သတင်းဆောင်းပါးများ တောင်အာရှ from ဩဂုတ်, 2012
ဘူတန်၊ လျှံပယ်လာသော အမျိုးသမီးတို့၏ ပါရမီ
ဘူတန်ဘလော့(ဂ်)ရဲ့ စာရေးသူများအဖွဲ့က တန်ဇီနီအက်(စ်)တက ဘူတန်မှာရှိတဲ့ အမျိုးသမီးတွေရဲ့ လတ်တလောအောင်မြင်မှုတွေကို အောင်ပွဲခံခဲ့ပါတယ်။ ပထမဆုံးအနေနဲ့ အမျိုးသမီး ဒဇွန်ဒါ (အုပ်ချုပ်သူ)တစ်ယောက်ကို ရွေးကောက်တင်မြှောက်ခဲ့ပြီးတော့ ဘူတန်တရားရုံးချုပ်မှာလည်း အသစ်ခန့်အပ်ထားတဲ့ အမျိုးသမီး တရားသူကြီးတစ်ယောက် ရှိနေပါတယ်။ ဘူတန်ရဲ့ အကျင့်ပျက်ခြစားမှုတိုက်ဖျက်ရေးကော်မရှင်ကို အမျိုးသမီးတစ်ယောက်က ဦးဆောင်နေပါတယ်။ ပြီးတော့ ၂၀၁၂ လန်ဒန်အိုလံပစ်မှာ ဘူတန်ကို ဘယ်သူတွေကိုယ်စားပြုခဲ့လဲ မှန်းကြည့်ပါဦး။ ကိုယ်စားပြုသူအကုန်လုံးက အမျိုးသမီးတွေပဲ ဖြစ်ပါတယ်။
သီရိလင်္ကာ၊ ကျောင်းစာမေးပွဲစနစ်အား ပြန်လည်သုံးသပ်ရန် အချိန်ရောက်ရှိ
Serendipity[en] က သီရိလင်္ကာမှာရှိတဲ့ ကျောင်းစာမေးပွဲစနစ်ရဲ့ အားထားရဖွယ်မရှိတဲ့အကြောင်းကို မေးခွန်းထုတ်ခဲ့ပြီး အဲဒီကိစ္စက နိုင်ငံရဲ့ အလုပ်လက်မဲ့နှုန်းတိုးတက်မှုအပေါ် ဘယ်လောက်ထိသက်ရောက်မှုရှိနေတယ်ဆိုတာက ဆက်စပ်ပြခဲ့ပါတယ်။