- Global Voices မြန်မာ - https://my.globalvoices.org -

အီ​ဂျစ်၊ တွစ်​တာ​စာ​တို​ပို့​နေ​သော သမ္မတ

အမျိုးအစားများ: အရှေ့​အလယ်​ပိုင်း​နှင့် မြောက်​အာဖရိက, အီဂျစ်, ပြည်သူသတင်း

အီဂျစ်လူမျိုး သမ္မတ မိုဟာမက် မော်စီ ဒီနေ့ညမှာ သူ့ရဲ့ဖွင့်ထားပြီးသား အကောင့်ကနေ တရားဝင် [1][en] တွစ်တာစာတိုပို့ခြင်းကို စတင်လိုက်ပါတယ်။ လိုက်ကြည့်သူပေါင်း ၁၆၂၀၀၀ရထားပြီးဖြစ်တဲ့ အဲဒီအကောင့်ကို တွစ်တာကလည်း ဒီနေ့ပဲ အကောင့်အစစ်အနေနဲ့ သတ်မှတ်ပေးလိုက်ပါတယ်။ သူရဲ့ပထမဆုံး တွစ်တာစာတို [2][en]ကတော့၊

ပထမဆုံးတွစ်တာစာတိုကို #jan25 (ဇန်၂၅) တော်လှန်ရေးနဲ့ ရဲရင့်တဲ့ #syrians (ဆီးရီးယားလူမျိုးတွေ)အတွက် အထူးပြုချင်တယ်… မိုဟာမက် #Morsi (မော်စီ)

မော်စီက အာရေဗျဘာသာစကားရော အင်္ဂလိပ်စကားပါ နှစ်မျိုးလုံးနဲ့ တွစ်တာစာတိုပို့မယ့်ပုံ ရပါတယ်။