အပေါ်မှ ဘာသာစကားများကို သင်တွေ့ပါသလား။ ကျွန်ုပ်တို့သည် ကမ္ဘာ့အသံမှ သတင်းဆောင်းပါးများကို ဘာသာပြန်ခြင်းဖြင့် ကမ္ဘာ့ ပြည်သူသတင်း မီဒီယာကို လူတိုင်း လက်လှမ်းမှီနိုင်အောင် ပြုလုပ်ပါသည်။

ဆက်လက် လေ့လာရန် လင်ဂွါ ဘာသာပြန် စီမံကိန်း  »

သတင်းဆောင်းပါးများ from သတင်းတိုများ

ပီ​ရူး၊ အို​တူ​ဇ​ကို​အတွက် အကူ​ညီ​ပေး​ရန် လူ​ငယ်​များ စုစည်း

ကမ္ဘာ့အသံရဲ့ ပါဝင်ပံ့ပိုးသူတစ်ဦးဖြစ်တဲ့ ဂယ်ဘီရီလာ ဂါစီယာ ကယ်(လ်)ဒရွန်က သူတူတော်သူက ပီရူးနိုင်ငံမြောက်ပိုင်း အိုတူဇကိုဒေသမှာရှိတဲ့ လူအစုအဝေးသုံးခုကို အကူအညီတွေယူသွားပေးဖို့ စတင်တဲ့ လှုပ်ရှားမှုအကြောင်းကို ဘလော့(ဂ်)ရေးထား[es]ပါတယ်။ ဒီတခုတ်တရမှတ်သားသင်တဲ့ စတင်လှုပ်ရှားမှုမှာ စေတနာ့ဝန်ထမ်းအနေနဲ့ပါဝင်နေတဲ့ လူငယ်အုပ်စုလေးက ဘယ်ထောက်ပံ့မျိုးမှ မပါဘဲ သူတို့ဘာသာလှုပ်ရှားနေတဲ့အကြောင်းကိုလည်း ထောက်ပြခဲ့ပါတယ်။

ဘ​ရာ​ဇီး၊ ဆင်ခြေဖုံး​ဒေသ​များ​တွင် လူထု​အခြေ​ပြု သ​တင်း​အချက်အလက်​များ အား​ကောင်း

ခုတလောမှာ ဆော်ပိုလို ဆင်ခြေဖုံးဒေသတွေမှာ မွှေနှောက်ဖျက်ဆီးတဲ့ မီးလောင်မှုတွေဖြစ်ပွားပြီး[Pt] မြေရာဈေးနှုန်းတွေက မိုးထိမြင့်တက်နေတဲ့အချိန်မှာ လူထောင်ပေါင်းများစွာ အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ပါတယ်။ နောက်ဆုံးမီးလောင်မှု[en]ပြီးတဲ့နောက်မှာတော့ လူ၁⁠၁၀၀ကျော်က အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ပါတယ်။ ဆော်ပိုလိုဒေသခံတချို့က အချက်အလက်တွေကို လူထုအခြေပြုစုဆောင်းဖို့ နဲ့ လွန်ခဲ့တဲ့ရှစ်နှစ်က အဖြစ်အပျက်အခြေအနေတွေကို ခွဲခြမ်းစိတ်ဖြာလေ့လာဖို့ အများပိုင် စာရင်းဇယားတစ်ခုကို အသုံးပြုနေကြပါတယ်။

မလေးရှား၊ အမျိုးသမီး​အလုပ်​သမား​များ​အား ခွဲ​ခြား​ဆက်ဆံ​မှု

မလေးရှားမှာ လူတိုင်းအတွက် ညီမျှပြီးတော့ လိင်အစရှိတာတွေပေါ်အခြေခံတဲ့ ခွဲခြားဆက်ဆံမှုတွေ မရှိဖို့ အာမခံမှုကို ကျွန်တော်တို့ လိုချင်ပါတယ်။ အစိုးရနဲ့ ပုဂ္ဂလိကလုပ်ငန်း နှစ်မျိုးလုံးမှာ အလုပ်သမားတိုင်းက ကျေနပ်ခံစားနိုင်မယ့် အာမခံမှုမျိုး ဖြစ်ရပါမယ်။

ဘလော့(ဂ်)ရေးသူ ချားလ်(စ်) ဟက်တာရဲ့အဆိုအရ မလေးရှားမှာ လိင်ခွဲခြားဆက်ဆံတာက[en] ရှိနေပါသေးတယ်။

မြန်မာ၊ သ​ဘာ​ဝ​ဘေး​အန္တရာယ်​များ​ကြောင့် အာမခံ​ဝယ်​ယူ​သူ​များပြား

တခြားနိုင်ငံတွေနဲ့ ယှဉ်ရင် အရမ်းနည်းနေသေးပေမဲ့လည်း မြန်မာပြည်မှာ သဘာဝဘေးအန္တရာယ်တွေကြောင့် အာမခံဝယ်ယူသူတွေများလာတဲ့အကြောင်းကို ကိုကိုအောင်က ဘလော့(ဂ်)ရေးသားထားပါတယ်။

တာ​ဂျစ်​ကစ္စ​တန်၊ တက္ကသိုလ်​များ​မှ လာဘ်​စား​ခြင်း​နှင့် နက်(ခ်)တိုင်​များ

အခုတော့ ကျောင်းသားတွေက တက္ကသိုလ်ဝင်ခွင့်ရဖို့ လာဘ်တွေပေးပြီး ဒီပလိုမာ ရရုံလေးပဲ စာသင်တယ်၊ ဒါပေမဲ့ စာသင်ခန်းတွေထဲမှာတော့ နက်(ခ်)တိုင်တွေကို ပျော်ပျော်ကြီး ဝတ်နေကြပါတယ်။

တယ်မူအာ မင်ဂလိ(ဗ်)က ဒီနှစ်ပိုင်းတွေမှာ တာဂျစ်ကစ္စတန် ကောလိပ်နဲ့ တက္ကသိုလ်တွေမှာ နေရာဝင်ယူလာတဲ့ အပြောင်းအလဲတွေအကြောင်းကို အနှစ်ချုပ်ပြ[ru]ထားပါတယ်။

ထိုင်း၊ မယ်ဝန်ဆည်ကို ရပ်တန့်ရေး တောင်းဆိုလှုပ်ရှားမှု

ဒီရူးနှမ်းတဲ့ ဆည်စီမံကိန်းကို ရပ်ပေးပြီး မယ်ဝန်အမျိုးသားဥယျာဉ်က တန်ဖိုးရှိတဲ့ ကျားမျိုးနွယ်တွေကို ထိန်းသိမ်းပေးပါ။

ဒီအဆိုတင်သွင်းချက်ကတော့ မျိုးတုံးတော့မယ့် ကျားမျိုးနွယ်တွေကို ကာကွယ်ဖို့အတွက် မယ်ဝန်ဆည်စီမံကိန်းကို ရပ်ဖို့အတွက် ထိုင်းအစိုးရကို တောင်းဆိုတဲ့ လှုပ်ရှားမှုကပဲ ဖြစ်ပါတယ်။

ဘရာဇီး၊ (၁၃)နှစ်သမီးက ဖေ့(စ်)ဘွတ်(ခ်)ပေါ်တွင် ကျောင်းမှ ပြဿနာများကို ထုတ်ဖော်

ဘရာဇီးနိုင်ငံ ဆန်တာ ကာတာရီနာမြို့က (၁၃)နှစ်သမီး အီဆာဒိုရာ ဖေဘာဖန်တီးထားတဲ့ ဒီယာရီအို ဒယ် ကလယ်စီ [pt]လို့ခေါ်တဲ့ ဖေ့(စ်)ဘွတ်(ခ်)စာမျက်နှာက ကြိုက်သူပေါင်း (၁၇၆၀၀၀) ရရှိသွားပါပြီ။ အစိုးရကျောင်းတွေရဲ့ အမှန်တရားကို ထုတ်ပြဖို့ ရည်ရွယ်ပြီး အီဆာဒိုရာက သူ့ကျောင်းမှာ ပြင်ဖို့လိုတဲ့ နေရာတွေနဲ့ တခြားအထွေထွေပြဿနာတွေအကြောင်း သတင်းပို့ခဲ့ပါတယ်။

ဖိလစ်ပိုင်၊ ပလပ်စတစ်မသုံးရ နေရာပြ မြေပုံ

ဂူဂဲ(လ်)မြေပုံစာမျက်နှာတစ်ခုက စီးပွားရေးလုပ်ငန်းတွေမှာ ပလပ်စတစ်အသုံးပြုတာကို တားမြစ်ထားတဲ့ ဖိလစ်ပိုင်နိုင်ငံထဲက မြို့တွေနဲ့ မြို့နယ်တွေကို ပြထားပါတယ်။

ထိုင်း၊ မြန်မာ ရွှေ့ပြောင်းအလုပ်သမားများထံမှ မင်္ဂလာဆောင်ကြေး ရဲများတောင်းခံ

ထူးချစ်က ထိုင်းနိုင်ငံမှာရှိတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေဆီကနေ ထိုင်းရဲတွေက တရားမဝင် မင်္ဂလာဆောင်ကြေး ကောက်ခံတဲ့အကြောင်းကို ရေးသွားပါတယ်။

တရုတ်၊ အမေ​ရိ​ကန်​ပြည်ထောင်​စု၊ တရုတ်​နှင့် အမေ​ရိ​က စား​သုံး​သူ​များ​အကြား​မှ ကွက်လပ်

အမျိုးသားလက်ဖက်ရွက် (ဘလော့(ဂ်)အမည်) ရဲ့ ဒေးဗစ် ဝါတိုင်း(မ်) က တရုတ်နဲ့ အမေရိက စားသုံးသူတွေရဲ့ကြားက ကြီးမားတဲ့ ကွာခြားချက်အကြောင်း ပြောပြတဲ့ သတင်းရုပ်ပုံကားတစ်ခုကို ဘာသာပြန်ခဲ့[en]ပါတယ်။

ဟောင်​ကောင်၊ အမျိုးသား​ပညာ​ရေး​က ဘာ​ကြောင့် ကြောက်​ဖို့​ကောင်း​ရသ​လဲ

တရုတ်မီဒီယာစီမံကိန်းက ဟောင်ကောင်တရုတ်တက္ကသိုလ်ရဲ့ အစိုးရနဲ့ပြည်သူ့အုပ်ချုပ်ရေးဋ္ဌာနက ပါမောက္ခ ချိုပိုချွန်းရဲ့ မှတ်တမ်းတစ်ခုကို ဘာသာပြန်ထား[en]ပါတယ်။ တရုတ်အစိုးရကျောင်းတွေရဲ့ “အမျိုးသားပညာရေး”နဲ့ပတ်သက်တဲ့ သူရဲ့ (၁၆)နှစ်စာအတွေ့အကြုံကို ထင်ဟပ်ပြထားတာပါ။

အရှေ့​တီ​မော၊ ခြင်​မ​လာ​ရန်​စီမံ​ထား​သော ဆေး​စိမ်​ခြင်ထောင်

 အရှေ့တီမောမှ ခြင်မလာရန် စီမံထားသော ဆေးစိမ်ခြင်ထောင်။ ဓာတ်ပုံ – @georgedarroch

(more…)

တောင်​ကိုး​ရီး​ယား၊ ဆမ်​ဆောင်း၊ အမျိုးသား​ချန်​ပီ​ယံ​လား၊ လုပ်​ငန်း​မိစ္ဆာ​လား

သေချာတယ်၊ ဆမ်ဆောင်းကို တချို့တွေက အမျိုးသားချန်ပီယံလို့ မြင်ကြလိမ့်မယ်၊ ဒါပေမဲ့ စံပြုလုပ်ငန်းမိစ္ဆာလို့ မြင်မယ့်သူတွေလည်း အများကြီးပဲ၊ နောက်ပြီး အကြောင်းပြချက်မရှိဘဲ အဲလိုမြင်နေတာတော့ မဟုတ်ဘူး[en]

အယ်ပဲ(လ်)နဲ့ ဖြစ်နေတဲ့ မူပိုင်ခွင့်အတွက် တရားရင်ဆိုင်မှုစစ်ပွဲမှာ ဆမ်ဆောင်းကို ထောက်ခံအားပေးသူ တောင်ကိုးရီးယားလူမျိုးတွေရှိနေသေးတယ်ဆိုတာကို ပြတဲ့ စစ်တမ်းတစ်ခုအကြောင်း ရောဘတ် ကိုအယ်ဟလာက သူ့ဘလော့(ဂ်)မှာ ရေးသွားတာပါ[en]။ အဲဒီစာနဲ့ပတ်သက်ပြီး စိတ်ဝင်စားဖို့ကောင်းတဲ့ ဆွေးနွေးမှုတွေကို ဒီမှာကလစ်နှိပ်ပြီး[en] ကြည့်နိုင်ပါတယ်။

တာ​ဂျစ်​ကစ္စတန်၊ ဖေ့(စ်)ဘွတ်(ခ်)ပေါ်​မှ နိုင်ငံ​ခြား​သား​ကြောက်ရွံ့​မှု

(ကျွန်တော်တို့) ခင်ဗျားတို့ရဲ့ လူမှုအသိုင်းအဝိုင်း၊ ပိုပြီးတိတိကျ⁠ကျပြောရရင် အင်တာနက်သုံးခွင့်ရှိပြီး လူမှုကွန်ယက်တွေကို တက်တက်ကြွကြွ အသုံးပြုနေတဲ့ ကျွန်တော်တို့ရဲ့ လူမှုအသိုင်းအဝိုင်းမှာ အခြေအနေမကောင်းတဲ့ မျိုးချစ် ယုံကြည်မှုတွေ ကျယ်ပြန့်ပြီး အားကောင်းလာနေတာကို မြင်⁠မြင်နေရတယ်ဗျာ။

ဘလော့(ဂ်)ရေးသူတစ်ဦးဖြစ်တဲ့ ဟာဆဗွာ တာဂျစ်ကစ္စတန်မှာ အထူးသဖြင့် နိုင်ငံ၏ ဖေ့(စ်)ဘွတ်(ခ်)အသုံးပြုသူများအကြားတွင် မြင့်တက်လာသော နိုင်ငံခြားသားကြောက်ရွံ့မှုကို ချင့်ချိန်ပြခဲ့[ru]သည်။

အီ​ဂျစ်၊ တွစ်​တာ​စာ​တို​ပို့​နေ​သော သမ္မတ

အီဂျစ်လူမျိုး သမ္မတ မိုဟာမက် မော်စီ ဒီနေ့ညမှာ သူ့ရဲ့ဖွင့်ထားပြီးသား အကောင့်ကနေ တရားဝင်[en] တွစ်တာစာတိုပို့ခြင်းကို စတင်လိုက်ပါတယ်။ လိုက်ကြည့်သူပေါင်း ၁၆၂၀၀၀ရထားပြီးဖြစ်တဲ့ အဲဒီအကောင့်ကို တွစ်တာကလည်း ဒီနေ့ပဲ အကောင့်အစစ်အနေနဲ့ သတ်မှတ်ပေးလိုက်ပါတယ်။ သူရဲ့ပထမဆုံး တွစ်တာစာတို[en]ကတော့၊

ပထမဆုံးတွစ်တာစာတိုကို #jan25 (ဇန်၂၅) တော်လှန်ရေးနဲ့ ရဲရင့်တဲ့ #syrians (ဆီးရီးယားလူမျိုးတွေ)အတွက် အထူးပြုချင်တယ်… မိုဟာမက် #Morsi (မော်စီ)

မော်စီက အာရေဗျဘာသာစကားရော အင်္ဂလိပ်စကားပါ နှစ်မျိုးလုံးနဲ့ တွစ်တာစာတိုပို့မယ့်ပုံ ရပါတယ်။

အာဖရိကအတွင်း တရုတ်လက်နက်များ အလွန်အမင်းများပြားနေ

အာဖရိကမှာရှိတဲ့ တရုတ်က ဒီဘိုရာ ဘရောတီဂမ်က အာဖရိကနိုင်ငံတွေကို တင်သွင်းတဲ့ တရုတ်လက်နက်တွေအကြောင်း နောက်ခံအချက်အလက်တွေကို ဖော်ပြသွားပြီးတော့ လက်နက်ရောင်းဝယ်ဖောက်ကားမှုရဲ့ အဓိကအပိုင်းက ပုဂ္ဂလိကနယ်ပယ်ကဖြစ်တယ်လို့ ရှင်းပြသွားပါတယ်။

လူတိုင်းသိတဲ့ လစ်ဗျားကိစ္စမှာ ကျွန်တော်တို့ တွေ့ခဲ့ရသလိုပဲ သူတို့ကိုယ်ပိုင် စာရင်းဇယားတွေနဲ့ တရုတ်ကုမ္ပဏီတွေက “ကမ္ဘာ့အနှံခြေဆန့်”နေပြီးတော့ လက်နက်တင်ပို့ရေး ဆုံးဖြတ်ချက်တွေနဲ့ ရောင်းချရေးတွေကို လုပ်နေပုံပါပဲ။

မော်ရိုကို၊ ရမန်ဒန်တွင် အစားစားသူအား ထောင်ဒဏ်ချမှတ်

ရာဘတ်မြို့မှာရှိတဲ့ တရားရုံးက မူဆလင်တွေရဲ့ ရာမဒန်ဥပုသ်လအတွင်းမှာ လူအများရှေ့ အစာရှောင်ဖို့ ပျက်ကွက်ခဲ့တဲ့အတွက် လူငယ်တစ်ယောက်ကို ထောင်သုံးလချလိုက်ပါတယ်။ “[တစ်ဦးချင်းစီရဲ့ လွတ်လပ်ခွင့်]၊ မဝေးတော့တဲ့ အနာဂတ်မှာ အကာအကွယ်ရဖို့ မျှော်လင့်လို့ မရတဲ့ အခွင့်အရေး” လို့ သတင်းပို့သူ ယာဘီလာဒီ[fr]က ဝမ်းနည်းစွာဆိုပါတယ်။

ယီမင်၊ လုံခြုံသောလမ်းများ လှုပ်ရှားမှု၏ ပထမဆုံး စာအုပ်

ယီမင်လူမျိုးတွေရဲ့ လမ်းပေါ်က အနှောင့်အယှက်တွေကို ဆန့်ကျင်တဲ့ လုံခြုံသောလမ်းများ လှုပ်ရှားမှုက သူတို့ရဲ့ ဖေ့(စ်)ဘွတ်(ခ်)စာမျက်နှာပေါ်မှာ နိုင်ငံတွင်းမှာ လိင်အကြမ်းဖက်နှောင့်ယှက်မှုတွေကို တားဆီးဖို့ စာအုပ်အသစ်တစ်အုပ်ထုတ်တဲ့အကြောင်းကို တင်ထားပါတယ်။

ဟော​လိ​ဝု(ဒ်)​၏ အနာဂတ်​ရန်သူ​များ၊ မြောက်​ကို​ရီး​ယား​နှ​င့် တရုတ်

မြောက်ကိုရီးယား နည်းပညာဘလော့(ဂ်)က “တရုတ်ပြည်ကို သိက္ခာချတဲ့ စစ်အေးတိုက်ပွဲရုပ်ရှင်ကို ပြန်ရိုက်ကူးခြင်း”လို့ တရုတ်မီဒီယာတွေအနေနဲ့ ကြေညာထားတဲ့ ဟောလိဝု(ဒ်)ရုပ်ရှင်ရဲ့ ကြိုထွက်လာတဲ့ ဇာတ်ညွှန်းတွေနဲ့ ဓာတ်ပုံတွေအကြောင်း ရေးသားခဲ့ပါတယ်။

ဘူ​တန်၊ လျှံ​ပယ်​လာ​သော အမျိုးသမီး​တို့၏ ပါရမီ

ဘူတန်ဘလော့(ဂ်)ရဲ့ စာရေးသူများအဖွဲ့က တန်ဇီနီအက်(စ်)တက ဘူတန်မှာရှိတဲ့ အမျိုးသမီးတွေရဲ့ လတ်တလောအောင်မြင်မှုတွေကို အောင်ပွဲခံခဲ့ပါတယ်။ ပထမဆုံးအနေနဲ့ အမျိုးသမီး ဒဇွန်ဒါ (အုပ်ချုပ်သူ)တစ်ယောက်ကို ရွေးကောက်တင်မြှောက်ခဲ့ပြီးတော့ ဘူတန်တရားရုံးချုပ်မှာလည်း အသစ်ခန့်အပ်ထားတဲ့ အမျိုးသမီး တရားသူကြီးတစ်ယောက် ရှိနေပါတယ်။ ဘူတန်ရဲ့ အကျင့်ပျက်ခြစားမှုတိုက်ဖျက်ရေးကော်မရှင်ကို အမျိုးသမီးတစ်ယောက်က ဦးဆောင်နေပါတယ်။ ပြီးတော့ ၂၀၁၂ လန်ဒန်အိုလံပစ်မှာ ဘူတန်ကို ဘယ်သူတွေကိုယ်စားပြုခဲ့လဲ မှန်းကြည့်ပါဦး။ ကိုယ်စားပြုသူအကုန်လုံးက အမျိုးသမီးတွေပဲ ဖြစ်ပါတယ်။