ဤအပုဒ်သည် နိုင်ငံတကာ ဆက်ဆံရေးနှင့် လုံခြုံရေး အထူးရေးသားမှု၏ တစ်စိတ်တစ်ပိုင်းဖြစ်ပါသည်။
တရုတ်နှင့် ဖြစ်ပွားသော ပင်လယ်ရေကြောင်းဆိုင်ရာ အငြင်းပွားမှုက ဖိလစ်ပိုင်အား ၄င်း၏ ကာကွယ်ရေးစွမ်းပကားကို ပြန်လည်သုံးသပ်ရန် ဖိအားပေးခဲ့သည်။ ဘေဂျင်းနှင့် မနီလာကြား တောင်တရုတ်ပင်လယ် စကားဘိုရော့(ဂ်)အနီးရှိ ရေပိုင်နက်အား တရားမဝင်ပိုင်ဆိုင်ရန် ကြိုးပမ်းမှုအား အချင်းချင်းစွပ်စွဲရာမှ တင်းမာမှုများ ပေါ်ပေါက်ခဲ့သည်။
ဖိလစ်ပိုင်အစိုးရအနေဖြင့် သံတမန်ရေးရာအဖွဲ့များအား စစ်ရေးဆိုင်ရာ သဘောတူညီမှု သို့မဟုတ် ပူးပေါင်းဆာင်ရွက်ရန်အတွက် အာရှပစိဖိတ်နိုင်ငံများသို့ စေလွှတ်ခဲ့ပြီး ဖြစ်သည်။
ဖိလစ်ပိုင်နိုင်ငံ၏ ကာကွယ်ရေးစွမ်းပကား၏ အားနည်းချက်မှာ လျှို့ဝှက်ထား၍ မရပေ။ သမ္မတ ဘန်နီဂနို အကွီနိုကပင် မကြာသေးမီက နိုင်ငံကိုပြောကြားသော အမျိုးသားမိန့်ခွန်းတွင် ထိုအကြောင်းကို အရွှန်းဖောက်၍ ပြောကြားခဲ့သည်မှာ၊
တချို့တွေက ကျွန်တော်တို့ရဲ့ လေတပ်စွမ်းအားက လေပဲရှိပြီး စွမ်းအားမရှိဘူးလို့ ဖော်ပြကြတယ်။ သင့်တော်တဲ့ အသုံးအဆောင်ပစ္စည်းတွေ နည်းပါးတာက ကျွန်တော်တို့ရဲ့ တပ်တွေကို အန္တရာယ်လမ်းကြောင်းပေါ် တင်လိုက်ပြီးတော့ ကျိုးပေါက်လွယ်နေဆဲပဲ ဖြစ်တယ်။ ဒါတွေကို ဒီအတိုင်းဆက်ဖြစ်နေမှာကို ကျွန်တော်တို့ အနေနဲ့ ခွင့်မပြုနိုင်ဘူး။ ကျွန်တော်တို့တွေ ပင်လယ်ထဲကို စက္ကူသင်္ဘောတွေ ထပ်မလွှတ်တော့ဘူး။ အခုကစပြီး ကျွန်တော်တို့ရဲ့ ကီလိုမီတာ ၃၆၀၀၀ ရှိတဲ့ ကမ်းရိုးတန်းကို ခေတ်မီသင်္ဘောတွေနဲ့ ကင်းလှည့်စောင့်ရှောက်သွားမှာ ဖြစ်တယ်။
အကွီနိုက အစိုးရအနေနဖြင့် ၄င်းတို့၏ ကာကွယ်ရေးစွမ်းပကားကို ခေတ်မီစေရန် ပြင်ဆင်သွားမည်ဟု ဖိလစ်ပိုင်တို့အား ထပလောင်းပြောဆိုခဲ့သည်။
ဝယ်ထားပြီးသားဖြစ်တဲ့ ပြန်လည်မွမ်းမံထားတဲ့ UH-1H ရဟတ်ယာဉ် ၂၁စီး၊ ကြံ့ခိုင်တဲ့ သယ်ယူပို့ဆောင်ရေး ရဟတ်ယာဉ် လေးစီး၊ ရေဒီယိုနဲ့ အခြားဆက်သွယ်ရေး ကိရိယာပစ္စည်းတွေ၊ ရိုင်ဖယ်သေနတ်တွေ၊ မော်တာစက်သေနတ်တွေ၊ ရွေ့လားနိုင်တဲ့ ကုသရေး ဓာတ်ခွဲခန်းတွေနဲ့ ကျည်ဆန်တပ်ဆင်ရေးစခန်းတွေကိုတောင် ဒီနှစ်ကုန်မတိုင်မီ ရောက်ရှိလာမယ်လို့ မျှော်လင့်ထားပါတယ်။ လာမယ့် ၂၀၁၃မှာ တိုက်ခိုက်ရေး ရဟတ်ယာဉ် ဆယ်စီး၊ ရေးကြောင်းသုံး ရဟတ်ယာဉ်နှစ်စီး၊ အသေးစားလေယာဉ်နှစ်စီး၊ ဖရီးဂိတ်စစ်သင်္ဘော တစ်စီး၊ လေကြောင်းဆိုင်ရာ ကာကွယ်ရေး ကိရိယာပစ္စည်းတွေ ရောက်ရှိလာမှာပါ။
သို့ရာတွင် ထိုစစ်လက်နက်အသစ်များကို ဝယ်ယူဖြည့်တင်းမှုများသည် စစ်ပြုရန် ရှေးရှုခြင်းမဟုတ်ကြောင်း ရှင်းလင်းပြောကြားသွားခဲ့သည်။
ကျွန်တော်တို့က ရန်လိုတဲ့သူဖြစ်လာဖို့ ဒီဟာတွေကို လုပ်နေတာမဟုတ်ပါဘူး၊ တင်းမာမှုတွေ မြင့်တက်လာအောင် လုပ်နေတာလည်း မဟုတ်ပါဘူး။ ဒါက ငြိမ်းချမ်းရေးကို ထိန်းသိမ်းဖို့ပါပဲ။ ဒါက ကိုယ့်ကိုယ့်ကိုယ် ကာကွယ်ဖို့ ဖြစ်တယ်၊ မဖြစ်နိုင်ဘူးလို့ အကြာကြီးတွေးမိခဲ့တဲ့ဟာပေါ့။
ယမန်နှစ်က ဖိလစ်ပိုင်သည် ကမ်းရိုးတန်းစောင့်သင်္ဘောအဟောင်းတစ်စီးကို အမေရိကန်ပြည်ထောင်စုမှ ရယူခဲ့ပြီး ၄င်းကို နိုင်ငံ၏ အနောက်ဖက် ကမ်းရိုးတန်းဒေသကို စောင့်ရှောက်ရန်အတွက် အသုံးပြုနေသည်။ ဖိလစ်ပိုင်နိုင်ငံနှင့် အမေရိကန်ပြည်ထောင်စုတို့အကြားတွင် ကာကွယ်ရေးဆိုင်ရာ နားလည်မှု စာချွန်လွှာအား ၁၉၅၀ပြည့်နှစ်များဆီက လက်မှတ်ရေးထိုးခဲ့သည်။ အောက်ဖော်ပြပါဗီဒီယိုမှာ ယူကျု့အသုံးပြုသူ ပီအိတ်(ချ်)မလာယာတင်ထားသော အမေရိကန်က ဖိလစ်ပိုင်ကို သင်္ဘောရယူခြင်း အခမ်းအနားဖြစ်သည်။
http://www.youtube.com/watch?v=nB7XjnezoL4&feature=player_embedded
စစ်သင်္ဘောများအပြင် ဖိလစ်ပိုင်နိုင်ငံအနေဖြင့် အက်(ဖ်)၁၆ ဂျက်တိုက်လောယာဉ်များကို ဝယ်ယူရန်အတွက် ပြင်ဆင်နေသည်။ အဘယ်ကြောင့်ဆိုသော် နိုင်ငံတွင် တိုက်ခိုက်ရေးလေယာဉ် လတ်တလောတွင် တစ်စီးမျှ မရှိသောကြောင့် ဖြစ်သည်။
သို့သော်လည်း ဖိလစ်ပိုင် နို်ငငံအနေဖြင့် အခြားနိင်ငံများနှင့် စစ်ရေးအရ ဆက်နွယ်ပတ်သက်မှု ရှိပုံရသည်။ မကြာသေးမီက ဥရောပနိုင်ငံများထံမှ စစ်ရေးဆိုင်ရာ အသုံးအဆောင်ပစ္စည်းများ ဝယ်ယူရန် ဆုံးဖြတ်ချက်ခဲ့သည်။ အီတလီနိုင်ငံမှ ခေတ်မီ သင်္ဘောဖျက်ဒုံးကျည်နှင့် လေယာဉ်ဖျက်ဒုံးကျည်များ တပ်ဆင်ထားသော ဖရီးဂိတ်စစ်သင်္ဘောနှစ်စီးကို ဝယ်ယူရရှိရန် လုပ်ဆောင်နေသည်။ မကြာသေးမီက ဂျပန်နှင့် လက်နက်ကိုင်တပ်နှစ်ခုကြား အပြန်အလှန်စေလွှတ်မှု၊ ရေတပ်အချင်းချင်း စေလွှတ်မှု၊ ပြည်တွင်းနှင့် အပြည်ပြည်ဆိုင်ရာ လုံခြုံရေးကိစ္စရပ်များအတွက် တွေ့ဆုံမှုများ၊ ကာကွယ်ရေးနည်းပညာနှင့် ဗဟုသုတ ဖလှယ်မှု၊ ရေကြောင်းဆိုင်ရာ လုံခြုံရေး ကိစ္စရပ်များနှင့် သတင်းအချက်အလက် ဖလှယ်မှုများပါဝင်သော သဘောတူညီချက်တစ်ရပ်ကို အဆုံးသတ်ရရှိခဲ့သည်။
လွှတ်တော်အနေဖြင့် ဖိလစ်ပိုင်နိုင်ငံနှင့် ဩစကြေးလျနိုင်ငံတို့အကြား စစ်ရေးဆိုင်ရာ ပညာရပ်များ၊ လေ့ကျင့်ရေးနှင့် လုပ်ဆောင်မှုများ၊ လူသားချင်းစာနာထောက်ထားမှု လှုပ်ရှားခြင်းများ ဆောင်ရွက်ရန်ဦးတည်သော တပ်မတော်လေ့လာရေးသဘောတူညီချက် အခြေအနေကို အတည်ပြုပြောကြားခဲ့သည်။ သို့ရာတွင် လွှတ်တော်အမတ်တစ်ဦးဖြစ်သူ ဂျိုကာ အာရိုရိုက ထိုသဘောတူညီချက်သည် တရုတ်အား သတိပေးမည့် သတင်းစကားကို ပမာဏအတည်ပြုရာရောက်နေသည်ဟု ပြောကြားကာ ဆန့်ကျင်သွားခဲ့သည်။
အကွီနိရဲ့ အုပ်ချုပ်ရေးဆိုင်ရာအဖွဲ့က နိုင်ငံနှင့် တရုတ်နိုင်ငံတို့အကြား အနောက်ဖိလစ်ပိုင်ပင်လယ်နဲ့ ပတ်သက်ပြီး အငြင်ပွားနေတဲ့ အတွက်ကြောင့် ဒီသဘောတူညီချက်ကိုပဲ အတည်ပြုပြောကြားချင်နေတာပါ။ ဒီသဘောတူညီချက်က စစ်ရေးဆိုင်ရာ ကတိကဝတ်မဟုတ်ပေမဲ့ သူ့အသွင်အပြင်ကြောင့် တရုတ်ကို အရှုံးပေးဖို့ မဖြစ်သင့်ဘူး။ ကျွန်တော်တို့ကို ကောက်ရိုးမျှင်တွေ လာမဆွဲခိုင်းပါနဲ့။ ကျွန်တော်တို့ လုံ့လစိုက်ထုတ်ရပါမယ်။

အမေရိကန်ပြည်ထောင်စုနှင့် ဖိလစ်ပိုင်နိုင်ငံ စစ်သည်များအကြား စစ်ရေးလှုပ်ရှားမှုများကို ပြသသည့် မြေပုံ။ ဓာတ်ပုံ – အီဘွန်
ဖိလစ်ပိုင်နှင့် အမေရိကန်ပြည်ထောင်စုအကြား ယမန်နစ်က စစ်ရေးဆိုင်ရာ ပူးပေါင်းလုပ်ဆောင်မှုများ မကြာခဏရှိခဲ့ခြင်းသည် တိုက်ဆိုက်ခြင်းသက်သက် မဟုတ်ပေ။ ဖိလစ်ပိုင်နှင့် တရုတ်အကြား ရေကြောင်းဆိုင်ရာ ကွာဟမှုများ ပြင်းထန်လာစဉ်က ဖြစ်ခဲ့ခြင်းဖြစ်သည်။ စာရေးဆရာ အဲရစ်(ခ်) စန် ဂျွမ်းက ထိုစစ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများနှင့် ပတ်သက်၍ မေးခွန်းထုတ်ခဲ့သည်။
မတတ်နိုင်ဘူး၊ ကိုယ့်ဟာကိုယ် မေးခွန်းထုတ်ကြရမယ်၊ ဒီလိုနှစ်စဉ် လှုပ်ရှားဆောင်ရွက်မှုတွေကို ကျွန်တော်တို့ တကယ်လိုအပ်လား။ ကျွန်တော်တို့မှာ ဒီလိုပုံစံတွေ အများကြီးရှိတယ်၊ လတ်တလောမှာ အဲဒါတွေက ကျွန်တော်တို့အတွက်ရော အာရှပစိဖိတ်ဒေသအတွက်ရော အသုံးမဝင်ပါဘူး။ ကျွန်တော်တို့ ကြိုက်ကြိုက် မကြိုက်ကြိုက် ဒါက ပြဿနာဖြစ်စေတဲ့ အရာဆိုတာ ထင်ရှားလွန်းပါတယ်။ ဒီပူပေါင်းဆောင်ရွက်မှုအတွက် ဘယ်မတော်တဆ ပစ်ခတ်မှု၊ မှားယွင်းတွက်ချက်မှုတွေပဲ ဖြစ်ဖြစ် ဒေသတွင်းပဋိပကၡတွေအတွက် အကြောင်းပြချက်တစ်ခု ဖြစ်လာနိုင်ပါတယ်။ အချုပ်အခြာပိုင် နိုင်ငံတစ်နို်ငငံအနေနဲ့ ကျွန်တော်တို့ ပိုင်နက်နဲ့ ပတ်သက်တဲ့ အခွင့်အရေးတွေကို သေချာအောင လုပ်ရမယ်၊ ပြီးတော့ ကျွန်တော်တို့အား စစ်အင်အား ကောင်းကောင်း မရှိဘူးဆိုရင်တောင် ငြိမ်းချမ်းတဲ့ သံတမန်ရေးဆိုင်ရာ အခင်းအကျင်းတွေက အကောင်းဆုံး အဖြေတစ်ခုပါပဲ။
တက်ကြွလှုပ်ရှားသူတစ်ဦးဖြစ်သော အာနိုး(လ်)ပဒီလာက သူ့အမြင်ကို မျှဝေသွားသည်မှာ
စကားဘိုရော့(ဂ်)သောင်ခုံနဲ့ စပါ့(တ်)လီ ကျွန်းတွေနဲ့ ပတ်သက်ပြီး ကျွန်တော်တို့နိုင်ငံနဲ့ အငြင်းပွားမှုမှာ တရုတ်ရဲ့ တင်းမာပြတ်သားတဲ့ ရပ်တည်မှုက ဖိလစ်ပိုင်နဲ့ အနီးဒေသမှာ အမေရိကန်ရဲ့ စစ်တပ်တည်ရှိမှုနဲ့ ထိုးဖောက်ဝင်ရောက်မှုကို တိုးပွားလာစေပါတယ်။ ဒီကိစ္စက အမေရိကန်ရဲ့ အာရှပစိဖိတ်ဒေသအပေါ်ထားရှိတဲ့ ရည်ရွယ်ချက်ကို ပြည့်မြောက်စေတဲ့အချိန်မှာ ဒေသတွင်း တည်ငြိမ်အေးချမ်းရေးနဲ့ ဖွံ့ဖြိုးရေးအတွက် စွန့်စားရာကျလွန်းပါတယ်၊ ပြီးတော့ ဖိလစ်ပိုင်ရဲ့ အမျိုးသား အချုပ်အခြာအာဏာအတွက်ရောပဲပေါ့။
