သတင်းဆောင်းပါးများ အရှေ့အလယ်ပိုင်းနှင့် မြောက်အာဖရိက from စက်တင်ဘာ, 2012
ဂျော်ဒန်၊ လွှတ်တော်က အင်တာနက် ကန့်သတ်ချက်များကို အတည်ပြုလိုက်၍ ညည်းတွားမြည်တွန်သောနေ့
ဒီနေ့[၂၀၁၂၊ စက်တင်ဘာ (၁၂)ရက်နေ့]မှာ အင်တာနက်လွတ်လပ်ခွင့်သေဆုံးတာကို ဝမ်းနည်းကြောင်း ထုတ်ဖော်ဖို့ လွှတ်တော်အပြင်ဘက်မှာ ဈာပနာအခမ်းအနားအတုတစ်ခုကို ဂျော်ဒန်လူမျိုး ကွန်ယက်နိုင်ငံသားတွေက ကျင်းပခဲ့ပါတယ်။ လွှတ်တော်ထဲမှာတော့ ကိုယ်စားလှယ်တွေက လွတ်လပ်စွာထုတ်ဖော်ခွင့်ကို ရပ်တန့်ပစ်မယ့် ပုံနှိပ်ထုတ်ဝေရေးဥပဒေအသစ်ကို အတည်ပြုလိုက်ပါတယ်။
လစ်ဗျား၊ စိတ်မကောင်းပါဘူး ခရစ်(စ်)ရယ် ၊ ဘန်ဟာဇီက မင်းကို အကာအကွယ် မပေးနိုင်ခဲ့ဘူး
သံတမန် ခရစ္စတိုဖာ စတီဗင်(စ်)အပါအဝင် အမေရိကန်လူမျိုး လေးယောက်အသတ်ခံရတဲ့ အမေရိကန်ကောင်စစ်ဝန်ရုံးအတိုက်ခံရတဲ့အပေါ်မှာ ဆန္ဒပြဖို့ စက်တင်ဘာ (၁၂)ရက်နေ့က ဘန်ဟာဇီက အယ်(လ်)ရှာဂျာရာ ရင်ပြင်မှာ လစ်ဗျားလူမျိုး လူတစ်စု စုရုံးခဲ့ကြပါတယ်။
အီရန်အမျိုးသမီးများ၊ ၁၉၇၉ကစသော ဟီဂျပ်ခေါင်းဆောင်း မဆောင်းမနေရဥပဒေကို ဆန့်ကျင်ခြင်း
အီရန်မှာ ခေါင်းဆောင်းတွေ မဝတ်မနေရဝတ်ရတာကို အဆုံးသတ်ဖို့ တောင်းဆိုတဲ့ အီရန်ကျောင်းသားတွေရဲ့ ဖေ့(စ်)ဘွတ်(ခ်)လှုပ်ရှားမှု့ကို လူပေါင်း (၂၆၀၀၀)ကျော်က ဆက်သွယ်ပါဝင်ကြပါတယ်။ အီရန်အမျိုးသမီးတွေ ဆန္ဒပြလာတာ ဆယ်စုနှစ်သုံးခုရှိပါပြီ၊ ဒါပေမဲ့ လူမြင်ကွင်းမှာ လုံခြုံရေးအင်အားတွေက အရှက်ရအောင် ထိန်းသိမ်းတာ ခံနေရတုန်းပါပဲ။
အီဂျစ်၊ တွစ်တာစာတိုပို့နေသော သမ္မတ
အီဂျစ်လူမျိုး သမ္မတ မိုဟာမက် မော်စီ ဒီနေ့ညမှာ သူ့ရဲ့ဖွင့်ထားပြီးသား အကောင့်ကနေ တရားဝင်[en] တွစ်တာစာတိုပို့ခြင်းကို စတင်လိုက်ပါတယ်။ လိုက်ကြည့်သူပေါင်း ၁၆၂၀၀၀ရထားပြီးဖြစ်တဲ့ အဲဒီအကောင့်ကို တွစ်တာကလည်း ဒီနေ့ပဲ အကောင့်အစစ်အနေနဲ့ သတ်မှတ်ပေးလိုက်ပါတယ်။ သူရဲ့ပထမဆုံး တွစ်တာစာတို[en]ကတော့၊ ပထမဆုံးတွစ်တာစာတိုကို #jan25 (ဇန်၂၅) တော်လှန်ရေးနဲ့ ရဲရင့်တဲ့ #syrians (ဆီးရီးယားလူမျိုးတွေ)အတွက် အထူးပြုချင်တယ်… မိုဟာမက် #Morsi (မော်စီ)...
အာဖရိကအတွင်း တရုတ်လက်နက်များ အလွန်အမင်းများပြားနေ
အာဖရိကမှာရှိတဲ့ တရုတ်က ဒီဘိုရာ ဘရောတီဂမ်က အာဖရိကနိုင်ငံတွေကို တင်သွင်းတဲ့ တရုတ်လက်နက်တွေအကြောင်း နောက်ခံအချက်အလက်တွေကို ဖော်ပြသွားပြီးတော့ လက်နက်ရောင်းဝယ်ဖောက်ကားမှုရဲ့ အဓိကအပိုင်းက ပုဂ္ဂလိကနယ်ပယ်ကဖြစ်တယ်လို့ ရှင်းပြသွားပါတယ်။ လူတိုင်းသိတဲ့ လစ်ဗျားကိစ္စမှာ ကျွန်တော်တို့ တွေ့ခဲ့ရသလိုပဲ သူတို့ကိုယ်ပိုင် စာရင်းဇယားတွေနဲ့ တရုတ်ကုမ္ပဏီတွေက “ကမ္ဘာ့အနှံခြေဆန့်”နေပြီးတော့ လက်နက်တင်ပို့ရေး ဆုံးဖြတ်ချက်တွေနဲ့ ရောင်းချရေးတွေကို လုပ်နေပုံပါပဲ။
မော်ရိုကို၊ ရမန်ဒန်တွင် အစားစားသူအား ထောင်ဒဏ်ချမှတ်
ရာဘတ်မြို့မှာရှိတဲ့ တရားရုံးက မူဆလင်တွေရဲ့ ရာမဒန်ဥပုသ်လအတွင်းမှာ လူအများရှေ့ အစာရှောင်ဖို့ ပျက်ကွက်ခဲ့တဲ့အတွက် လူငယ်တစ်ယောက်ကို ထောင်သုံးလချလိုက်ပါတယ်။ “[တစ်ဦးချင်းစီရဲ့ လွတ်လပ်ခွင့်]၊ မဝေးတော့တဲ့ အနာဂတ်မှာ အကာအကွယ်ရဖို့ မျှော်လင့်လို့ မရတဲ့ အခွင့်အရေး” လို့ သတင်းပို့သူ ယာဘီလာဒီ[fr]က ဝမ်းနည်းစွာဆိုပါတယ်။
ယီမင်၊ လုံခြုံသောလမ်းများ လှုပ်ရှားမှု၏ ပထမဆုံး စာအုပ်
ယီမင်လူမျိုးတွေရဲ့ လမ်းပေါ်က အနှောင့်အယှက်တွေကို ဆန့်ကျင်တဲ့ လုံခြုံသောလမ်းများ လှုပ်ရှားမှုက သူတို့ရဲ့ ဖေ့(စ်)ဘွတ်(ခ်)စာမျက်နှာပေါ်မှာ နိုင်ငံတွင်းမှာ လိင်အကြမ်းဖက်နှောင့်ယှက်မှုတွေကို တားဆီးဖို့ စာအုပ်အသစ်တစ်အုပ်ထုတ်တဲ့အကြောင်းကို တင်ထားပါတယ်။