ပြီးခဲ့တဲ့လက ဖြစ်ပွားခဲ့သော် အိန္ဒိယနိုင်ငံ အာသံပြည်နယ်အတွင်းမှ ဒေသခံဘိုဒိုမျိုးနွယ်စုများနှင့် လာရောက်အခြေချနေထိုင်သော မွတ်ဆလင်တို့၏ပဋိပက္ခသည် အဓိကရုဏ်းဖြစ်ခြင်း၊ သတ်ဖြတ်ခြင်းနှင့် လူအများအပြားအိမ်ခြေရွှေ့ပြောင်းခြင်းတို့ဆီသို့ ဦးတည်သွားသည်။ ရဲအဖွဲ့က ၄င်းတို့သည် ရာနဲ့ချီ၍ ဖမ်းဆီးထိန်းသိမ်းမှုပြုလုပ်ခဲ့ပြီးရာနဲ့ချီသော တိုင်တန်းမှုများကိုလည်း လက်ခံခဲ့သည်ဟုဆိုသော်လည်း တစ်လနီးပါးခန့် ကြာပြီးနောက်တွင် အခြေအနေများသည် မငြိမ်သက်သေးပေ။
NDTV ရဲ့ စုံစမ်းစစ်ဆေးရေး အစီရင်ခံစာက ဖော်ထုတ်ထားသည်မှာ နှစ်ဖက်စလုံးရှိ နိုင်ငံရေးသမားများနှင့် အဖွဲ့အစည်းများက တရားမဝင် ဝင်ရောက်အခြေချမှုအပေါ် စိုးရိမ်ထိတ်လန့်မှု နှင့် ချဲ့ကားဖော်ပြမှုများစွာ ပျံနှံ့စေသည်ဟု ဆိုသည်။ ထို့နောက် သူတို့အတွက် နိုင်ငံရေးအမြတ်ရရှိစေရန် အဓိကရုဏ်းကို အသုံးပြုခဲ့သည်။
Harini Calamur points out how the media is blowing the situation out of proportion:
ဟာရီနီ ကလမားက မီဒီယာများသည် အခြေအနေကိုမည်သို့ ကြီးထွားသွားစေသည်ဆိုသည် နဲ့ပတ်သက်၍ ထောက်ပြသည်မှာ -
အဓိကရုဏ်း ဖြစ်ပွားမှုဟာ အိန္ဒိယ အရှေ့မြောက်ပိုင်းတစ်ဝှမ်းလုံး(ပြည်နယ် (၇)ခုပါဝင်)မှာ မဖြစ်ပါဘူး။ အာသံပြည်နယ်အတွင်းက ခိုခရာဂျာ(Kokrajhar)ခရိုင် အပိုင်းမှာပဲရှိတာဖြစ်ပါတယ်။
စိမ်းစိမ်းစိုစိုစားကျက် (Greener Pastures) တွင်ရှာကြည့်သောအခါ အတွင်းလူတစ်ဦး၏အမြင် ကိုဖော်ပြထားသည်မှာ
တကယ်ကတော့ အာသံပြည်နယ် အောက်ပိုင်းနေရာလေးမှာပဲ အဓိကရုဏ်းဖြစ်နေတာပါ။ အာသံပြည်နယ်ရဲ့ (၂၀)ရာခိုင်နှုန်း လောက်ပဲရှိတဲ့ ဘိုဒိုလန်း(Bodoland) နေရာဖြစ်ပါတယ်။ ကျန်တဲ့ အာသံပြည်နယ် (၈၀)ရာခိုင်နှုန်းကတော့ ဘေးကင်းလုံခြုံပါတယ်။ အခု ကျွန်တော်ပြောချင်တာက အစိုးရအနေနဲ့ ပြည်သူ့အသံကို မျက်စိပိတ် နားပိတ်လုပ်နေမယ်ဆိုရင် တစ်နေ့မှာ အခြေအနေတွေက ပိုဆိုးလာပါမယ်။ ဒီကိစ္စရဲ့ ပင်မပြသနာ ဒါမှဟုတ် တစ်ခုတည်းသောပြသနာကတော့ ထိန်းချုပ်ထားမှုမရှိတဲ့ ပြည်ပလူဝင်မှုပါပဲ။
အဲဒီ့ကိစ္စဟာ ၁၉၇၀ နှစ်တွေကတည်းကစတင်ခဲ့ပြီး အင်ဒီရာ ဂန္ဒီရဲ့ ဦးဆောင်မှုနဲ့ အာဏာရကွန်ဂရက် အစိုးရအုပ်ချုပ်တဲ့အချိန်မှာ ဘင်္ဂလားဒေ့ရှ်က လူများစွာကို မြေတွေအခမဲ့ပေးခဲ့ပြီး မြောက်ပိုင်းတလွှားကို အခြေချနေထိုင်ခွင့်ပေးပါတယ်။ […] အဲဒီလို ဘင်္ဂလားဒေ့ရှ်လူမျိုးတွေကို မြောက်ပိုင်းမှာ အခြေချခွင့်ပေးလိုက်တဲ့အတွက်၊ ပြီးတော့ မဲပေးခွင့်ကဒ်ပြားတွေပါ ထုတ်ပေးတဲ့အတွက် ကွန်ဂရက်ဟာ ခိုင်မာတဲ့မဲအရေအတွက် သေချာပေါက် ရမှာဖြစ်ပါတယ်။ အဲဒါဟာ သူတို့ရဲ့ အာဏာမြှင့်တင်ဖို့အတွက် အထောက်အကူဖြစ်စေတဲ့ အားပြင်းတဲ့ထိုးဆေး တစ်လုံးလိုပါပဲ။ အဲဒီကတည်းကစပြီး နောက်ဆုံးဆယ်စုနှစ် သုံးစုအထိ အိန္ဒိယနယ်မြေအတွင်း များပြားလှတဲ့ ဘင်္ဂလားဒေ့ရှ် လူဦးရေစိမ့်ဝင်မှုကို မဟန့်တားထားနိုင်ပါတော့ဘူး။

သီဝသဂါခရိုင်တွင် အာသံကျောင်းသားများသမဂ္ဂ အဖွဲ့ဝင် ၃၀၀၀ကျော် က အာသံသဘောတူညီချက်ကို အကောင်အထည်ဖော်ရန် တောင်းဆိုသော ဆန္ဒပြပွဲပြုလုပ်နေစဉ်။ ထိုသို့ အကောင်အထည်မဖော်လျှင် တို့ရဲ့အပြောအရ အာသံပြည်နယ်ထဲသို့ တရားမဝင် ဝင်ရောက်နေထိုင်မှုကို လွယ်ကူစေမည်ဟု ဆိုသည်။ ဓာတ်ပုံ – မာန်တ်(ရှ်) ဂျိုတီ။ မူပိုင်ခွင့် ဒီမောတစ်(ခ်)(စ်) (၁၄၊ ၈၊ ၂၀၁၂)
ဘလော့(ဂ်)ရေးသက ဆက်ပြောသည်မှာ၊
ဒါဟာ ဘင်္ဂလားဒေ့ရှ်တွေရဲ့ အမှားမဟုတ်ပါဘူး။ သူတို့ဟာ ကစားပွဲကြီးရဲ့ နယ်ရုပ်ကလေးတွေပဲဖြစ်ပါတယ်။ အခြေအနေတွေက ရှုပ်ထွေးနေပါပြီ။ တစ်နေရာရာမှာတော့ ပင်မစနစ်ကို ပြောင်းလဲဖို့နဲ့ အသစ်ပြန်လည်တည်ဆောက်ဖို့လိုနေပါပြီ။
မီဒီယာများက ယခုအခြေအနေအပေါ်တွင် မမျှတစွာဖော်ပြနေမှုကိုလည်း ဆက်ပြောခဲ့သည်။
မီဒီယာတွေက အခုလို ပုံကြီးချဲ့တဲ့အတွက်၊ အခြေအနေတွေက ပိုဆိုးလာပါတယ်။ လက်ရှိအခြေအနေအမှန်က – ဘိုဒိုလန်းကလွဲလို့ ကျန်အာသံပြည်နယ်နဲ့ အိန္ဒိယမြောက်ပိုင်းဟာ ဘေးကင်းလုံခြံုမှုရှိပါတယ်။ အာသံပြည်နယ်တစ်ခုလုံး အဓိကရုဏ်းကြောင့် စုတ်ပြတ်နေပါပြီဆိုပြီး တံဆိပ်မတပ်ပဲ ဘိုဒိုလန်းကိုသာ အဓိကထားပြီး မီဒီယာတွေကဖော်ပြမယ်ဆိုရင် အကောင်းဆုံးဖြစ်ပါမယ်။ သတင်းတွေပြောတာက လူ (၅)သိန်းလောက် နေရာရွှေ့ပြောင်းခံရပြီး အိမ်ခြေရာခြေမဲ့နေတယ် ဆိုတာကတော့ အာဖရိကစစ်ပွဲအနိဋ္ဌာရုံပုံပြင်လို ဖြစ်နေပါတယ်။ အဲဒါဟာတကယ် ဆိုးရွားလွန်းပါတယ်။ ဘိုဒိုလန်းကို ကိုယ်တိုင်သွားခဲ့ပြီးပါပြီ။ စဉ်းစားကြည့်ပါ လူ(၅)သိန်း အိမ်ခြေမဲ့နေတယ်ဆိုတာ အတော်ကိုအဓိပ္ပါယ်မဲ့ ပါတယ်။ အဲဒီဒေသဟာ လူနေကျဲပါးတဲ့အတွက် အဲသလောက်ကြီးမားတဲ့ အခြေအေနေမျိုးဖြစ်နိုင်စရာ အခြေအနေမရှိပါဘူး။
Kafila.org မှာ လာရောက်ရေးသားသော မဟာဗျူဟာ သုတေသနနှင့် လေ့လာရေး အဖွဲ့ ဂူဝါဟာတီ၏အမှုဆောင် ဒါရိုက်တာ နလ္လင် ဒတ္ထက တရားမဝင်ဝင်ရောက်လာသော ဘင်္ဂလားဒေ့ရှ်များအား အထင်မှားနေမှုနှင့် အာသံမှာ အဓိကရုဏ်းဖြစ်ပေါ်စေမှုအတွက် မည်သူ့တွင် တာဝန်ရှိသည်ဆိုသည်ကို ဖော်ထုတ်လိုက်သည်။
အဓိကရုဏ်းအသွင်ကူးပြောင်းသွားတဲ့ အာသံရှိ မွတ်ဆလင်များအပေါ် အကြမ်းဖက်မှုအား ဆန့်ကျင်ရေး’ မွန်ဘိုင်းတွင်ပြုလုပ်သည့်ဆန္ဒပြမှုကြောင့် (သို့) အိန္ဒိယ အရှေ့မြောက်တလွားရှိလူထုကို ပြန်လည်လက်တုံ့ပြန်သည့်အနေနဲ့ အမျိုးမျိုးသောတိုက်ခိုက်မှုတွေကြောင့် အခြေအနေတွေဟာ ပိုမိုရှုပ်ထွေးသွားပါတယ်။
အံအားသင့်စရာ ကောင်းလောက်အောင်ဘာမှမပြောတာကိုပဲ ကျေးဇူးတင်ရင်တင် ဒါမှမဟုတ် အရှက်မရှိစွာ လှုံ့ဆော်သည့် အမြင်များ မရပ်မနားထုတ်လွှင့် နေမှုအတွက်ကို ကျေးဇူးတင်ရပါမယ်။ အများစုက ပြည်တွင်းမီဒီယာတွေမှာ ထုတ်လွှင့်နေတာပဲဖြစ်ပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်တဲ့ ပြင်းပြင်းထန်ထန် အကျယ်တဝင့်ရေးသားမှုတွေဟာ အထင်အမြင်(၃)မျိုးကို ဖြစ်စေပါတယ်။
- ပထမအချက်အနေနဲ့ ဘင်္ဂါလီလယ်သမားများ ဘင်္ဂလားဒေ့ရှ်မှ အာသံသို့ တရားမဝင် ဝင်ရောက်နေထိုင်မှုဟာ မရပ်စဲသေးဘဲနဲ့ အာသံခရိုင်ရဲ့ ဖွား၊သေ စာရင်းကို မှားယွင်းမှုဆီသို့ဦးတည်စေပါတယ်။ အဲဒီ့နောက်မှာတော့ အာသံနှင့်ကပ်လျက်ရှိတဲ့နယ်မြေတွေကို မွတ်ဆလင်အများစုဖြစ်အောင် ဆောင်ရွက်ပါတယ်။
- ဒုတိယ။ ဘင်္ဂလားဒေ့ရှ်မှ တရားမဝင် ဝင်ရောက်လာတဲ့ ဘင်္ဂါလီမွတ်ဆလင်တွေဟာ ပြောင်ပြောင်တင်းတင်း ကျူးကျော်ပြီး မူလဒေသခံတွေပိုင်တဲ့ မြေယာတွေကို သိမ်းပါတယ်။ ပြီးတော့ မူလဒေသခံတွေနဲ့ တရားမဝင် ဝင်ရောက်လာသူတွေ ကြားမှာ အကြမ်းဖက်မှုနဲ့ သေစေလောက်တဲ့ ပဋိပက္ခတွေဖြစ်အောင် မတည်ငြိမ်တဲ့ အခြေအနေတွေဖန်တီးပါတယ်။
- တတိယ။ မူလဒေသခံ (ဟိန္ဒူ) ဘိုဒိုတွေနဲ့ တရားမဝင် ဝင်ရောက်လာတဲ့ မွတ်ဆလင်တွေကြားမှာ ယဉ်ကျေးမှုချင်း မတူညီတဲ့ ပဋိပက္ခ ဖြစ်ရတာဟာ ခိုခရာဂျာ(Kokrajhar)ခရိုင်ကို တရားမဝင် ဝင်ရောက်နေထိုင်တဲ့ မွတ်ဆလင်တွေက ဘိုဒိုတွေအပေါ် ရန်မူမှု နဲ့ တိုက်ခိုက်မှုတွေရဲ့ ရလာဒ်ဖြစ်ပါတယ်။
ဒတ္တက ရေးသည်မှာ၊
အပေါ်မှာပြောထားတဲ့ အမြင်တွေဟာ မတိကျပါဘူး။ ဘာကြောင့်လဲဆိုတာ နားလည်ဖို့အတွက် ဒါတွေ ဘယ်လိုပေါ်ပေါက်လာလဲ၊ ထင်မြင်ယူဆချက်တွေထဲက ရှိရင်းစွဲ အားနည်းချက်တွေက ဘာလဲ။ တကယ့်အဖြစ်အပျက်မှန်ကဘာလဲ၊ သေသေချာချာ ပြန်ဆန်းစစ်ဖို့ လိုပါမယ်။
တရားမဝင် ဝင်ရောက်နေထိုင်မှု” ထက် “ရွှေ့ပြောင်းနေထိုင်မှု”က ဖွားသေစာရင်း ပြုပြင်ပြောင်းလဲမှုအတွက် အများကြီးပိုသက်ရောက်နေပါတယ်။
အမှန်တွင်မူ ဘင်္ဂါလီမူဆလင် လယ်သမားများ ဝင်ရောက်နေထိုင်မှုသည် ခွဲထွက်ရေးနှင့် လွတ်လပ်ရေးမတိုင်မီ ဆယ်စုနှစ်များကပင် စတင်ဝင်ရောက်နေခြင်းဖြစ်သည်။ ခွဲထွက်သွားသည် အချိန်တွင်မူ၊ မွတ်ဆလင် အများစုသည် အိန္ဒိယနိုင်ငံသားအဖြစ်နှင့် အာသံတွင် ပြန်နေထိုင်ရန် ရွေးချယ်ခဲ့ကြသည်။ အာသံစကားကိုလည်း ၄င်းတို့၏ ဘာသာစကားအဖြစ် မွေးစားခဲ့သည်။ အခုလက်ရှိ လူဦးရေအများစုသည် ၄င်းတို့၏ မျိုးဆက်များပင် ဖြစ်သည်။
အဲဒါကြောင့် အခုလုပ်ဆောင်နေတဲ့ ဖွားသေစာရင်း ပြောင်းလဲမှုမှာ များပြားလှတဲ့ ဘင်္ဂလားဝင်ရောက်မှု ယနေ့ထက်တိုင်အောင် ဆက်လက်ရှိနေပါတယ်လို့ ရှုပ်ထွေးလှတဲ့ သမိုင်းဖြစ်စဉ်ကို ထဲထဲဝင်ဝင် မကြည့်သေးဘဲ သန်းခေါင်စာရင်းအချက်အလက် အချို့ကိုရွေးကြည့်ပြီး ရိုးရိုးတွေးမယ်ဆိုရင်တော့ရပါတယ်။
ဘလော့(ဂ်)ရေးသူက ဆက်လက်၍ ဘိုဒိုနိုင်ငံရေး အခြေအနေနှင့် “ဘိုဒိုအများစုရှိသော အာသံဒေသတွင် လုပ်ကိုင်ဆောင်ရွက်နေသော လက်နက်ကိုင်အဖွဲ့အစည်း” က ဘိုဒိုကို အာသံမှခွဲထွက်ရန် တောင်းဆိုနေကြောင်း ပြောကြားသည်။ အသေးစိတ်ကို နီလင် ဒတ္ထ ၏ အပုဒ်တွင်ဖတ်ရှု့နိုင်ပါတယ်။
ပါပိုအူရီမှ ရာဇဘသုက ဖော်ပြထားသည်မှာ
အဓိကရုဏ်းကြောင့် ဘိုဒိုလန်း နယ်မြေကောင်စီရဲ့ ထိထိရောက်ရောက် ဆောင်ရွက်နိုင်မှုရှိမရှိအပေါ် သတိပြုမိစရာဖြစ်လာပြီး ဘိုဒိုများအပါအဝင် လူအများစုက ကောင်စီဖွဲ့စည်းထားရတဲ့ ရယ်ရွယ်ချက် ဘာကြောင့် မအောင်မြင်ရသလဲဆိုတာကို ထောက်ပြကြပါတယ်။
ထည့်စဉ်းစားရမယ့်အချက်တစ်ခုကတော့ ဘိုဒိုတွေက အဲဒီ့ဒေသမှာ ဘိုဒိုမဟုတ်တဲ့ စွပ်စွဲခံ ဘင်္ဂလားဒေ့ရှ် တရားမဝင်ဝင်ရောက်သူတွေ ရှိနေခြင်းအပေါ် တိကျတဲ့အကြောင်းပြချက်နဲ့ ထုတ်ဖော်ပြသခြင်းမရှိပေမယ့်လည်း မနှစ်မြို့မှုကို တွေ့ရပါတယ်။ ဆိုလိုတာက သူတို့ဟာ ဘိုဒိုမဟုတ်သူတွေ ရှိနေခြင်းအပေါ် လုံးဝမကြိုက်ကြပါဘူး။
အာကွန်မှ နီတင်ပိုင်၏အမြင်မှာမူ အိန္ဒိယသည် လူဝင်မှုကိစ္စများနှင့် ပတ်သက်ပြီး သေချာစွာ ကိုင်တွယ်ရန် လိုအပ်နေသည်ဟု ဆိုသည်။
လူဝင်မှုကြီးကြပ်ရေးနဲ့ပတ်သတ်ပြီး အိန္ဒိယရဲ့ ချည်းကပ်မှုဟာ နိုင်ငံတလွှားနဲ့ ဝေးလံတဲ့ဒေသများမှာရှိတဲ့ နိမ့်ကျနေပြီးဖြစ်တဲ့ လူမှုဘဝတန်ဖိုးတွေကို မပျက်စီးစေတဲ့ အပြုအမှုမျိုးနဲ့ စီမံခန့်ခွဲရမှာဖြစ်ပါတယ်။ […]
ဘင်္ဂလားဒေ့ရှ်တွေကို အိန္ဒိယမှာ တရားဝင်အလုပ်လုပ်ဖို့ ခွင့်ပြုပြီး သူတို့ရဲ့နိုင်ငံကို ပြန်သွားရစေမယ့် အလုပ်လုပ်ခွင့်စနစ်တစ်ခု လိုအပ်ပါတယ်။ လုပ်လုပ်ခွင့် ထုတ်ပေးခြင်းနဲ့ ဒေသအတွင်းမှာ အလုပ်လုပ်ခွင့်ကိုင်ဆောင်သူ အရေအတွက်ကန့်သတ်ခြင်းအား နိုင်ငံတော်အစိုးရနှင့် ဒေသအစိုးရ တို့ကိုပြုလုပ်စေခြင်း ဟာ နိုင်ငံအတွက်ပိုကောင်းမယ့်အချက်ပဲဖြစ်ပါတယ်။ }}