အပေါ်မှ ဘာသာစကားများကို သင်တွေ့ပါသလား။ ကျွန်ုပ်တို့သည် ကမ္ဘာ့အသံမှ သတင်းဆောင်းပါးများကို ဘာသာပြန်ခြင်းဖြင့် ကမ္ဘာ့ ပြည်သူသတင်း မီဒီယာကို လူတိုင်း လက်လှမ်းမှီနိုင်အောင် ပြုလုပ်ပါသည်။

ဆက်လက် လေ့လာရန် လင်ဂွါ ဘာသာပြန် စီမံကိန်း  »

အရှေ့တောင်​အာ​ရှ၊ ဘော​လုံး​ပွဲ​အကြောင်း ဘ​လော့​ဂ်​ရေးသား​ခြင်း

Photo from Flickr page of Nhy Nguyen used under CC License Attribution-ShareAlike 2.0 Generic

ဒေသ တွင်း ဘောလုံးပွဲများနှင့် အစီအစဉ်များ၏ သတင်းများနှင့် သင့်တော်သော အကြောင်းအရာများကို ဖော်ပြပေးနေသော ဘောလုံးဘလော့ဂ်များစွာ အရှေ့တောင်အာရှဒေသအတွင်းတွင် ရှိနေပါသည်။ အီးမေးလ်မှတစ်ဆင့်၊ ဗီယက်နမ်ဘောလုံးမှ အဲရစ်ဘွေ့နှင့် ကမ္ဘောဒီးယား ဘောလုံး မှ ချွမ်ရွန်တို့အား အရှေ့တောင်အာရှ၏ ဘောလုံးဘလော့ဂ်ရေးသားခြင်းနှင့်ပတ်သက်ပြီး မေးမြန်းခဲ့ပါသည်။

အဲရစ်ခ်က ဗီယက်နမ်ဘောလုံးသမိုင်းအကျဉ်းကို ရှင်းပြခဲ့သည်။

ဘော လုံးက ဗီယက်နမ်မှာ အာပေးမှုအရဆုံးအားကစားဆိုတာ ငြင်းလို့မရပါဘူး။ ဗီလိဂ်ပြိုင်ပွဲကို ၁၉၈ဝကတည်းက နှစ်တိုင်းလုပ်ခဲ့တာလေ။

ဗီယက်နမ် ကို မြောက်ဗီယက်နမ်နဲ့ တောင်ဗီယက်နမ်ဆိုပြီးခွဲလိုက်တုန်းက နိုင်ငံအသင်းနှစ်သင်းဖြစ်သွားတယ်… ၁၉၇၅မှာ ပြန်ပေါင်းပြီးတဲ့ အခါကျတော့၊ ဗီယက်နမ်ဘောလုံးက အကြာကြီး တုံ့နှေးသွားတယ်။ ၁၉၉၁မှာတော့ ဗီယက်နမ်နိုင်ငံအသင်းက ပထမဆုံး နိုင်ငံတကာပွဲကို ကစားခဲ့ပါတယ်။

အဲ ဒီကတည်းက ဗီယက်နမ်းဘောလုံးက တိုးတက်လာခဲ့တာပါပဲ။ ဗီယက်နမ်လက်ရွေးစင်အသင်ရော၊ ဗီလိဂ်ရောက အခု အာဆီယံဒေသတွင်းက အကောင်းဆုံးတွေထဲမှာ ပါပါတယ်။

ဗီယက်နမ် ဘောလုံးအကြောင်းကိုရေးသော သူ၏အင်္ဂလိပ်ဘလော့ဂ်ကို ပုံမှန်လုပ်ဆောင်ဖြစ်ရန် လှုံ့ဆော်ပေးခဲ့သည့်အကြောင်းအရာကို အဲရစ်ကပြောပြသည်။

ဗီယက်နမ် လိုရေးတဲ့ ဘောလုံးဆိုက်တွေအများကြီး ရှိတာမှန်ပေမဲ့လည်း၊ ပြည်တွင်းဘောလုံးအကြောင်းရေးတဲ့ အင်္ဂလိပ်စာမျက်နှာတွေကတော့ တော်တော်နည်းပါတယ်။ ဒါကကျွန်တော်တို့နိုင်ငံရဲ့ ဘောလုံးအကြောင်းကို တခြားလူတွေ သိစေချင်တဲ့ ရည်ရွယ်ချက်နဲ့ ဗီယက်နမ်ဘောလုံးဘလော့ဂ်ကို စတင်ခဲ့ရတဲ့ အကြောင်းရင်းပါပဲ။ ကျွန်တော့်မှာ ဘောလုံးချစ်သူတွေဖြစ်တဲ့ နိုင်ငံခြားသူငယ်ချင်း တော်တော်များများရှိပါတယ်။ သူတို့က ကျွန်တော့်ကို ဗီယက်နမ်ဘောလုံးနဲ့ ပတ်သက်ပြီး အမြဲမေးခွန်းထုတ်တယ်၊ ဘာလို့လဲဆိုတော့ အချက်အလက်ရှာဖို့က တော်တော်လေးခက်လို့ပဲ။ ဒီအဖြစ်အပျက်ကိုကြည့်ပြီးတော့ ဗီယက်နမ်နဲ့ ကမ္ဘာကြီးကို ဆက်သွယ်ပေးဖို့ အင်္ဂလိပ်လို ဘောလုံးစာမျက်နှာလိုတယ်လို့ ကျွန်တော် တွေးမိတယ်။ ကျွန်တော့်မှာ ဖြစ်ချင်တဲ့ဆန္ဒနဲ့ လုံလောက်တဲ့ ဘောလုံးဗဟုသုတရှိတယ်ဆိုတော့ ဗီယက်နမ်ဘောလုံးအကြောင်း ဘလော့ဂ်ရေးရတာ တကယ်ပျော်ပါတယ်။

 

ချွမ်ရွန်သည် ကမ္ဘောဒီးယား၏ ပထမဆုံး ဘောလုံးအကြောင်း ဘလော့ဂ်ရေးသူဖြစ်သည်။ Cambodia Football Roubroum ဆိုသော သူ့ဘလော့ဂ်မှတစ်ဆင့် ကမ္ဘောဒီးယားရှိ ဘောလုံးပွဲများအကြောင်း မျှဝေလေ့ရှိသည်။

၂ ၀၀၈၊ ဇူလိုင်မှာ ကျွန်တော်ရဲ့ ကိုယ်ရေးကိုယ်တာဘလော့ဂ်ကို စခဲ့တာ။ ရည်ရွယ်ချက်ကတော့ ကမ္ဘောဒီးယားဘောလုံးသတင်းတွေ ဖြန့်ဝေဖို့ပါပဲ။

ကျွန်တော် သတိပြုမိတာက ကျွန်တော်တို့ရဲ့ အိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့ထိုင်းနဲ့ ဗီယက်နမ်မှာ ဘောလုံးအစီအစဉ်တွေက ပိုကောင်းတယ်ဆိုတာပဲ။ ဘောလုံးသမားတွေကလည်း လစာကောင်းတယ်။ ဒါပေမဲ့ ကမ္ဘောဒီးယားမှာတော့ ကစားသမားတွေက အဲလောက်ကြီး အခြေအနေမကောင်းကြဘူး။ အများစုက အလကား ဒါမှမဟုတ် လစာနည်းနည်းလေးနဲ့ပဲ ကစားနေကြတာ။ ဒါပေမဲ့ လွန်ခဲတဲ့ငါးနှစ်အတွင်းမှာ ကျွန်တော်တို့ဘောလုံးအခြအနေက တော်တော်လေး ပြောင်းလဲခဲ့တယ်။ ခုဆိုရင် ဗီယက်နမ်ကုမ္ပဏီတစ်ခုက ထောက်ပံ့ကူညီတဲ့ ကြေးစားပြိုင်ပွဲတစ်ခုရှိနေပြီလေ။

အဲ ရစ်နဲ့ ချွမ်ရွန်တို့က ဒေသတွင်းက တခြားဘောလုံးဘလော့ဂ်တွေနဲ့လည်း ဆက်သွယ်ထားကြပါတယ်။ သူတို့တွေ ညွှန်းတဲ့ ဒေသတွင်းအားကစားသတင်း စာမျက်နှာတွေကတော့ အင်ဒိုနီးရှားနဲ့ စင်္ကာပူအတွက်Jakarta Casual ထိုင်းနိုင်ငံအတွက် Thai Port Football Club ၊စင်္ကာပူအတွက် S-league: Facts & Figures ဖိလစ်ပိုင်အတွက် Filipino Football Soccer Myanmar ၊ မလေးရှားက Foul နဲ့ aseanfootball.org တို့ဖြစ်ပြီး ယင်းဘလော့ဂ်များသည် အခြားပြည်တွင်းစာမျက်နှာများနှင့်လည်း ချိတ်ဆက်ထားသည်။

မလေးရှားမှ Foul အား ထိန်းသိမ်းသော ဟားရက်ရှ် ဒီအိုလ်ကမူ ပြီးခဲ့သောလများက မလေးရှားတွင် အရေးပါသောအကြောင်းအရာဖြစ်ခဲ့သည့် အားကစားအလောင်းအစားအကြောင်း ဆွေးနွေးပြောဆိုသွားခဲ့သည်။

ပါ တီတော်တော်များများက အားကစားလောင်းကြေးထပ်တာကို တရားဝင်လုပ်မယ့်ကိစ္စကို ဆန့်ကျင်ခဲ့ကြတယ်။ လောင်းကစားဆိုတာ လူများစုအတွက်ဖြစ်ဖြစ် လူနည်းစုအတွက်ဖြစ်ဖြစ် မကောင်းပါဘူး။ နိုင်ငံရေးသမားတွေကတော့ ဒီကိစ္စကို သူတို့တွေဘယ်လောက် တည်ကြည်ပြီး ဘာသာရေးကိုင်းရှိုင်းလဲဆိုတာကို ကြွေးကြော်ဖို့ အကောင်းဆုံးခုတုံးအဖြစ် သုံးခဲ့ကြတယ်။ အစိုးရက ဒီအခြေအနေကို ကောင်းကောင်းမွန်မွန်း ရှင်းပြသင့်တာ။

ကျွန်တော် လောင်းကစားမလုပ်ဘူး၊ ဆေးလိပ်မသောက်သလိုပဲပေါ့။ အဲဒါက မကောင်းဘူးဆိုရင် မကောင်းတာပဲ။ ဒါပေမဲ့ ဒီဟာက ကျွန်တော်တို့ရဲ့ ရင်းဂစ်တွေ(စာကြွင်း။   ။မလေးရှားငွေကြေး) ရဲ့စီးဆင်းမှုကို စောင့်ကြည့်နိုင်မယ်ဆိုရင်၊ ပြီးတော့ အစိုးရအတွက် ဝင်ငွေရင်းမြင်တစ်ခုလည်း ဖြစ်လာမယ်ဆိုရင် မလုပ်နိုင်စရာ ဘာအကြောင်းရှိလဲ။

ဒေသ တွင်း ဘောလုံးပွဲများနှင့် အစီအစဉ်များ၏ သတင်းများနှင့် သင့်တော်သော အကြောင်းအရာများကို ဖော်ပြပေးနေသော ဘောလုံးဘလော့ဂ်များစွာ အရှေ့တောင်အာရှဒေသအတွင်းတွင် ရှိနေပါသည်။ အီးမေးလ်မှတစ်ဆင့်၊ ဗီယက်နမ်ဘောလုံးမှ အဲရစ်ဘွေ့နှင့် ကမ္ဘောဒီးယား ဘောလုံး မှ ချွမ်ရွန်တို့အား အရှေ့တောင်အာရှ၏ ဘောလုံးဘလော့ဂ်ရေးသားခြင်းနှင့်ပတ်သက်ပြီး မေးမြန်းခဲ့ပါသည်။

ဆွေးနွေး​ပြောဆို​ခြင်း​ကို စတင်​ရန်

စာရေး​သူ​များ၊ ကျေးဇူးပြု​၍ ဝင်​ရန် »

လမ်း​ညွှန်​ချက်​များ

  • မှတ်ချက်​များ​အားလုံး​ကို ကြီးကြပ်​သူ​တစ်​ဦး​က ဖတ်​ရှု​စစ်ဆေး​ပါ​သည်။. မှတ်ချက်​များ​ကို တစ်​ကြိမ်​ထက် ပို​မ​ပေး​ပါ​နှင့်၊ မဟုတ်​လျှင် မ​လို​အပ်​သော​စာ​အဖြစ် သတ်​မှတ်​ခြင်း​ခံ​ရ​ပါ​မည်။.
  • အခြား​သူ​များ​ကို လေး​လေးစား​စား ဆက်ဆံ​ပေး​ပါ။. လူ​မျိုး​ရေ၊ ဘာသာ​ရေး​နှင့် လိင်​ပိုင်း​ဆိုင်​ရာ တိုက်ခိုက်​မှု​များ​ပါဝင်​သည့် မှတ်ချက်​များ​ကို အတည်ပြု​ပေး​လိမ့်​မည် မဟုတ်​ပါ။.