒဲရက် ဒယ်ရင်နာလာဂီ၊ လွန်ခဲ့သော လအနည်းငယ်က ရေမကူးနိုင်ခဲ့သော ပထမဆုံး မြောက်ကိုးရီးယားမှ ယှဉ်ပြိုင်သူ ရင်(မ်)ဂျူဆောင်နှင့် ငါးမန်းကိုက်ခံရမှုမှ လွတ်မြောက်လာသူ ဟယ်ဆီရမ် အက်(ချ်)မတ်တို့၏ အကြောင်းပင် ဖြစ်သည်။

“စစ်ပွဲက ဖျက်ဆီးခဲ့သော အာဖဂန်၏ လန်ဒန်အားကစားပွဲများဆီသို့ ချီရာလမ်းကြောင်း…”ဟု ခေါင်းစဉ်တပ်ထားသော အခြားဘလော့(ဂ်)စာတစ်ပုဒ်တွင် ကာဘူး(လ်)ရှိ ၄င်း၏အိမ်အနီးမှ မိုင်းဗုံးရှိရာသို့ ခြေလှမ်းမိ၍ ၂၀⁠၀၅ခုနှစ်က ခြေနှစ်ဖက်လုံးဆုံးရှုံးခဲ့ရသော အာဖဂန်အားကစားသမား မာလက်(ခ်) မိုဟာမက်၏ ဇာတ်လမ်းကို မျှဝေခဲ့သည်။

ပါရာလံပစ်အားကစားပွဲ မတိုင်မီ အာဖဂန်ရေကူးသမား မာလက်(ခ်) မိုဟာမက်အား နေအိမ်တွင် တွေ့ရစဉ်။ ယူကျု့တွင် အေအက်(ဖ်)ပီက ဖော်ပြထားသော မာလက်(ခ်)မိုဟာမက်အကြောင်း ဗီဒီယိုမှ မြင်ကွင်းတစ်ခု

“တစ်ချိန်က စစ်ပြေးဒုက္ခသည်၊ ယနေ့ ပါရာလံပစ်သူရဲကောင်း”[en]ဆိုသည့် ဘလော့(ဂ်)စာတစ်ပုဒ်တွင် ဆီရာ လီယွန်နယ်ရှိ ဖရီးတောင်းမှ ဒေမွန် ဗန်ဒါ လင်ဒီက မိုဟာမက် ကာမရာ၏အကြောင်းကို ပြောပြခဲ့သည်။ ထိုစဉ်က လေးနှစ်သားငယ် မိုဟာမက်ကာမရသည် ပြည်တွင်းစစ်[en]အတွင်းက သူပုန်များ၏ ဖမ်းဆီးမှုကို ခံခဲ့ရသည်။ အကျဉ်းချခံရချိန်အတွင်းတွင် သူပုန်များသည် ၄င်း၏လက်မောင်းတစ်ဖက်ကို ဖြတ်ပစ်ခဲ့သည်။

ပြင်သစ်မသန်စွမ်းသတင်းအချက်အလက် ဂက်(ဘ်)ဆိုက်တွင် စတီဖိန်း လဂေါ့တိုင်ရီက ရေးခဲ့သည်မှာ

L'autre grande star de ces jeux seront bien sur les déficients mentaux, avec un retour après 12 ans d'absence.

သိပ်မှန်တာပေါ့၊ ဒီကစားပွဲတွေရဲ့ နောက်ထပ်ကိစ္စကြီးတစ်ခုကတော့ စိတ်ချို့ယွင်းသူတွေ ပါရာလံပစ်အားကစားပွဲဆီ ပြန်ရောက်လာတာပါပဲ၊ အဲဒီအားကစားသမားတွေက နောက်ဆုံးပါဝင်ခဲ့ပြီး (၁၂)နှစ်အကြာမှာ ပြန်ရောက်လာကြတာလေ။

ပြင်သစ်တွင်မူ အားကစားပွဲများအားလုံးကို ဒေသခံရုပ်သံလိုင်းတစ်ခုတည်းကသာ ထုတ်လွှင့်ပြသမည်ဖြစ်သည်။

တွစ်တာတွင် အသုံးပြုသူ @ThePositive1က ဂျမေကာအသင်း၏ ပုံတစ်ပုံကို တင်ခဲ့သည်။

ဤအပုဒ်သည်၂၀၁၂လန်ဒန်အိုလံပစ်အထူးရေးသားခြင်းအနက်မှ တစ်ပုဒ်ဖြစ်သည်။


Exit mobile version