- Global Voices မြန်မာ - https://my.globalvoices.org -

ဘို​လီး​ဗီး​ယား၊ လာ​ပတ်(ဇ်)တွင် ရေ​ဒီ​ယို​သတ္တိ​ကြွ ယူ​ရေ​နီ​ယမ်​များ ဖမ်းဆီး​ရမိ

အမျိုးအစားများ: လက်တင်အမေရိက, ဘိုလီးဗီးယား, ကျန်းမာရေး, နိုင်ငံရေး, ပတ်ဝန်းကျင်, ပြည်သူသတင်း, အစိုးရ​အုပ်ချုပ်​မှု

၂ဝ၁၂ ခုနှစ် သြဂုတ်လ (၂၈) ရက်နေ့တွင် ဘိုလီးဗီးယန်းတာဝန်ရှိသူများသည် ယူရေနီယမ် (သို့) ရေဒီယိုသတ္တိကြွဓာတ်သတ္တုများဟု ယူဆရသော သတ္တု ၂ တန်အား ဖမ်းဆီးရရှိခဲ့သည်။ လာပတ်ဇ်မြို့လည်ရှိ အဆောက်အဦးတစ်ခုမှ ပို့ဆောင်ရာတွင် သံတမန်ရုံးအများအပြားနှင့် နီးကပ်နေသော်လည်း မည်သည့်လုံခြုံရေးနှင့် အကာအကွယ်မျှမယူဘဲ ပို့ဆောင်ခဲ့၏။

အစိုးရဝန်ကြီးကားလို့(စ်) ရိုမီရိုမှ အထူးရဲတပ်ဖွဲ့ဝင်များပါဝင်သော လှုပ်ရှားမှုအဖွဲ့ကို ဦးဆောင်၍ သယ်ပို့ခဲ့သည်။ နောက်ပိုင်းတွင် မစ္စတာရိုမီယိုက ဓာတ်ခွဲခန်းစမ်းသပ်ချက်များနှင့် စစ်ဆေးချက်များအရ ထိုဓာတ်သတ္တုများမှာ “ရေဒီယိုသတ္တြွိကမှုမရှိဘဲ ကျန်းမာရေးအတွက် မည်သည့် အန္တရာယ်မျှမရှိနိုင်ကြောင်း” ထုတ်ပြန်ကြေညာ [1][es]ခဲ့သည်။

သို့ရာတွင် ဘူမိဗေဒနှင့် အမျိုးသားဓာတ်သတ္တုတူးဖော်ရေးဌာနဖြစ်သော ဆာဂျီယိုတက်(ခ်)မင် [2][es]နှင့် ဘိုလီးဗီးယားသိပ္ပံနှင့် အဏုမြူနည်းပညာဌာနတို့မှ ဆက်လက်လေ့လာမည်ဖြစ်ကြောင်းကိုလည်း ရိုမီယိုမှ ကြေညာ [3][es]ခဲ့ သည်။ ထို့ကြောင့် ၎င်းဓာတ်သတ္တုများသည် ရေဒီယိုသတ္တြွိကပစ္စည်းများဖြစ်နိုင်ကြောင်း သံသယမှာ မရှင်းလင်းခဲ့ပေ။

Police seize 2 tons of uranium in Sopocachi, La Paz, on August 28. Photo shared via Twitpic by Twitter user @pagina_siete [4]

ရဲများက ဩဂုတ်လ (၂၈)ရက်နေ့တွင် လာပတ်(ဇ်)၊ ဆိုပိုကာချီ၌ ယူရေနီယမ် (၂)တန်ကို ဖမ်းဆီးရမိစဉ်။ ဓာတ်ပုံ – တွစ်တာအသုံးပြုသူ @pagina_sieteက တွစ်ပစ်တွင် ရှယ်ခဲ့သောပုံ

ထိုဖြစ်ရပ်အား သတင်းပို့လျက်ရှိသော သမားရိုးကျသတင်းဌာနများမှာ သတင်းအားလုံးကို ချက်ချင်းရယူနိုင်ခဲ့ပြီး တစ်နေ့တာလုံး သတင်းပို့ခဲ့သည်။ အရွဲ့တိုက်ခြင်းများအပါအဝင် စိုးရိမ်ပူပန်မှုနှင့် မှတ်ချက်များမှာ လူမှုကွန်ရက်များတွင် #uranio [5]ဟူသော တွစ်တာခေါင်းစဉ်အောက်၌ ဖော်ပြခဲ့ကြသည်။

Blogger and journalist Andres Gómez Vela commented via his Twitter account (@andrsgomezv [6]) [es]:

ဘလော့(ဂ်)ရေးသူနှင့် သတင်းထောက်တစ်ဦးဖြစ်သော အန်ဒရီ ဂိုမက်(ဇ်)ဗီလာက ၎င်း၏တွစ်တာအကောင့်မှ တစ်ဆင့် မှတ်ချက်ပြုခဲ့သည်မှာ၊

@andrsgomezv [7]: Ojo, Bolivia no produce #uranio [8], ¿de dónde apareció este cargamento? Quizás Estaba en tránsito hacia a otro país, dice Viceministro Pérez

@andrsgomezv [7]၊ မမေ့နဲ့၊ ဘိုလီးဗီးယားမှာ ယူရေနီယံထုတ်လုပ်ခြင်း မရှိပါဘူး။ ဒါဆို ဒီဓာတ်သတ္တုတွေ ဘယ်က ရောက်လာသလဲ။ တခြားတိုင်းပြည်တစ်ပြည်⁠ပြည်ကို ပို့ပေးဖို့ ဒီကဖြတ်သွားတာလဲ ဖြစ်နိုင်တာပဲဟု လက်ထောက်ဝန်ကြီးပီရက်ဇ်မှ ပြောကြားခဲ့သည်'။

ထို့အပြင် ကွန်ယက်နိုင်ငံသားများကလည်း ထိုကဲ့သို့ အန္တရာယ်ရှိနိုင်သော ရေဒီယိုသတ္တြွိကနိုင်သည့် ပစ္စည်းများကို ကနဦးကတည်းကပင် ဂရုမစိုက်ဘဲ ကိုင်တွယ်ခဲ့သည့်အတွက် ပြစ်တင်ရှုံ့ချခဲ့ကြသည်။

ဖာနန်ဒက်ဇ် ဆန်မာတင် (@Fer_SanMartin [9]) [es]၏ ဖြစ်ရပ်ပေါ်တွင် မှတ်ချက်ပေးထားသော အစောပိုင်းတွစ်တာစာတိုအား ဘလော့(ဂ်)ရေးသူနှင့် တွစ်တာအသုံးပြုသူ မာရီယိုဒူရန် (@mrduranch [10]) [es]က ချက်ချင်းတုံ့ပြန်ခဲ့သည်။

@mrduranch [11]: @Fer_SanMartin [9] ¿fuente? #uranio [8] ? ese material debe manejarse cubierto en recipiente de plomo es peligroso

@mrduranch [11]: @Fer_SanMartin [9] ရင်းမြစ်ကဘယ်မှာတုံး၊ #uranio [8]  (ယူရေနီယမ်) ဖြစ်နိုင်သလား၊ ဒါဆိုရင် ခဲနဲ့ကာထားတဲ့ သေတ္တာထဲထည့်ပြီးမှ သယ်ရမယ်။ အရမ်းအန္တရာယ်များတယ်။

အန်ဒရီ ဂိုမက်(ဇ်)ဗီလာကလည်း (@AndrsGomezV [6]) [es] ထောက်ပြခဲ့သည်မှာ၊

@AndrsGomezV [12]: Algunas dudas #uranio [8]: hasta ahora ningún experto lo vio ni certificó y si era tan radiactivo ¿por que transportaron como si fuera arena?

@AndrsGomezV [12]#uranio [8](ယူရေနီယမ်) ဖြစ်နိုင်တယ်လို့ တချို့က သံသယရှိကြတယ်။ ဘယ်ကျွမ်းကျင်ပညာရှင်ကမှ ရေဒီယိုသတ္တြွိက၊ မကြွကို မစမ်းသပ်ရသေးဘူး။ ဘာဖြစ်လို့ သဲတွေပို့သလိုမျိုး ပို့နေရတာလဲ'။

ရီနန် ဂျက်စတင်နီယာနိုက (@renanjustiniano [13]) [es]က နိဂုံးချုပ်ခဲ့သည်မှာ၊

@renanjustiniano [13]: Si el mineral encontrado ayer es #uranio [8] lo primero que deberia haber hecho era ver si era radiactivo no llamar a la prensa! #bolivia [14]

@renanjustiniano [13]၊ မနေ့ကတွေ့ခဲ့တဲ့ ဓာတ်သတ္တုတွေသာ #uranio [8] (ယူရေနီယမ်) ဖြစ်နိုင်တယ်ဆိုရင် ပထမဆုံးလုပ်ရမှာက ရေဒီယိုသတ္တြွိက၊ မကြွကို စမ်းသပ်ရမှာ၊ သတင်းထောက်တွေဆီ သတင်းထုတ်ပြရမှာ မဟုတ်ဘူး။ #bolivia [14] (ဘိုလီးဗီးယား)

လာပတ်(ဇ်)တွင် သိမ်းဆည်းရမိခဲ့သော ဓာတ်သတ္တုပစ္စည်းများ၏ အမျိုးအစားနှင့် ရေဒီယိုသတ္တြွိကမှု ရှိ၊ မရှိတို့ကို ဆက်လက်စုံစမ်းစစ်ဆေးလျက် ရှိသည်။