သတင်းဆောင်းပါးများ အရှေ့အလယ်ပိုင်းနှင့် မြောက်အာဖရိက from နိုဝင်ဘာ, 2012
ဆန္ဒပြနေသော မိခင်များအား တူရကီရဲအရာရှိများကမျက်ရည်ယိုဗုံးများဖြင့် အသုံးပြုတိုက်ခိုက်
ကာဒစ်(ရှ်) နိုင်ငံရေးအကျဉ်းသားတွေရဲ့ အစာငတ်ခံ သပိတ်မှောက်မှုက ၅၅ရက်တိုင် ကြာမြင့်ခဲ့ပါပြီ။ တူရကီနိုင်ငံမှာ ရာနဲ့ချီတဲ့ နိုင်ငံရေးအကျဉ်းသားတွေက အစာငတ်ခံ သပိတ်မှောက်ခဲ့ကြပြီး အဲဒီလို ဆန္ဒပြမှုက ဥရောပတိုက်တစ်ဝန်းနဲ့ အထူးသဖြင့် တူရကီနိုင်ငံမှာ စုပေါင်းဆန္ဒထုတ်ဖော်မှုတွေဆီ ဦးတည်ခဲ့ပါတယ်။ မနေ့က [နိုဝင်ဘာ၄၊၂၀၁၂] မနက်ပိုင်းမှာ အကျဉ်းသားအချို့ရဲ့ အမေတွေ လာရောက်စုဝေးပြီး ဆန္ဒထုတ်ဖော်နေခဲ့တာ မျက်ရည်ယိုဗုံးတွေနဲ့ ပစ်ခတ်နှိမ်နင်းတာခံခဲ့ရသလိုရေသံဗူးများနဲ့ သူတို့အပေါ် တိုက်ရိုက်ပက်ဖျန်းခြင်းလည်း ခံခဲ့ရပါတယ်။ တစ်ကမ္ဘာလုံးမှာရှိတဲ့ ကာ့(ဒ်)လူမျိုးတွေက သူတို့ရဲ့ လှုပ်ရှားမှုအရေးကို လူတွေတိတ်ဆိတ်နေကြတာနဲ့ ဆန့်ကျင်ပြီး ထုတ်ဖော်ြပောဆိုခဲ့ကြပါတယ်။
မော်ရီတေးနီးယား၊ မြေပြိုမှုကြောင့် လူပေါင်းများစွာ အိမ်ခြေရာမဲ့ဖြစ်
အခုတလော မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဖြစ်ပွားခဲ့တဲ့ မြေပြိုမှုတွေကြောင့် မော်ရီတေးနီးယားဒေသတွေမှာ ရာနဲ့ချီတဲ့ မိသားစုတွေဟာ ဇူလိုင်လ အကုန်က အိမ်ခြေရာမဲ့ဖြစ်ခဲ့ပါတယ်။ မြေပြိုမှုကြောင့် မြို့သူမြို့သားတွေရဲ့ အိုးအိမ်တွေ ပျက်စီးပြီးနောက်မှာ ကာအယ်ဒီ (မော်ရီတေးနီးယား တောင်ဘက်)၊ မက်(ခ်)တာအာ လာဂျာနှင့် အလက်(ဂ်) (မော်ရီတေးနီးယား အလယ်ပိုင်း) နဲ့ နေမာ (မော်ရီတေးနီးယား အရှေ့ပိုင်း)မှာရှိတဲ့ ရာနဲ့ချီတဲ့ အိမ်ထောင်စုတွေဟာ အိမ်အမိုးတွေ မရှိတော့ဘဲ အိမ်ရာ ဆုံးရှုံးခဲ့ရပါတယ်။ အာမက် ဂျယ်ဒိုက ဘာတွေဖြစ်ခဲ့တာလဲဆိုတာနဲ့ ပြောဆိုကြတာတွေကို စုစည်းတင်ပြထားတာပါ။