အပေါ်မှ ဘာသာစကားများကို သင်တွေ့ပါသလား။ ကျွန်ုပ်တို့သည် ကမ္ဘာ့အသံမှ သတင်းဆောင်းပါးများကို ဘာသာပြန်ခြင်းဖြင့် ကမ္ဘာ့ ပြည်သူသတင်း မီဒီယာကို လူတိုင်း လက်လှမ်းမှီနိုင်အောင် ပြုလုပ်ပါသည်။

ဆက်လက် လေ့လာရန် လင်ဂွါ ဘာသာပြန် စီမံကိန်း  »

သတင်းဆောင်းပါးများ အရှေ့အာရှ from အောက်တိုဘာ, 2012

ဟောင်​ကောင်၊ ခွေး​များ​နဲ့ နှံ​ကောင်​များ တိုက်ခိုက်​မှု

ဟောင်ကောင်လူမျိုးတချို့က တရုတ်ပြည်မကလူတွေကို နှံကောင်လို့ တံဆိပ်ကပ်တာကို တုံ့ပြန်တဲ့အနေနဲ့ ဟောင်ကောင်မှာရှိတဲ့ တရုတ်ပြည်မက ကျောင်းသားတစ်ယောက်က ဟောင်ကောင်နေဒေသခံတွေကို “ခွေးတွေ”လို့ ခေါ်လိုက်ပါတယ်။ နိုင်ငံရေးအရမမှန်ကန်တဲ့ ဟောင်ကောင်ကန်တုံ အဘိဓာန်ဆိုတဲ့ ဝက်ဘ်ဆိုက်က ဒီအငြင်းပွားမှုကို ဘာသာပြန်ထား[en]ပါတယ်။

တရုတ်၊ မို​ယန်း​က တရုတ်​အစိုးရ​ရဲ့ ရုပ်သေး​ရုပ်​လား

မိုက လျိုရှောင်ပို ဒါမှမဟုတ် ဗာကလဗ် ဟေဗယ်(လ်)တို့ရဲ့ ပုံစံကနေ ကွဲထွက်တာမျိုးတော့ မဟုတ်ဘူး၊ ဒါပေမဲ့ သူရဲ့အလုပ်တွေက အာဏာနဲ့ အုပ်စိုးမှုပိုင်ရဲ့ အကျင့်ပျက်မှုတွေ၊ ရက်စက်မှုတွေနဲ့ မိုက်မဲမှုတွေကိုပဲ ထင်ဟပ်ပြထားတယ်။ Rectified.nameက ဘရန်ဒန် အိုကိန်းက ၂၀၁၂ စာပေနိုဘယ်(လ်)ဆုရတဲ့ မိုယန်းက ဘာဖြစ်လို့ တရုတ်အစိုးရရဲ့ ရုပ်သေးမဟုတ်နိုင်ကြောင်းကို...

တရုတ်၊ ဒေသ​ဖြတ်ကျော် ဆင်​ဆာ စည်း​မျဉ်းအသစ်

တို့ဟူးဝန်ကြီးဌာန (ဝက်(ဘ်)ဆိုက်)က ကျင်းကောင်က ဖူကျန့်အစိုးရအရာရှိ လာဘ်စားတာကို ဖော်ပြတဲ့ သတင်းဆောင်းပါတစ်ခု ထုတ်ဝေခွင့်ကို ပိတ်ပင်ဖို့အတွက် ဖူကျန့်အစိုးရက သူ့ရဲ့မသန့်ရှင်းတဲ့လက်တွေကို ယူနန်အစိုးရဆီ လက်ဆင့်ကမ်းလိုက်ပုံကို ရှင်းပြ[en]ထားပါတယ်။

ကမ္ဘောဒီးယား၊ ကောက်ကျစ်​သော ခမာ​အာဏာ​ရှင်​လက်အောက်​မှ ဘဝ

ကျွန်တော်က ၁၉၇⁠၇ခုနှစ်မှာ မွေးတာ။ အမေကပြောဖူးတယ်၊ ကျွန်တော့်အတွက် အစားအစာရှာရဖွေရတာ အရမ်းဒုက္ခရောက်တယ်ဆိုပြီးတော့။ သူတို့တွေက လူတွေကို လယ်ကွင်းတွေထဲမှာ အလုပ်လုပ်ဖို့ အတင်းခိုင်းပြီး ဆန်ပြုတ်တစ်ပန်းကန်ကလွဲပြီး တခြားဘာမှ စားခွင့်မပေးဘူးလေ။ ပို(လ်)ပေါ့ရဲ့ လက်ထက်ပေါ့။

ဂျပန်၊ ဂျပန်-ကိုး​ရီး​ယား အနာဂတ်​ဆက်ဆံ​ရေး​ကို အခ​မဲ့​ပွေ့ဖက်​ခြင်း​များ​ဖြင့် ပုံဖော်​ကြည့်​ခြင်း

ကို​ရီး​ယား​မှာ ဂျပန်​လူ​ငယ်​တစ်​ဦး​က ရိုက်​ခဲ့​တဲ့ "အခ​မဲ့​ပွေ့ဖက်​ခြင်း" ဗီ​ဒီ​ယို​တစ်​ခု​က ဒီ​နွေရာသီ​မှာ စိတ်ဝင်စား​စရာ​တစ်​ခု ဖြစ်လာ​ပြန်​ပါ​တယ်။ ဖန်တီး​တဲ့​လူ​ရဲ့ ရည်​ရွယ်​ရင်း​ကတော့ "ဂျပန်​နဲ့ တောင်​ကို​ရီး​ယား​အတွက် အနာ​ဂတ်မျှော်​လင့်​ချက်​ရှိ​တယ်​ဆို​တာ သက်သေ​ထူ​ဖို့"ပဲ ဖြစ်​ပါ​တယ်။ နေ့​တိုင်း သ​တင်း​ဌာန​တွေ​က တင်ပြ​နေ​တဲ့ နိုင်ငံ​နှစ်​ခု​ကြား​က ဆိုးရွား​လာ​နေ​တဲ့ နိုင်ငံ​တကာ ဆက်ဆံ​ရေး​က နောက်​ပိုင်း​မှာ ငြင်း​ခုန်​စရာ​ဖြစ်လာ​နေ​ပါ​တယ်။