သတင်းဆောင်းပါးများ လက်တင်အမေရိက
ဘိုလီးဗီးယား၊ လာပတ်(ဇ်)တွင် ရေဒီယိုသတ္တိကြွ ယူရေနီယမ်များ ဖမ်းဆီးရမိ
'@renanjustiniano၊ မနေ့ကတွေ့ခဲ့တဲ့ ဓာတ်သတ္တုတွေသာ #uranio (ယူရေနီယမ်) ဖြစ်နိုင်တယ်ဆိုရင် ပထမဆုံးလုပ်ရမှာက ရေဒီယိုသတ္တြွိက၊ မကြွကို စမ်းသပ်ရမှာ၊ သတင်းထောက်တွေဆီ သတင်းထုတ်ပြရမှာ မဟုတ်ဘူး။' ၂ဝ၁၂ ခုနှစ် သြဂုတ်လ (၂၈) ရက်နေ့မှာ ဘိုလီးဗီးယန်းတာဝန်ရှိသူများက ယူရေနီယမ် ဒါမှမဟုတ် ရေဒီယိုသတ္တိကြွဓာတ်သတ္တုတွေလို့ ယူဆရတဲ့ သတ္တု( ၂) တန်ကို ဖမ်းဆီးရရှိခဲ့ပါတယ်။ ရေဒီယိုသတ္တြွိကပစ္စည်းများဖြစ်နိုင်တယ်ဆိုတဲ့ သံသယကတော့ ရှင်းရှင်းလင်းလင်း မရှိခဲ့ပါဘူး။
ဘရာဇီး၊ (၁၃)နှစ်သမီးက ဖေ့(စ်)ဘွတ်(ခ်)ပေါ်တွင် ကျောင်းမှ ပြဿနာများကို ထုတ်ဖော်
ဘရာဇီးနိုင်ငံ ဆန်တာ ကာတာရီနာမြို့က (၁၃)နှစ်သမီး အီဆာဒိုရာ ဖေဘာဖန်တီးထားတဲ့ ဒီယာရီအို ဒယ် ကလယ်စီ [pt]လို့ခေါ်တဲ့ ဖေ့(စ်)ဘွတ်(ခ်)စာမျက်နှာက ကြိုက်သူပေါင်း (၁၇၆၀၀၀) ရရှိသွားပါပြီ။ အစိုးရကျောင်းတွေရဲ့ အမှန်တရားကို ထုတ်ပြဖို့ ရည်ရွယ်ပြီး အီဆာဒိုရာက သူ့ကျောင်းမှာ ပြင်ဖို့လိုတဲ့ နေရာတွေနဲ့ တခြားအထွေထွေပြဿနာတွေအကြောင်း သတင်းပို့ခဲ့ပါတယ်။
ကျူးဘား၊ ငှက်ဖျားကို ရင်ဆိုင်ခြင်း
“ငှက်ဖျားရောဂါက ကျွန်တော်တို့နိုင်ငံမှာတော့ ဘ၀ရဲ့ အချက်အလက်တစ်ခု ဖြစ်နေပါပြီ”လို့ အပ်ရဲ့မျက်လုံးမှတစ်ဆင့် (ဘလော့(ဂ်)) က ရှင်းပြထားပါတယ်။
အဆဲန့်(ချ်) နိုင်ငံရေးခိုလှုံမှုအတွက် အီကွေဒေါ၏ တုံ့ပြန်မှု
"နိုင်ငံထဲမှာကျ မရှိတဲ့ လွတ်လပ်စွာဖော်ပြခွင့်အကြောင်းကို သူတို့အရမ်းပြောနေကြတယ်။" အီကွေဒေါလူမျိုး နက်တီဇင်တစ်ယောက်က ဝီကီလိ(ခ်)တည်ထောင်သူကို အစိုးရက နိုင်ငံရေးခိုလှုံခွင့်ပေးလိုက်တာနဲ့ ပတ်သက်ပြီး ဝေဖန်ထားပါတယ်။ တချို့တွေကတော့ ဒီထူးခြားတဲ့လှုပ်ရှားမှုအတွက် ပျော်ပွဲဆင်နွှဲနေကြပါတယ်။
မက္ကစီကို: ငြိမ်းချမ်းရေးအတွက် ပန်းထိုးခြင်း
ဂွာဒလာဂျာရာ၊ မွန်တယ်ရီနဲ့ မက္ကစီကိုစီးတီးအစရှိတဲ့ မြို့တွေမှာ အသက်အရွယ်မရွေး ယောက်ျား၊ မိန်းမတွေက အဖြူရောင်လက်ကိုင်ပဝါတွေမှာ မက္ကစီကို မူးယစ်စစ်ပွဲရဲ့ သားကောင်တွေနာမည်ကို ပန်းချည်ထိုးဖို့ စုရုံးခဲ့ကြပါတယ်။