- Global Voices မြန်မာ - https://my.globalvoices.org -

တရုတ်​၏ အာ​ဖ​ရိ​က​မူ​ဝါဒ ကျ​ဆုံး​ပြီ​လော

အမျိုးအစားများ: အရှေ့အာရှ, အာဖရိက ကန္တာရဒေသခွဲ, ဇမ်းဘီးယား, တရုတ်, ဆန္ဒပြခြင်း, နိုင်ငံ​တကာ​ဆက်​ဆံရေး, ပြည်သူသတင်း, အလုပ်သမား

ဇမ်ဘီးယားအလုပ်သမားများ၏ သံသယရှိဖွယ် သတ်ဖြတ်ခြင်းခံရသော [1][en] တရုတ်သတ္တုတူးဖော်ရေး လုပ်ငန်းရှင်တစ်ယောက်အကြောင်းနှင့် ပတ်သက်၍ တရုတ်နိုင်ငံ၏ အဓိကသတင်းဌာနများက ကျယ်ပြန့်စွာ ဖော်ပြနေခဲ့ကြသည်။ ထိုသတင်းဌာနများတွင် အလုပ်သမားနေ့စဉ် [2][en]နှင့် ဘေဂျင်းသတင်း [3][en]တို့ ပါဝင်ကြသည်။ ထိုသတင်းသည် တရုတ်အင်တာနက်အသုံးပြုသူများ၏ စိတ်ဝင်စားခြင်းကို ရရှိခဲ့သည်။ အချို့က တရုတ်တွင် အလုပ်လုပ်ရသော အခြေအနေနှင့် ဇမ်ဘီးယားတွင် လုပ်ရသော အခြေအနေတို့ကို နှိုင်းယှဉ်ကြပြီး အချို့ကမူ တရုတ်၏ အာဖရိကအပေါ်ထားရှိသော မူဝါဒဖြစ်သည့် “ဖွံဖြို့ရေး အကူအညီ သံခင်းတမန်ခင်း”ကို ဝေဖန်ပြောကြားကြသည်။

ကိုယ်ကျိုးရှာ ဂုတ်သွေးစုပ် အမြတ်ထုတ်မှုပုံစံ တင်သွင်းမှု

တရုတ် အသေးစားဘလော့(ဂ်)ဖြစ်သော ဝေဘိုတွင် တရုတ်သူဌေးများ၏ ဇမ်ဘီးယားအလုပ်သမားများအပေါ် ပြုမူဆက်ဆံပုံသည် တရုတ်တွင် အလုပ်သမားများကို ဆက်ဆံပုံနှင့် တစ်ပုံစံတည်းဖြစ်ပြီး ဝင်ငွေနည်းမှုနှင့် အလုပ်သမားကာကွယ်စောင့်ရှောက်ရေး အဆင့်အတန်းများ နိမ့်ကျနေခြင်းကြောင့် ရုန်းရင်းဆန်းခတ်ဖြစ်ပွားခဲ့ရခြင်းဖြစ်သည်ဟု အင်တာနက်အသုံးပြုသူများက ထင်မြင်ချက်ပေးခဲ့ကြသည်[zh]။

@拓拔英雄 [4]:用对待中国工人的方法对待赞比亚工人,效果就不一样了,以为是人就可以这样对待。赞比亚人忍不住了,中国人还能忍多久。

@拓拔英雄:[တရုတ်လုပ်ငန်းရှင်တွေက] ဇမ်ဘီးယားအလုပ်သမားတွေကို ဆက်ဆံပုံကတော့ [သူတို့တွေ]တရုတ်အလုပ်သမားတွေကို ဆက်ဆံပုံနဲ့ တစ်ပုံစံတည်းပဲ။ ဖြစ်လာတဲ့ အကျိုးဆက်ကတော့ ကွဲတာပေါ့။ သူတို့က လူတွေကို ဒီလိုလုပ်လို့ရတယ် ထင်နေကြတာ။ [ဒါပေမဲ့] ဇမ်ဘီးယားလူမျိုးတွေကတော့ သည်းမခံကြဘူး။ တရုတ်တွေကရော ဘယ်အထိ သည်းခံနေကြဦးမှာလဲ။

@21世纪经济报道微评 [5]:【赞比亚】近日,一赞比亚中资煤矿公司发生劳资纠纷骚乱,一名中方经理死亡多人受伤。这种事情屡见不鲜。就像西方人喜欢输出自己的意识形态判断,中国人也喜欢输出自己的过低劳工标准,于是,悲剧就产生了。

@21世纪经济报道微评:ဇမ်ဘီးယားမှာ မကြာခင်လေးကပဲ အလုပ်သမား အငြင်းပွားမှုတစ်ခု တရုတ်ပိုင်တဲ့ ကျောက်မီးသွေးလုပ်ငန်းတစ်ခုမှာ ဖြစ်ခဲ့တယ်လေ။ တရုတ်အလုပ်သမားခေါင်းတစ်ယောက် သေဆုံးပြီး အများအပြားထိခိုက် ဒဏ်ရာရခဲ့ကြတယ်။ ဒါက မထူးဆန်းပါဘူး။ အနောက်နိုင်ငံသားတွေက သူတို့ရဲ့ အတွေးအခေါ်တွေ ရိုက်သွင်းရတာကို ကြိုက်ပြီး တရုတ်ကတော့ သူတို့ရဲ့ နိမ့်ကျတဲ့ အလုပ်သမားအဆင့်အတန်းတွေ တင်သွင်းရတာ ကြိုက်ကြတယ်။ နောက်ဆုံးမှာတော့ ရလဒ်က ကံဆိုးမိုးမှောင်ကျတာပါပဲ။

ပြည်သူ့ဖိုရမ်ရေးသားသူတစ်ယောက်က ဇမ်ဘီးယားလူမျိုးများ၏ အနည်းဆုံးလစာသည် ဘေဂျင်းတွင်ရသည့် အနည်းဆုံးလစာထက် များသည်ဆိုသည်ကို ထောက်ပြ [6][en]ခဲ့ပြီးနောက် လူအများအပြားက ထိုအချက်အပေါ်တွင် အံ့အားသင့်ခဲ့ကြသည်။ ပျမ်းမျှအလုပ်သမားတစ်ဦး၏ အနည်းဆုံး လစဉ်ဝင်ငွေသည် ၁၁၃၂၄၀၀သျှီလင် [7][en] (အမေရိကန်ဒေါ်လာ ၂⁠၂၀ဝန်းကျင်) ဖြစ်ပြီး ဘေဂျင်းတွင် ၁၂၆၀ ရီမင်ဘီ [8][en](အမေရိကန်ဒေါ်လာ ၂၀၀ ဝန်းကျင်) ဖြစ်သည်။ ထိုဆောင်းပါး၏ အဆုံးတွင် စာရေးသူသည် ယခုကဲ့သို့ မေးခွန်းထုတ်[zh]ခဲ့သည်။

看来我们还不如非洲,那么哪个猪头决定要援助他们的?

ကြည့်ရတာ ကျွန်တော်တို့က အာဖရိကနောက်မှာ ကျန်နေခဲ့ပုံပါပဲ။ ဘယ်ငကြောင်က ဒီကောင်တွေကို ထောက်ပံ့ဖို့ ဆုံးဖြတ်လိုက်လဲမသိ။

ဖွံဖြိုးရေးအကူအညီ သံခင်းတမန်ခင်း

[9]

တရုတ်-အာဖရိက သမဝါယမ ဆွေးနွေးပွဲ၏ တရားဝင်အမှတ်တံဆိပ်

တရုတ်သည် သံတမန်ရေး အပြန်အလှန် ရင်းနှီးမှုရရှိစေရန် အာဖရိကတွင် ဖွံ့ဖြိုးရေးအတွက် ကျွမ်းကျင်ပညာများနှင့်အတူ ကြီးမားသော ချေးငွေအများအပြားကို အာဖရိကနိုင်ငံများသို့ ထောက်ပံ့ခဲ့သည်။ တရုတ်ကထောက်ပံ့သော စီမံကိန်းများအနက် တစ်ခုမှာ တန်ဇန်းနီးယား-ဇမ်ဘီးယား ရထားလမ်း [10][en]ဖြစ်ပြီး ၁၉၇၀ကျော်နှစ်များက တည်ဆောက်ခဲ့သည်။ သို့သော်လည်း အချို့ အင်တာနက်အသုံးပြုသူများက ရုန်းရင်းဆန်ခတ်ဖြစ်ပြီးနောက် ရာစုနှစ်ပေါင်းများစွာ ရှည်ကြာခဲ့သော “ဖွံ့ဖြိုးရေးအကူအညီ သံခင်းတမန်ခင်း”၏ အကျိုးသက်ရောက်မှုကို ယခုကဲ့သို့ သံသယဖြစ်လာကြသည်[zh]။

@艾磊儿 [11]:主要还是中国政府太贱!非洲被西方欺负也不敢说话,中国却拿钱去舔人家屁股,还自吹什么中非友好,在人家眼里你就是傻B!

@艾磊儿: ဒီတရုတ်အစိုးရကတော့ အပေါစားပဲ။ အာဖရိက⁠ကလည်း အနောက်ကအနိုင်ကျင့်တာ ခံရတုန်းက မခုခံခဲ့ဘူးမဟုတ်လား။ တရုတ်က သူတို့ဖင်ကိုလျက်ဖို့ ပိုက်ဆံတွေ သယ်လာတယ်။ တရုတ်နဲ့ အာဖရိက ပလူးပလဲ ရင်းနှီးလာတော့ကျတော့ အာဖရိကနိုင်ငံတွေက မင်းကို (တရုတ်ကို) ငပေါလို့ မြင်ကြတယ်လေ။

Yuaner1989 [12]က အာဖရိကနိုင်ငံများသည် အခြေခံအဆောက်အဦးများတည်ဆောက်ရာတွင် ပါဝင်ခဲ့သော တရုတ်၏ အကူအညီကို ကျေးဇူးကန်းခဲ့သည်ဟု ဝေဖန်ပြစ်တင်ခဲ့သည်[zh]။

@yuaner1989:赞比亚爆发骚乱,中国人遭昔日的“老朋友”绑架威胁,非洲曾经对中国的无私援建感恩戴德,为何如今却翻脸不认人?中国在崛起的过程却发现朋友越来越少,时移世易,中国是否应当去试图结交一些新的朋友?

@yuaner1989၊ ရုန်းရင်းဆန်ခတ်မှုတစ်ခု ဇမ်ဘီးယားမှာ ဖြစ်သွားတယ်။ တရုတ်တွေကတော့ သူတို့ အတိတ်က ‘သူငယ်ချင်းဟောင်း'တွေရဲ့ ပြန်ပေးဆွဲတာ ခံရတာပေါ့။ အာဖရိက လူတွေက တစ်ချိန်တုန်းကတော့ သူတို့နိုင်ငံတိုးတက်ဖို့ တရုတ်ရဲ့ နှောင်ကြိုးမဲ့ အကူအညီတွေကို ကျေးဇူးတင်ခဲ့ကြတယ်။ အခုသူတို့ ဘာလို့ရန်လိုလာတာပါလိမ့်။ တရုတ်က အရေးပါလာတဲ့အချိန်မှာ သူ့မှာ မိတ်ဆွေတွေနည်းပါးလာတာပေါ့။ ခေတ်တွေ ပြောင်းခဲ့ပြီလေ။ တရုတ်က တခြားမိတ်ဆွေအသစ်တွေ ရှာသင့်ပြီလားမသိ။

တရုတ်လုပ်ငန်းများမှ ဒေသခံများအပေါ်တွင် လျစ်လျူရှုမှုနှင့် ကိုယ်ကျိုးစီးပွားရှာအမြတ်ထုတ်မှုများကို ပိုမိုထင်ဟပ်စေသော တုံ့ပြန်မှုများမှာ [zh]

@刘克斯 [13]:从赞比亚煤矿劳资纠纷看我国国外企业的国际责任。我们曾经是帝国主义的殖民地,深受被掠夺被奴役的痛苦。今西方国家称非洲是中国殖民地,我们竭力反对,但是否静静反思一下,我们到非洲办企业开矿山,除考虑到企业自身利益,是否考虑到当事国利益?包括环保、公益、劳动保护、工人工资和福利待遇等等!

@刘克斯:ဇမ်ဘီးယား ကျောက်မီးသွေးတွင်းက အလုပ်သမားအငြင်းပွားမှုက ကျွန်တော်တို့နိုင်ငံရဲ့ စီးပွားရးလုပ်ငန်းတွေအပေါ် နိုင်ငံတကာရဲ့တာဝန်ယူပြောဆိုမှုကို ကျွန်တော်တို့ တွေ့နိုင်ကြတယ်။ ကျွန်တော်တို့ဟာ အင်ပါယာနိုင်ငံကြီးတွေရဲ့ ကိုလိုနီပြုခြင်းကို တစ်ခါက ခံခဲ့ရတယ်။ ပြီးတော့ ကိုယ်ကျိုးရှာ အမြတ်ထုတ် ဂုတ်သွေးစုပ်မှုနဲ့ ကျွန်ပြုမှုကို နာကျင်စွာခံစားခဲ့ရတယ်လေ။ အခုတော့ အနောက်နိင်ငံတွေက အာဖရိကကို တရုတ်ရဲ့ ကိုလိုနီတစ်ခုလို မြင်လာကြပြီး ကျွန်တော်တို့က အခုလို စွတ်စွဲချက်ကို လက်မခံကြဘူးပေါ့။ ဒါပေမဲ့လည်း ကျွန်တော်တို့ အခုပြန်စဉ်းစားကြရမယ့်အချိန် မဟုတ်ပေဘူးလား။ ကျွန်တော်တို့ အာဖရိကမှာ သတ္တုတူးဖော်ရေးတွေအတွက် ပူးပေါင်းဆောင်ရွက်မှုတွေ ရှိနေတယ်။ ကျွန်တော်တို့ရဲ့ အကြီးစားအကျိုးစီးပွားအတွက် ဆွဲဆောင်တာကို ဘေးထားပြီး သူတို့ရဲ့ အကျိုးစီးပွားကို ကြည့်သင်တယ်လေ။ အဲဒီမှာ ပတ်ဝန်းကျင်ထိန်းသိမ်းစောင့်ရှောက်ရေး၊ သာရေးနာရေး၊ အလုပ်သမားကာကွယ်စောင့်ရှောက်ရေး၊ လစာကိစ္စနဲ့ ခံစားခွင့်တွေပါတာပေါ့။