- Global Voices မြန်မာ - https://my.globalvoices.org -

၁​ဝ​ရက်၊ ​၁​ဝ​လ၊ ​၁​ဝ​ခု​နှစ်​အတွက် ကမ္ဘာ​မြေ​ရဲ့ ရက်​တစ်​ရက်

အမျိုးအစားများ: မြောက်အမေရိက, အမေရိကန်ပြည်ထောင်စု, ဒစ်​ဂျစ်​တက်တက်​ကြွ​လှုပ်​ရှားမှု, ရုပ်ရှင်, အနုပညာနှင့် လူ့ယဉ်ကျေးမှု, Popular Post

[1]ကမ္ဘာမြေရဲ့ ရက်တစ်ရက် [2] စီမံကိန်းစရန် တစ်ရက်သာ လိုတော့သည်၊ ထိုနေ့တွင် ကမ္ဘာတစ်ဝန်းမှ လူများသည် ဗီဒီယိုရိုက်ကူးကြမည်ဖြစ်ပြီး၊ သူတို့ထံသို့ ပို့ကြလိမ့်မည်။ ပြီးလျှင် လူသားမျိုးနွယ်၏ လျှပ်တစ်ပြက်ဘဝကို ကိုယ်စားပြုသော သတင်းကားတိုနှင့် အတွေ့အကြုံ၏ တစ်စိတ်တစ်ပိုင်း ဖြစ်လာပေလိမ့်မည်။

ယင်းအတွေ့အကြုံ၏ တစ်စိတ်တစ်ပိုင်းအဖြစ်ပါဝင်ရန် ကမ္ဘာတစ်လွှားမှ လူအများစုက မှတ်ပုံတင် [3]ခဲ့ကြသည်။ ထို့အပြင် မိဘလောင်းလျာများ [4]မင်္ဂလာဧည့်ခံပွဲများ [5]မှသည် ဆရာ၊ဆရာမများ [6] အစရှိသည် အဖြစ်အပျက်များပါဝင်သော အုပ်စုနှင့် လူမှုအသိုင်းအဝိုင်း ၄၉၅အုပ်စု၊ သို့မဟုတ် နိုင်ငံတစ်နိုင်ငံ၊ နေရာတစ်ခုနှင့်သက်ဆိုင်သော အုပ်စုတစ်ခုခုအား တည်ထောင်ခြင်း၊ သို့မဟုတ်၊ ပါဝင်ခြင်းများ ပြုလုပ်ကြသည်။ လူတစ်သောင်းနှင့်အထက်သည် မှတ်ပုံတင်ပြီး ဖြစ်သော်လည်း၊ ဤအဖြစ်အပျက်အတွက် ပါဝင်သူနည်းနေသေးသော နိုင်ငံအချို့လည်း ရှိနေသေးသည်။ ထို့ကြောင့် စီစဉ်သူများက အတွေ့အကြုံ၏ တစ်စိတ်တစ်ပိုင်းအဖြစ် ဤနိုင်ငံများ [7]တွင် နေထိုင်သူတစ်ယောက်ယောက်ကိုယ်တိုင်ပါဝင်ရန် သို့မဟုတ် ထိုသူများကို ဖိတ်ခေါ်ပေးရန် နှိုးဆော်ထားသည်။

၎င်းတို့၏ မြှင့်တင်ရေး ဗီဒီယို [8]သည် ယင်းတစ်နေ့တာ သတင်းကားတို၏ နမူနာပုံစံငယ် ဖြစ်ဟန်ရှိပါသည်။ ထို့ပြင် ဤရိုက်ချက်များအားလုံးကို တည်းဖြတ်ရမည့် လုပ်ငန်းစဉ်ကို မြင်ယောင်ကြည့်မည်ဆိုလျှင်

ထိုအစီအစဉ်တွင် ပါဝင်ရန် ယခုအထိ မှတ်ပုံတင်နိုင်သေးသည်၊ ထို့ပြင် မိုးရှင်းဂရပ်ဖာ [9] ဘလော့ဂ်မှ မတ်လမ်းဘာ့တ်က ရလဒ်များကို ကောင်းစွာ ပေါင်းပေးခဲ့သည်။

ဒီ စီမံကိန်းရဲ့ ရလဒ်က အကုန်လုံးမျှဝေနိုင်တဲ့ ဗီဒီယိုတစ်ခုဖြစ်လာမှာပါ။ ပါထားတဲ့သူတွေက ဖန်တီးရေးနဲ့ ပညာရေးဆိုင်ရာ ရည်ရွယ်ချက်တွေအတွက် ငွေကြေးနဲ့ဆိုင်တာမပါဘဲ သုံးနိုင်မယ့် ဒေါင်းလုပ်ချခွင့်ရှိတဲ့ သတင်းကာတို၊ ရုပ်ရှင်ရိုက်တဲ့ အသိုင်းအဝန်းနဲ့ ဒီတစ်ကမ္ဘာလုံးဆိုင်ရာ ဘုံဖြစ်ရပ်ရဲ့ အသိအအမှတ်ပြုတာကို လိုချင်တဲ့ နိုင်ငံသားတွေအတွက်လည်း အထူးရုပ်ရှင်ဆိုပြီး ဖြစ်လာပါလိမ့်မယ်။

သို့သော်လည်း ဤဗီဒီယိုနောက်တစ်ပိုင်းအရ [10] ထိုဗဟုသုတပွဲရတနာ သိုက်ကြီအား  ကြည့်နိုင်ရန် သင်သည် ၁ဝရက်၊ ၁ဝလ၊ ၁ဝခုနှစ်တွင် တစ်မိနစ်စာဗီဒီယိုတစ်ခုကို တင်ရပေမည်။ ထို့ကြောင့် အခွင့်အရေးကို လက်လွတ်မခံပါနှင့်။

ကမ္ဘာမြေရဲ့ ရက်တစ်ရက်ဆိုတာ ဘာလဲ [11]