သတင်းဆောင်းပါးများ ဘရာဇီး
သတင်းတုတွေက ဘရာဇီး၏ လက်ျာစွန်းရောက် သမ္မတ Jair Bolsonaro ကို အနိုင်ရအောင် လုပ်ပေးလိုက်လေလား
Facebook နှင့် WhatsApp ပေါ်တွင် တိုးသမျှ တိုးပွားနေသာ သတင်းတုများ၏ အကျိုးပေးမှုများကြောင့် လက်ျာစွန်းရောက် PSL ပါတီကိုယ်စားလှယ်လောင်း Jair Bolsonaro သည် မဲအများဆုံးရ ခေါင်းဆောင်ဖြစ် အနိုင်ရရှိခဲ့သည်။
ဘရာဇီး၊ ဆင်ခြေဖုံးဒေသများတွင် လူထုအခြေပြု သတင်းအချက်အလက်များ အားကောင်း
ခုတလောမှာ ဆော်ပိုလို ဆင်ခြေဖုံးဒေသတွေမှာ မွှေနှောက်ဖျက်ဆီးတဲ့ မီးလောင်မှုတွေဖြစ်ပွားပြီး[Pt] မြေရာဈေးနှုန်းတွေက မိုးထိမြင့်တက်နေတဲ့အချိန်မှာ လူထောင်ပေါင်းများစွာ အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ပါတယ်။ နောက်ဆုံးမီးလောင်မှု[en]ပြီးတဲ့နောက်မှာတော့ လူ၁၁၀၀ကျော်က အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ပါတယ်။ ဆော်ပိုလိုဒေသခံတချို့က အချက်အလက်တွေကို လူထုအခြေပြုစုဆောင်းဖို့ နဲ့ လွန်ခဲ့တဲ့ရှစ်နှစ်က အဖြစ်အပျက်အခြေအနေတွေကို ခွဲခြမ်းစိတ်ဖြာလေ့လာဖို့ အများပိုင် စာရင်းဇယားတစ်ခုကို အသုံးပြုနေကြပါတယ်။
ဘရာဇီး၊ (၁၃)နှစ်သမီးက ဖေ့(စ်)ဘွတ်(ခ်)ပေါ်တွင် ကျောင်းမှ ပြဿနာများကို ထုတ်ဖော်
ဘရာဇီးနိုင်ငံ ဆန်တာ ကာတာရီနာမြို့က (၁၃)နှစ်သမီး အီဆာဒိုရာ ဖေဘာဖန်တီးထားတဲ့ ဒီယာရီအို ဒယ် ကလယ်စီ [pt]လို့ခေါ်တဲ့ ဖေ့(စ်)ဘွတ်(ခ်)စာမျက်နှာက ကြိုက်သူပေါင်း (၁၇၆၀၀၀) ရရှိသွားပါပြီ။ အစိုးရကျောင်းတွေရဲ့ အမှန်တရားကို ထုတ်ပြဖို့ ရည်ရွယ်ပြီး အီဆာဒိုရာက သူ့ကျောင်းမှာ ပြင်ဖို့လိုတဲ့ နေရာတွေနဲ့ တခြားအထွေထွေပြဿနာတွေအကြောင်း သတင်းပို့ခဲ့ပါတယ်။