- Global Voices မြန်မာ - https://my.globalvoices.org -

ဘူ​တန်၊ လျှံ​ပယ်​လာ​သော အမျိုးသမီး​တို့၏ ပါရမီ

အမျိုးအစားများ: တောင်အာရှ, ဘူတန်, ပြည်သူသတင်း, အမျိုးသမီး​နှင့် ကျားမကွဲပြားမှု

ဘူတန်ဘလော့(ဂ်)ရဲ့ စာရေးသူများအဖွဲ့က တန်ဇီနီအက်(စ်)တ [1]က ဘူတန်မှာရှိတဲ့ အမျိုးသမီးတွေရဲ့ လတ်တလောအောင်မြင်မှုတွေကို အောင်ပွဲခံခဲ့ပါတယ်။ ပထမဆုံးအနေနဲ့ အမျိုးသမီး ဒဇွန်ဒါ (အုပ်ချုပ်သူ)တစ်ယောက်ကို ရွေးကောက်တင်မြှောက်ခဲ့ပြီးတော့ ဘူတန်တရားရုံးချုပ်မှာလည်း အသစ်ခန့်အပ်ထားတဲ့ အမျိုးသမီး တရားသူကြီးတစ်ယောက် ရှိနေပါတယ်။ ဘူတန်ရဲ့ အကျင့်ပျက်ခြစားမှုတိုက်ဖျက်ရေးကော်မရှင်ကို အမျိုးသမီးတစ်ယောက်က ဦးဆောင်နေပါတယ်။ ပြီးတော့ ၂၀၁၂ လန်ဒန်အိုလံပစ်မှာ ဘူတန်ကို ဘယ်သူတွေကိုယ်စားပြုခဲ့လဲ မှန်းကြည့်ပါဦး။ ကိုယ်စားပြုသူအကုန်လုံးက အမျိုးသမီးတွေပဲ ဖြစ်ပါတယ်။