သတင်းဆောင်းပါးများ about အာရှ
မလေးရှား၊ ဆန္ဒပြပြီးနောက်တွင် ဝက်(ဘ်)ဆင်ဆာဥပဒေကို သုံးသပ်ရန် မလေးရှားအစိုးရ ကတိပြု
နက်တီဇင်တွေစုစည်းခဲ့တဲ့ အွန်လိုင်းဆန္ဒပြမှုကို တုံ့ပြန်တဲ့အနေနဲ့၊ ဝေဖန်သူတွေက နိုင်ငံထဲက အင်တာနက်လွတ်လပ်ခွင့်ကို ကန့်သတ်တယ်လို့ပြောကြတဲ့ အငြင်းပွားဖွယ် ဥပဒေပြင်ဆင်ချက်ကို မလေးရှားအစိုးရက ပြန်လည်သုံးသပ်မယ်လို့ ဆိုပါတယ်။
ထိုင်ဝမ်နိုင်ငံရဲ့ အလံဘယ်မှာလဲ
ဟောင်ကောင်၊ ထိုင်ဝမ်နှင့် မကာအိုက တက်ကြွလှု့ပ်ရှားသူတွေက ဩဂုတ်၁၅ရက်နေ့က သောက်ရွီးကျွန်းကို ရောက်ရှိလာပါတယ်။ တရုတ်ပြည်မကြီးက မီဒီယာတွေက အငြင်းပွားဖွယ်ကျွန်းကို တရုတ်ရဲ့မြေပိုင်နက်အဖြစ် သတ်မှတ်တာကို ရေးသားတင်ပြနေကြပြီး ထိုင်ဝမ်နိုင်ငံရဲ့အလံက သတင်းဌာနတော်တော်များများမှာ ပျောက်ကွယ်နေပါတယ်။ တရုတ်မီဒီယာစီမံကိန်းက အဲဒီသတင်းကို မီးမောင်းထိုး[en]ပြခဲ့ပါတယ်။
မြန်မာ၊ ရိုဟင်ဂျာဘက်သို့ မီဒီယာများဘက်လိုက်မှုကို ပြောဆိုခြင်း
နိုင်ငံရဲ့ အနောက်ပိုင်းမှာ နေထိုင်ကြတဲ့ ရိုဟင်ဂျာတွေနဲ့ ပတ်သက်ပြီး မြန်မာပြည်မှာ အမြင်အမျိုးမျိုးကွဲပြားနေပါတယ်။ လူအခွင့်အရေးအုပ်စုတွေက ရိုဟင်ဂျာတွေနှင့် ရခိုင်လူမျိုးတွေကို အကြမ်းဖက်မှုတွေကို အပြစ်တင်ခဲ့ပါတယ်။ ဒါပေမဲ့ မြန်မာနက်တီဇင်အချို့က နိုင်ငံတကာသတင်းကွန်ယက်တွေက နိုင်ငံရဲ့အခြေအနေကို မှားယွင်းဖော်ပြနေတယ်လို့ ယုံကြည်ကြပါတယ်။
တောင်အာရှ၊ ရေကိစ္စနှင့် ပတ်သက်၍ ဘလော့ဂ်ရေးသူများ ဆွေးနွေးချက်
တောင်အာရှဘလော့ဂ်ရေးသူများစွာသည် “ရေ”ကို အသားပေးသော ၂၀၁၀ ဘလော့ဂ်လှုပ်ရှားမှုနေတွင် ပါဝင်ခဲ့ကြသည်။ ၎င်းတို့ မည်သို့ဆွေးနွေးခဲ့သည်ကို လေ့လာကြည့်ကြပါစို့။
အရှေ့တောင်အာရှ၊ ဘောလုံးပွဲအကြောင်း ဘလော့ဂ်ရေးသားခြင်း
ဒေသတွင်း ဘောလုံးပွဲများနှင့် အစီအစဉ်များ၏ သတင်းများနှင့် သင့်တော်သော အကြောင်းအရာများကို ဖော်ပြပေးနေသော ဘောလုံးဘလော့ဂ်များစွာ အရှေ့တောင်အာရှဒေသအတွင်းတွင် ရှိနေပါသည်။ ဗီယက်နမ်နှင့် ကမ္ဘောဒီးယားအား အသားပေးဖော်ပြထားသော အရှေ့တောင်အာရှရှိ ဘောလုံးဘလော့ဂ်များစာရင်းကို ဖတ်ရှုနိုင်ပါသည်။