သတင်းဆောင်းပါးများ တောင်အာရှ from ဇွန်, 2014
မော်(လ်)ဒိုက်(ဗ်)မှ လိင်တူချစ်သူ နိုင်ငံရေးခိုလှုံခွင့် လျှောက်ထားခဲ့သူသည် ပြန်အလာတွင် ဖမ်းဆီးချုပ်နှောင်ခံခဲ့ရခြင်း
ရှရီးယားဥပဒေအရ လိင်တူချင်း ချစ်ကြိုက်ခြင်း၊ ပေါင်းသင်းနေထိုင်ခြင်း သို့မဟုတ် လက်မထပ်ဘဲ အတူနေခြင်းအားလုံးသည် မော်(လ်)ဒိုက်(ဗ်)တွင် တရားမဝင်ပေ။ လိင်တူချစ်သူများအား ဖမ်းဆီးဖိနှိပ်သည့် အမှုများလည်း များစွာရှိခဲ့သည်။ သမ္မတရုံးမှ ပြောရေးဆိုခွင့်ရှိသူ အီဘရာဟင် မူအက်(ဇ်)က ဘာသာရေးအရဖြစ်စေ၊ လိင်ပိုင်းဆိုင်ရာ အရဖြစ်စေ နိုင်ငံရပ်ခြားတွင် နိုင်ငံရေးခိုလှုံခွင့် လျှောက်ထားသူ မော်(လ်)ဒိုက်(ဗ်)လူမျိုးများသည် ပြန်လာခဲ့လျှင် ဖမ်းဆီးဖိနှပ်ခြင်း ခံရမည်မှာ သေချာကြောင်းကို လတ်တလော ပြောဆိုထားသည်။...
တက္ကသိုလ်ကျောင်းသားတစ်ဦး မိမိကိုယ်ကိုယ် သေကြောင်းကြံစည်မည့် မှတ်စုတစ်ခု ဖေ့စ်ဘုတ်ခ်တွင်တင်၊ သူငယ်ချင်းများက အချိန်မီ မကယ်ဆယ်နိုင်ခဲ့
မိမိကိုယ်ကိုယ်သေကြောင်းကြံစည်မှုသည် ဘင်္ဂလားဒေ့ရှ်တွင် ကာလရှည်ကြာရှိခဲ့သော လူမှုပြသနာတစ်ခု ဖြစ်ကာ ကမ္ဘာတစ်ဝှမ်းမှ တင်ပြချက်များအရ နှစ်စဉ်သေဆုံးမှု၏ ၂.၀၆ ရာခိုင်နှုန်းရှိသည်။ ဒါကာတက္ကသိုလ်မှ ကျောင်းသားတစ်ဦးဖြစ်သူ မာဘဘ်ရှဟာန်းက မိမိကိုယ်ကို သေကြောင်းကြံစည်မည့်ပို့စ်တစ်ခုကို ၂၀၁၄ ဇွန်လ ၂ ရက်၊ ည ၇ နာရီ ၈ မိနစ်တွင်တင်ခဲ့သည်။ သူရေးခဲ့သည်မှာ - I am lying on...