အပေါ်မှ ဘာသာစကားများကို သင်တွေ့ပါသလား။ ကျွန်ုပ်တို့သည် ကမ္ဘာ့အသံမှ သတင်းဆောင်းပါးများကို ဘာသာပြန်ခြင်းဖြင့် ကမ္ဘာ့ ပြည်သူသတင်း မီဒီယာကို လူတိုင်း လက်လှမ်းမှီနိုင်အောင် ပြုလုပ်ပါသည်။

ဆက်လက် လေ့လာရန် လင်ဂွါ ဘာသာပြန် စီမံကိန်း  »

· စက်တင်ဘာ, 2012

သတင်းဆောင်းပါးများ လက်တင်အမေရိက from စက်တင်ဘာ, 2012

ပီ​ရူး၊ အို​တူ​ဇ​ကို​အတွက် အကူ​ညီ​ပေး​ရန် လူ​ငယ်​များ စုစည်း

  14 စက်တင်ဘာ 2012

ကမ္ဘာ့အသံရဲ့ ပါဝင်ပံ့ပိုးသူတစ်ဦးဖြစ်တဲ့ ဂယ်ဘီရီလာ ဂါစီယာ ကယ်(လ်)ဒရွန်က သူတူတော်သူက ပီရူးနိုင်ငံမြောက်ပိုင်း အိုတူဇကိုဒေသမှာရှိတဲ့ လူအစုအဝေးသုံးခုကို အကူအညီတွေယူသွားပေးဖို့ စတင်တဲ့ လှုပ်ရှားမှုအကြောင်းကို ဘလော့(ဂ်)ရေးထား[es]ပါတယ်။ ဒီတခုတ်တရမှတ်သားသင်တဲ့ စတင်လှုပ်ရှားမှုမှာ စေတနာ့ဝန်ထမ်းအနေနဲ့ပါဝင်နေတဲ့ လူငယ်အုပ်စုလေးက ဘယ်ထောက်ပံ့မျိုးမှ မပါဘဲ သူတို့ဘာသာလှုပ်ရှားနေတဲ့အကြောင်းကိုလည်း ထောက်ပြခဲ့ပါတယ်။

ဘ​ရာ​ဇီး၊ ဆင်ခြေဖုံး​ဒေသ​များ​တွင် လူထု​အခြေ​ပြု သ​တင်း​အချက်အလက်​များ အား​ကောင်း

  13 စက်တင်ဘာ 2012

ခုတလောမှာ ဆော်ပိုလို ဆင်ခြေဖုံးဒေသတွေမှာ မွှေနှောက်ဖျက်ဆီးတဲ့ မီးလောင်မှုတွေဖြစ်ပွားပြီး[Pt] မြေရာဈေးနှုန်းတွေက မိုးထိမြင့်တက်နေတဲ့အချိန်မှာ လူထောင်ပေါင်းများစွာ အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ပါတယ်။ နောက်ဆုံးမီးလောင်မှု[en]ပြီးတဲ့နောက်မှာတော့ လူ၁⁠၁၀၀ကျော်က အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ပါတယ်။ ဆော်ပိုလိုဒေသခံတချို့က အချက်အလက်တွေကို လူထုအခြေပြုစုဆောင်းဖို့ နဲ့ လွန်ခဲ့တဲ့ရှစ်နှစ်က အဖြစ်အပျက်အခြေအနေတွေကို ခွဲခြမ်းစိတ်ဖြာလေ့လာဖို့ အများပိုင် စာရင်းဇယားတစ်ခုကို အသုံးပြုနေကြပါတယ်။

ဘို​လီး​ဗီး​ယား၊ လာ​ပတ်(ဇ်)တွင် ရေ​ဒီ​ယို​သတ္တိ​ကြွ ယူ​ရေ​နီ​ယမ်​များ ဖမ်းဆီး​ရမိ

  9 စက်တင်ဘာ 2012

'@renanjustiniano၊ မနေ့​က​တွေ့​ခဲ့​တဲ့ ဓာတ်​သတ္တု​တွေ​သာ #uranio (ယူ​ရေ​နီ​ယမ်) ဖြစ်​နိုင်​တယ်​ဆို​ရင် ပထမ​ဆုံး​လုပ်​ရ​မှာ​က ရေ​ဒီ​ယို​သတ္တြွိ​က၊ မ​ကြွ​ကို စမ်းသပ်​ရ​မှာ၊ သ​တင်း​ထောက်​တွေ​ဆီ သ​တင်း​ထုတ်ပြ​ရ​မှာ မဟုတ်​ဘူး။' ၂​ဝ​၁​၂ ခု​နှစ် သြ​ဂုတ်​လ (၂​၈) ရက်​နေ့​မှာ ဘို​လီး​ဗီး​ယန်း​တာဝန်ရှိ​သူ​များ​က ယူ​ရေ​နီ​ယမ် ဒါ​မှ​မဟုတ် ရေ​ဒီ​ယို​သတ္တိ​ကြွ​ဓာတ်​သတ္တု​တွေ​လို့ ယူဆ​ရ​တဲ့ သတ္တု( ၂) တန်​ကို ဖမ်းဆီး​ရ​ရှိ​ခဲ့​ပါ​တယ်။ ရေ​ဒီ​ယို​သတ္တြွိ​က​ပစ္စည်း​များ​ဖြစ်​နိုင်​တယ်​ဆို​တဲ့ သံသယ​ကတော့ ရှင်း​ရှင်းလင်း​လင်း မ​ရှိ​ခဲ့ပါဘူး။

ဘရာဇီး၊ (၁၃)နှစ်သမီးက ဖေ့(စ်)ဘွတ်(ခ်)ပေါ်တွင် ကျောင်းမှ ပြဿနာများကို ထုတ်ဖော်

  5 စက်တင်ဘာ 2012

ဘရာဇီးနိုင်ငံ ဆန်တာ ကာတာရီနာမြို့က (၁၃)နှစ်သမီး အီဆာဒိုရာ ဖေဘာဖန်တီးထားတဲ့ ဒီယာရီအို ဒယ် ကလယ်စီ [pt]လို့ခေါ်တဲ့ ဖေ့(စ်)ဘွတ်(ခ်)စာမျက်နှာက ကြိုက်သူပေါင်း (၁၇၆၀၀၀) ရရှိသွားပါပြီ။ အစိုးရကျောင်းတွေရဲ့ အမှန်တရားကို ထုတ်ပြဖို့ ရည်ရွယ်ပြီး အီဆာဒိုရာက သူ့ကျောင်းမှာ ပြင်ဖို့လိုတဲ့ နေရာတွေနဲ့ တခြားအထွေထွေပြဿနာတွေအကြောင်း သတင်းပို့ခဲ့ပါတယ်။