- Global Voices မြန်မာ - https://my.globalvoices.org -

ပူစီ ရိုင်းရတ်(ထ်) အားရုံးထုတ်စဉ်အတွင်း စစ်တုရင်မာစတာ ဂယ်ရီ ကက်စပါရော့၏ အဖမ်းခံရမှု

အမျိုးအစားများ: အာ​ရှ​အလယ်​ပိုင်း​နှင့် ကော်​ကေး​ရှဒေသ, ရုရှား, အဇာဘိုင်ဂျန်, အာမေးနီးယား, ဆန္ဒပြခြင်း, နိုင်ငံရေး, ပြည်သူသတင်း, လူ့အခွင့်အရေး, လွတ်လပ်​စွာ​ပြော​ဆိုခွင့်, ဥပဒေ

မီဒီယာများ၌ ပြည့်နှက်နေသော ပူစီ ရိုင်းရတ်(ထ်) ခုံရုံးထုတ်မှုဆိုသည်ထက် ပိုပြီးအံ့အားသင့်စရာ ဖြစ်ခဲ့ရသည်ဆိုလျှင် ဘုရားရှိခိုးကျောင်းတစ်ခု၌ “ပန့်ခ် ဆုတောင်းသူ” အနုပညာတင်ဆက်မှု တရားမဝင် ပြုလုပ်ခဲ့သော အမျိုးသမီးသုံးရောက်အား ထောင်ဒဏ် (၂)နှစ်ချမှတ်ခဲ့သည့် သြဂုတ် ၁၇ ရက်နေ့ အမှုကြားနာနေစဉ်အတွင်း  ထိုအမှုကြားနာခြင်းသို့တက်ရောက်ခဲ့သူ ကော့ကေးရှန်းဖွား စစ်တုရင် မာစတာဟောင်း ဂယ်ရီ ကက်စပါရော့ အဖမ်းခံခဲ့ရသည့် သတင်းပင်ဖြစ်ပါလိမ့်မည်။

အဇာဘိုင်ဂျန် ဘကုမြို့၌ အာမေးနီးယန်းလူမျိုးမိခင်နှင့် ဂျူးလူမျိုးဖခင်တို့မှ မွေးဖွားခဲ့သူ ကယ်စပါရော့သည် သူ၏ဖခင်ဆုံးသွားပြီးနောက်တွင် အာမေးနီးယန်းမိခင်၏ မျိုးရိုးအမည် ဂက်စပါယန်ကို ခံယူခဲ့ပါသည်။ ကယ်စပါရော့နှင့် သူ၏မိသားစုမှာ နာဂေါ်နို-ကရာဘက်ခ်ပဋိပက္ခအတွင်း အာမေးနီးယန်းတို့၏ ဘကုမြို့အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုမှ လွတ်မြောက်သွားခဲ့ပြီး မော်စကို၌  အခြေချနေထိုင်ခဲ့ကြပါသည်။ သူသည် အသက်အငယ်ဆုံး ကမ္ဘာ့စစ်တုရင် ချန်ပီယံ အဖြစ်ဆက်လက်မှတ်တမ်းရှိနေပြီး သမိုင်းတစ်လျှောက်တွင် အကောင်းဆုံး စစ်တုရင်ကစားသမားအဖြစ် သတ်မှတ်ခြင်းခံရသူဖြစ်ပါသည်။

သူအဖမ်းခံရသည့်သတင်းအား ကက်စပါရော့ ဖေ့(စ်)ဘွတ်(ခ်)စာမျက်နှာ [1] ၌ စာမျက်နှာကြီးကြပ်သူများက လွှင့်တင်ခဲ့ကာ သတင်းပျံ့နှံ့ ပြီးသွားသည့်နောက်တွင် လှုပ်ရှားမှုများတိုးပွားလာသည်ကို တွေ့ရပါသည်။

[တည်းဖြတ်သူများ] ဂယ်ရီ ကက်စပါရော့ ဟာ ပူစီရိုင်းရတ်(ထ်)ကို ရုံးတင်စစ်ဆေးနေတဲ့ မော်စကို တရားရုံးရဲ့ အပြင်ဘက်မှာ အဖမ်းခံခဲ့ရပါတယ်။ သူအဲဒီကို သွားခဲ့တာ ဆန္ဒပြဖို့မဟုတ်ဘဲ တက်ရောက်ခွင့်ရဖို့သက်သက်ပါ။ ရဲတွေက သူ့ကိုပိတ်ဖမ်းပြီး ရဲကားထဲကိုဆွဲသွားပါတယ်။ ဒီဓာတ်ပုံထဲမှာ တွေ့ရတာက  ရဲတွေက ကားထဲမှာ တိုက်ခိုက်နေတဲ့ပုံဖြစ်ပါတယ်။ သူအဆင်ပြေမယ်လို့ မျှော်လင့်ပါတယ်။ နောက်ဆုံးရတဲ့သတင်းတွေကိုလည်း ရတာနဲ့ တင်ပေးသွားပါမယ်။

မော်စကိုအခြေစိုက် စာနယ်ဇင်းသမား အော့ဖ် ကိုအန်စ် ရိုက်ကူးထားပြီး ထိုစာမျက်နှာတွင် လွှင့်တင်ထားသည့် အဖမ်းခံရမှု၏ ပထမဆုံးသော ဓာတ်ပုံအား ပုံအညွှန်းနဲ့တကွ တွစ်တာစာတို တင်ခဲ့ပါသည်။

@obk [2] [2] ဒါကတော့ ဂယ်ရီ ကက်စပါရော့ နဲ့ ကားထဲမှာ နပန်းလုံးနေတဲ့ ရဲတွေပဲဖြစ်ပါတယ်။ သူတို့ သူ့ကို ရိုက်များနေကြသလားပဲ။

ပူစီ ရီအိုထ် စီရင်ချက်ကြားနာရာ နေရာအပြင်ဖက် ရဲများ၏ထိန်းသိမ်းခြင်း ခံရပြီးနောက်တွင် တွေ့ရသည့် ဂယ်ရီ ကက်စပါရော့ / ဓာတ်ပုံ –  တွစ်တာမှ အော့ဖ် ကိုအန်စ်

 

သူနှင့်ရင်းနှီးသည့်သူများမှ သူဆန္ဒပြခဲ့သည်ဆိုသော ကောလာဟလကို အလျင်အမြန် ချေဖျက်ခဲ့ကြပါသည်။

ကက်စပါရော့၏ ကိုယ်ရေးအရာရှိ မစ်(ဂ်) ဂရင်းဂတ်(ဒ်)မှ ပထမဦးဆုံး ရှင်းလင်းသည်မှာ

@chessninja [3]  ပူစီ ရီအိုထ် တရားရုံးမှာ  ကက်စပါရော့ အဖမ်းခံရတယ်လို့ အနည်းဆုံး တစ်ယောက်က သတင်းပို့ခဲ့ပါတယ်။ သူဆန္ဒမပြခဲ့ပါဘူး။ အထဲဝင်ဖို့တင်လုပ်ခဲ့တာပါ။

၎င်းစာတို၏ နောက်တွင် လွှင့်တင်ခဲ့သည် စစ်တုရင်မာစတာများ ဖေ့စ်(စ်)ဘွတ်(ခ်)စာမျက်နှာတွင်

[တည်းဖြတ်သူများ] ကျွန်တော်တို့ ဂယ်ရီနဲ့ ဖုန်းပြောပြီးပါပြီ။ သူရဲစခန်းမှာ ရှိနေပါတယ်။ သူအရိုက်ခံရပေမယ့် အိုကေတယ်လို့ပြောပါတယ်။ ဘာဆက်ဖြစ်မယ်ဆိုတာတော့ သူလည်းမသေချာပါဘူး။ ရဲတွေက အထက်အမိန့်ကို စောင့်နေရတဲ့ပုံတော့ရှိပါတယ်။ သူပြောတာက သူဟာ မတ်တပ်ရပ်လျက်နဲ့ပဲ စာနယ်ဇင်းသမားတွေနဲ့ အေးအေးဆေးဆေး စကားပြောနေတုန်း ရဲတွေက ဖမ်းချုပ်ခေါ်သွားတာပါတဲ့။ အားပေးတဲ့သူအားလုံးကို ကျေးဇူးတင်ပါတယ်။

လူအမြောက်အမြားသည် နိုင်ငံရေးတက်ကြွလှုပ်ရှားသူ၊ ပွင့်လင်းစွာ ပူတင်အားဝေဖန်သူ၊ ကရမ်လင် ဆန့်ကျင်သည့် ညွန့်ပေါင်းအဖွဲ့တစ်ခုဖြစ်သည့် “အခြားရုရှား” ဖွဲ့စည်းခြင်းမတွင် ပါဝင်ခဲ့သူ ကက်စပါရော့ အား တွစ်တာကိုသုံး၍ ချီးကျူးခဲ့ကြသည်။

@johnhm5235  [4]  စီအန်ဘီစီ(CNBC) က ကမ္ဘာ့စစ်တုရင်ချန်ပီယံဟောင်း လက်ရှိ ရုရှား(Russia) ဒီမိုကရေစီ ရှေ့ဆောင်ပြောကြားသူ ဂယ်ရီ ကက်စပါရော့။ သူဟာ လွတ်လပ်မှုကို ချစ်မြတ်နိုးသူတွေအတွက် သူရဲကောင်းတစ်ယောက်ပါ။

@RSiljanoski [5]  စိတ်ကူးယဉ်ကြည့်လိုက်စမ်းပါဗျာ ဂယ်ရီ ကက်စပါရော့သာ ရုရှား သမ္မတဖြစ်ခဲ့မယ်ဆိုရင် ရုရှားဟာ ဘယ်လောက်တောင် ထက်မြက်ခန့်ညားတဲ့ နိုင်ငံဖြစ်သွားမလဲလို့။ ပူစီ ရီအိုထ် မိန်းကလေးတွေ ကိုလွှတ် (#FreePussyRiot girls!)။

“အခြားရုရှား” အကြံပြုထားသည့်အရဆိုလျှင် ကက်စပါရော့၏ အဖမ်းခံရမှုနှင့်ပက်သက်၍ လွှင့်တင်ထားသော လုပ်ကြံရေးသားချက် [6] အရ ရုန်းရင်းဆန်ခတ် ဖြစ်နေစဉ်အတွင်း ကက်စပါးရော့သည် ရဲအရာရှိ၏လက်ကို ကိုက်ခဲ့သည်ဟုလည်းကောင်း၊ “ပူတင်မရှိတဲ့ ရုရှား” ကဲ့သို့သော ကြွေးကြော်သံမျိုးလည်း အော်ဟစ်ခဲ့သည်ဟုလည်းကောင်း စွပ်စွဲခံရသည်။ ရုန်းရင်ဆန်ခတ် ဖြစ်နေစဉ်အတွင်း ရိုက်ကူးထားသည့် ဗွီဒီယို [7] တွင် ပါးစပ်ဖြင့်ကိုက်ခြင်း၊ အော်ဟစ်ခြင်း စသည်တို့ကို မြင်လည်းမမြင်နိုင် ကြားလည်းမကြားနိုင်သည့် အတွက် မတူခြားနားသော အဖြစ်အပျက်ကို ဆိုလိုပုံရပါသည်။

ChessBase.com၏ မကြာသေးမီကတင်ထားသော စာတစ်ပုဒ်တွင် [8] တွင်လည်း အခြေအမြစ်မရှိသည့် အချက်အလက်များနှင့် ပတ်သက်ပြီး ငြင်းဆိုထားသည်။

ကျွန်တော်တို့ရဲ့ အဆက်အသွယ်တွေက ပြောတာကတော့ ရဲတွေလာရောက်ဖမ်းဆီးတဲ့အချိန်မှာ သူဟာ တရားရုံးရဲ့ အပြင်မှာ ဗိုဘိုဒါရေဒီယို စာနယ်ဇင်းသများတွေနဲ့ စကားပြောနေတာဖြစ်ပါတယ်တဲ့။ အသက်(၄၉)နှစ်ရှိပြီဖြစ်တဲ့ ကက်စပါရော့ က သူဆန္ဒမပြခဲ့ပါဘူးလို့ ငြင်းဆိုပေမဲ့ ရဲတွေက သူကို ရဲကားထဲသို့ ကြမ်းကြမ်းတမ်းတမ်း ဆွဲခေါ်သွားပြီးနောက်မှာတော့ ဓာတ်ပုံဆရာရဲ့ မှတ်တမ်းမှာပါတဲ့အတိုင်း ရဲတွေရဲ့ ကိုယ်ထိလက်ရောက် ကျူးလွန်ခြင်းကိုခံရပါတယ်။

ယခုသီတင်းပတ်အစောပိုင်းတွင် ကက်စပါရော့ က သူသည် ရုရှား စုံစမ်းစစ်ဆေးရေး ကော်မတီသို့ သွားခဲ့ပြီး ၄င်း၏ “တရားမဝင် အဖမ်းခံရမှု၊ ကိုယ်ထိလက်ရောက် ကျူးလွန်ခံရမှု၊ အသရေဖျက်ခံရမှု” အစရှိသည်တို့နှင့်ပတ်သက်၍ တိုင်ကြားလွှာ တင်ခဲ့ကာ အကိုက်ခံရပါသည်ဟုဆိုထားသည့် ရဲအရာရှိနှင့်လည်း တွေ့ခဲ့သည်ဟု ဖေ့စ်ဘွတ်ခ်ပေါ်ရှိ အားပေးသူများ [9] ကိုပြောသည်။

ကံဆိုးပါတယ်ဗျာ သူနဲ့ လက်ဆွဲနှုတ်ဆက်ဖို့ အချိန်လေးတောင်မရပါဘူး၊ ဒါပေမယ့် သူ့လက်ကတော့ ကောင်းနေတယ်လို့ ကျွန်တော်ထင်ပါတယ်။ … သတင်းအပြည့်အစုံ ကို ဒီညမှာ တင်ပေးပါမယ်။ ဓာတ်ပုံတွေ ဗွီဒီယိုတွေလည်းပါပါမယ်။ ကိုက်တာတွေကို ဘိုက်(byte)တွေနဲ့ ချနေပါတယ်။

ဘီဘီစီ၏ မော်စကို သတင်းထောက် ဒန်နီရယ် စန်ဒ်ဖို့ (Deniel Sandford) က ယနေ့ဖြစ်ပွားခဲ့သော ကက်စပါရော့၏ အမှုကြားနာခြင်းအားအချိန်နှင့်တပြေးညီ တွစ်တာစာတိုပို့ပေးနေသည်ကို ကြည့်ရှုနိုင်ပါသည်။